ကောင်မလေးတွေ မကြိုက် ချင်တဲ့  ယောင်္ကျား (၇)မျိုး

ကောင်မလေးတွေ မကြိုက် ချင်တဲ့  ယောင်္ကျား (၇)မျိုး google

နှလုံးလမ်းကြောင်းမှာ ကျွန်းပါသလားလို့တောင် ကိုယ့်ကိုယ်ကို တွေးမိတဲ့အထိ အငြင်းခံရတဲ့ FA ဘဝဟာ တော်တော်ဆိုးပါတယ်။ ဒါပေမယ့်

ဘာလို့ ဒီလို ငြင်းရသလဲဆိုတာ အဖြေရှာဖို့သင့်ပါတယ်။ မိန်းကလေးတွေဟာ ယောကျာင်္းလေးတွေကို Date မလုပ်ချင်တဲ့ အကြောင်းအမျိုးမျိုးရှိပေမယ့် တကယ်အရေးကြီးတဲ့ အကြောင်းပြချက်က ၇ မျိုးပဲ ရှိပါတယ်။

 

အလုပ်ပြီးအလုပ် လုပ်နေတဲ့သူ

 

အလုပ်အကြောင်းက ဘဝဖြစ်နေတဲ့ သူတွေကို မိန်းကလေးတွေက စိတ်ဝင်စားရင်တောင် မတွဲချင်ကြပါဘူး။ အမျိုးသမီးသဘာဝမှာ အားကိုးရှာခြင်းဟာ အဓိပ္ပါယ်နှစ်မျိုး ထွက်ပါတယ်။ တစ်ခုက ငွေကြေး ၊ ဘဝလုံခြုံမှုအတွက် အားကိုးခြင်းမျိုး ဖြစ်ပြီး နောက်တစ်မျိုးကတော့ စိတ်ပိုင်းအရ အားကိုးအားထားပြုလိုခြင်း ဖြစ်ပါတယ်။ ပိုက်ဆံရှိပြီး ကိုယ့်အပေါ်အချိန်မပေးနိုင်သူ ၊ ကိုယ့်စိတ်အဆင်မပြေဖြစ်နေချိန်မှာ အချိန်ယူပြီး အားပေးစကားမပြောတတ်တဲ့သူ ၊ တစ်ပတ်လုံးလုံး ကိုယ့်အနား မကပ်နိုင်ဘဲ အလုပ်ပြီး အလုပ်ပဲ လုပ်တတ်သူကိုတော့ ဘယ်မိန်းကလေးမှ လက်တွဲချင်မှာ မဟုတ်ပါဘူး။

 

တောက်တဲ့ကပ်သလို အနားက မခွာသူ

 

အပေါ်က အချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အမှန်တရားတစ်ခုပါ။ မိန်းကလေးတွေဟာ ဂရုစိုက်တာ ခံချင်ပေမယ့် ကိုယ့်အနားမှာ မခွာဘဲ ကပ်ချွဲတဲ့သူကိုတော့ စိတ်ကုန်တတ်ပါတယ်။ အထူးသဖြင့် ယောကျာင်္းပီသတဲ့သူကို ကြိုက်တတ်တဲ့ မိန်းကလေးတွေက ဒီလို ကိုကပ်ချွဲတွေကို ဝေးဝေးက ရှောင်ပါတယ်။

 

အိမ်ကို မလွန်ဆန်ရဲသူ


မိသားစုရဲ့ သြဇာကို မလွန်ဆန်နိုင်တဲ့ ယောကျာင်္းမျိုးဟာ မိန်းကလေးတွေရဲ့အမြင်မှာ စိတ်ပျက်စရာ ဖြစ်နေပါတယ်။ အပြင်သွားဖို့ ချိန်းတိုင်း အမေ ၊ အဖေကို ခွင့်တောင်းနေရတဲ့သူကို ဘယ်ကောင်မလေးကမှ အားကိုးယုံကြည်ချင်မှာ မဟုတ်ပါဘူး။ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်ကိုးစားမှု ရှိတဲ့ အမျိုးသားတွေကို ပိုပြီးသဘောကျတတ်ပါတယ်။

 


နည်းနည်းလောက်မှ မသောက်ရရင် ဘာမှ မလုပ်တတ်တဲ့သူ


အရက်ကလေးဝင်မှ သတ္တိကောင်းတဲ့သူမျိုးဟာ မိန်းကလေးတစ်ယောက်အတွက် စိတ်ချရတဲ့ ချစ်သူမဖြစ်နိုင်ပါဘူး။ အရက်သောက်မှ ခံစားချက်တွေ ဖွင့်တတ်တဲ့သူမျိုးကိုလည်း ဘယ်မိန်းကလေးမှ လိုချင်မှာ မဟုတ်ပါဘူး။ ယောကျာင်္းလေးမို့ တစ်ခါတစ်လေ သောက်တာ စားတာကို မိန်းကလေးတော်တော်များများက လက်ခံထားပေမယ့် အရက်သောက်မှ ဖြစ်မယ်ဆိုတဲ့ လူကိုတော့ ရှောင်ကြပါတယ်။

 

ကပ်စေနည်းတဲ့သူ


ချိန်းတွေ့ဖို့အတွက် ဈေးပေါပေါ လမ်းဘေးဆိုင်ကို ရွေးထိုင်တာဟာ Impression ကျပါတယ်။ နောက်တစ်ခုက ပိုက်ဆံရှင်းချိန်မှာ လက်တွန့်တဲ့သူမျိုးဟာ ရည်းစားရဖို့ခက်ပါတယ်။

 

 

အဆိုးမြင်လွန်းသူ

 

တစ်ခုခု တွေ့လိုက်ကြုံလိုက်တိုင်း အဆဲကလေးနဲ့ Comment ပေးတတ်သူ ၊ နေ့တိုင်း စိတ်ညစ်စရာတွေပဲ သယ်လာတတ်သူမျိုးကို ဘယ်သူမှ မတွဲချင်ကြပါဘူး။ အရာရာတိုင်းကို  အကောင်းမြင်ဖို့ မလိုပေမယ့် အဖြစ်မှန်ကို အသင့်အတင့် နှလုံးသွင်းနေတတ်သူဟာ စိတ်လည်း အေးချမ်းသလို လူချစ်လူခင်လည်း များပါတယ်။

 


ရည်မှန်းချက် မရှိတဲ့သူ


ရှေ့ရေးအတွက် ဘာမှ လုပ်မထားတဲ့သူ ၊ အတတ်ပညာတစ်ခုခုကိုလည်း တတ်မြောက်မထားဘဲ ဘဝကို ဖြစ်သလို ဖြတ်သန်းနေတဲ့သူဟာ မိန်းကလေးတွေ ခေါင်းခါတတ်တဲ့ လူထဲမှာ ပါပါတယ်။

 

 

 Myanmar Wedding Guide

Read 366 times
Rate this item
(0 votes)
Tagged under