ချစ်သူနှစ်ယောက်ကြားကအချစ်တွေ ရပ်တန့်ပျက်စီးမသွားစေချင်ရင် လိုက်နာရမယ့်အချက် (၅) ချက်

ချစ်သူနှစ်ယောက်ကြားကအချစ်တွေ ရပ်တန့်ပျက်စီးမသွားစေချင်ရင် လိုက်နာရမယ့်အချက် (၅) ချက် google.com

အချစ်ရေးတစ်ခု နှစ်တွေအကြာကြီး အဆင်ပြေခိုင်မြဲနေဖို့အတွက် လိုအပ်တဲ့အရာတွေက အများကြီးပါ။ အဲ့ဒီအထဲကမှ ဒီအချက်လေးတွေ မရှိဘူးဆိုရင် သင်ရဲ့အချစ်ရေးက လွယ်လွယ်နဲ့ ပြိုကွဲသွားနိုင်ပါတယ်။

 

() တစ်ယောက်နဲ့တစ်ယောက်ကြား ပွင့်လင်းတဲ့ဆက်ဆံရေး

 

တစ်ယောက်နဲ့တစ်ယောက်ကြား လျှို့ဝှက်ချက်တွေ များလွန်းနေတယ်ဆိုရင် ဒီအချစ်ရေးက ရေရှည်မှာ အဆင်ပြေဖို့ မလွယ်ပါဘူး။ ကိုယ့်ရဲ့ အရာရာကို သူ့ကိုပေးသိဖို့မလိုပေမယ့် နှစ်ယောက်က အထိုက်အလျောက်တော့ ပွင့်လင်းမှုရှိဖို့ လိုပါတယ်။

 

 

() မျှော်လင့်ချက်အနည်းဆုံးအချစ်

 

ကိုယ်ချစ်တဲ့သူအပေါ်မှာ မျှော်လင့်ချက်ထားတတ်တာကတော့ လူတိုင်းပါပဲ။ ဒါပေမယ့် မျှော်လင့်ချက်တွေ များများထားလေ ၊ များများခံစားရလေဖြစ်ပြီး ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါ ချစ်သူကို ငြိုငြင်တဲ့စိတ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မျှော်လင့်ချက်နည်းနိုင်သမျှ နည်းအောင်ထားနိုင်ရင် ပိုကောင်းပါတယ်။ သိပ်ချစ်ကြတာကောင်းပါတယ်၊ ဒါပေမယ့် သိပ်မျှော်လင့်လွန်းရင်တော့ နှစ်ယောက်လုံးကြေကွဲရပါလိမ့်မယ်။

 

 

() အပေးအယူမျှခြင်း

 

တစ်ယောက်ကပဲ အမြဲတမ်းပေးဆပ်ချစ်နေရပြီး နောက်တစ်ယောက်က အမြဲအနိုင်ယူနေမယ်ဆိုရင်တော့ ဒီအချစ်ရေးက ရေရှည်ခိုင်မြဲဖို့ မသေချာပါဘူး။ အရာရာမှာ အပေးအယူမျှတနေမှ အချစ်တွေ ခိုင်မြဲမှာပါ။

 

 

() စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ပေးခြင်း

 

အချစ်မှာ ပျော်ရွှင်ကြည်နူးစရာတွေချည်းပဲ ကြုံရမှာမဟုတ်ပါဘူး။ ဝမ်းနည်းစရာ၊ စိတ်ညစ်စရာကိစ္စတွေကိုလည်း ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ စိတ်ဓာတ်ကျစရာ၊ စိတ်ညစ်စရာ အဖြစ်အပျက်တွေနဲ့ ကြုံလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ဖေးမပြီး စိတ်အင်အားရှိလာအောင် အထောက်အပံ့ပေးနိုင်တာမျိုးကလည်း လိုအပ်တဲ့ အချက်တစ်ခုပါ။ ပျော်ရွှင်စရာ အချိန်တွေကို အတူတူဖြတ်သန်းတာထက် ဒုက္ခရောက်တဲ့အချိန် ဘေးမှာရှိနေပေးတာက အချစ်တွေကို ရေရှည်ခိုင်မြဲစေနိုင်ပါတယ်။

 

 

() အရှိအတိုင်းလက်ခံခြင်း

 

လူတိုင်းကတော့ အကောင်းဆုံး၊ အပြည့်စုံဆုံးဆိုတာတွေကို လိုချင်ကြတာချည်းပါပဲ။ ပြီးတော့ ကိုယ့်ချစ်သူကိုလည်း အကောင်းဆုံး၊ အတော်ဆုံး၊ အချောဆုံးသူမျိုးဖြစ်စေချင်ပါတယ်။ ဒါပေမယ့် အချစ်ဆိုတာက ပြီးပြည့်စုံမှုကြောင့် ဖြစ်ပေါ်လာတာမဟုတ်ဘဲ သူ့ရဲ့ပင်ကိုယ်ဖြစ်တည်မှုကို လက်ခံတာမျိုးဆို ပိုကောင်းပါတယ်။ ချစ်သူကို ကိုယ်လိုချင်တဲ့ ပုံစံရအောင် ပြုပြင်ဖို့ ကြိုးစားလွန်းရင်လည်း သင်တို့ရဲ့အချစ်ရေး ပျက်စီးသွားနိုင်ပါတယ်။

 

 

Credit;Aunty May

Read times Last modified on Thursday, 11 October 2018 11:32
Rate this item
(1 Vote)