သင့်ကိုတကယ်မချစ်ပဲ လိုက်နေတဲ့၊ ချစ်ခွင့်တောင်းနေတဲ့ သူဆိုတာ သိနိုင်မယ့် အချက် (၅) ချက်

သင့်ကိုတကယ်မချစ်ပဲ လိုက်နေတဲ့၊ ချစ်ခွင့်တောင်းနေတဲ့ သူဆိုတာ သိနိုင်မယ့် အချက် (၅) ချက် google.com

သင့်ကို ချစ်တယ်ဆိုပြီး ထူးဆန်းတဲ့အပြုအမူ၊ အကျင့်တွေရှိတဲ့ ယောကျာ်းတွေကို ကြုံဖူးပါသလား။ ဒါဆိုရင်တော့ ဒါဟာ သာမန်ထူးခြားတယ် ဆိုတာထက် သင့်ကိုတကယ် မချစ်လို့လည်း ဖြစ်နေနိုင်ပါတယ်။

 

 

ဒီတော့ ယောက်ျားတစ်ယောက်က သင့်ကိုတကယ်မချစ်ပဲ လိုက်နေတာလား ဆိုတာကို သိနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

 

() အချိန်အကြာကြီးအဆက်အသွယ်ဖြတ်တယ်

 

သင့်ကိုချစ်ပါတယ်ပြော၊ ဖုန်းတွေဆက်၊ စာတွေပို့ခဲ့ပြီးမှ သင့်ကိုရုတ်တရက်အဆက်အသွယ်ဖြတ်လိုက်တာမျိုး၊ ရုတ်တရက် အေးတိအေးစက်ဖြစ်သွားတာမျိုး၊ ပျောက်သွားပြီး တော်တော်ကြာမှ ပြန်ပေါ်လာတာမျိုးတွေ လုပ်လာမှာပါ။ အဲဒါက သူမအားလို့ အလုပ်ရှုပ်နေလို့ဆိုတာထက် သင်သူ့ကို အမြဲတမ်း သတိရနေစေချင်လို့၊ တသသ ဖြစ်နေစေချင်လို့ ဒီလိုတမင်လုပ်တာဖြစ်ပါတယ်။ အတ္တကြီးတာလို့လည်း ပြောလို့ရပါတယ်။

 

 

() စကားအရင်လာပြောပေမယ့် ဆက်မပြောတော့ဘူး

 

သင့်ကိုလိုင်းပေါ်မှာ စကားတော့အရင်လာပြောတယ် ဒါပေမယ့် သင်ကလည်းပြန်ပြောရော သူ့ဖက်ကဆက်မပြောတော့တာမျိုး၊ စာမပြန်တော့တာမျိုးတွေ လုပ်လာမှာပါ။ ဒါဟာ သင့်ကိုသတိရလွန်းလို့၊ သင့်ကိုပြောချင်ရက်သားနဲ့ ထိန်းချုပ်ထားတာတို့ ဘာတို့ လျှောက်စဉ်းစားမနေပါနဲ့။ သင့်ရင်ထဲကို ကလိကလိဖြစ်အောင် တမင်လာလုပ်သွားတာပါ။ သူ့စိတ်ထဲမှာ သင်တကယ်မရှိပါဘူး။

 

 

() အပြင်ကနေဆက်သွယ်ဖို့မကြိုးစားဘူး

 

သင့်ကိုလိုင်းပေါ်မှာ ကြူတယ်၊ ဖုန်းတွေဆက်တယ်၊ စကားတွေအများကြီးပြောတယ်၊ ချစ်ကြောင်းကြိုက်ကြောင်းတွေ ပြောတတ်ပေမယ့် တကယ်တမ်းအပြင်မှာချိန်းတွေ့ဖို့၊ အတူတူလည်ပတ်ဖို့ လုံးဝပြောမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သင့်ကိုသူက အပျင်းပြေစကားပြောဖို့လောက်ပဲ သဘောထားတာပါ။ လက်တွေ့ဘဝထဲ ခေါ်ရလောက်တဲ့အထိ သူ့အတွက်သင် အရေးမကြီးပါဘူး။

 

 

() တခြားကောင်လေးတွေနဲ့သင်နဲ့ကြားကို အဖျက်သမားလုပ်တယ်

 

သူဟာသင့်ကို သိပ်ပြီးတော့လည်း ဂရုမစိုက်ဘူး၊ အသည်းအသန်လည်း လိုက်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ကိုစိတ်ဝင်စားတဲ့ အခြားကောင်လေးတွေ၊ တခြားသူတွေရှိလာပြီဆိုမှ သင့်ကို အသည်းအသန်ပြန်လိုက်နေမယ့်သူမျိုးပါ။ အကြောင်းကတော့ သူကပြိုင်ဆိုင်ရတာကိုသဘောကျပြီး အပြိုင်အဆိုင်မရှိတဲ့ အချစ်ရေးတစ်ခုဟာ ပျင်းစရာကောင်းတယ်လို့ ခံယူထားသူမို့လို့ပါ။ သူများတွေလိုချင်နေတဲ့ ပစ္စည်းတစ်ခုကို ရအောင်ယူပြ ချင်တဲ့သဘောပေါ့။

 

 

() သာလွန်ကောင်းမွန်တဲ့ အချစ်ရေးမျိုးကိုရှာတယ်

 

သူဟာ သင့်ကိုချစ်တယ်ဆိုတာထက် သင့်ရဲ့ မိသားစုနောက်ခံ၊ ပညာရေး၊ ငွေကြေးချမ်းသာမှုတွေကို ပိုပြီး ကြိုက်တဲ့သူပါ။ သူ့ဆီကနေ သင့်ကိုချစ်တယ်ဆိုတဲ့စကားထက်၊ သင့်ကိုနှစ်သက်တယ်၊ သင့်အလုပ်အကိုင်ကို သဘောကျတယ်၊ သင်နဲ့သူနဲ့သာလက်တွဲလိုက်ရင် အရမ်းအတွဲညီမယ်ဆိုတာမျိုးပဲ ကြားရမှာပါ။

 

 

() သူငယ်ချင်းလိုနေတယ်

 

သင်တို့နှစ်ယောက်တည်း စကားပြောတုန်းကတော့ သူဟာ သင့်ကို အသည်းအသန်တွေချစ်ပြ၊ ကြွေပြနေပေမယ့် တကယ်တမ်း အပြင်သွားတဲ့အခါ၊ လူရှေ့ရောက်တဲ့အခါတွေမှာ သူငယ်ချင်းအထာဖမ်းနေတတ်တဲ့သူပါ။ ဒါကလည်း ရှင်းပါတယ်။ သင့်ကိုသူ့ချစ်သူလို့ထင်သွားမှာ အရမ်းစိုးရိမ်လို့ပါပဲ။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:40
Rate this item
(1 Vote)