ကိုယ့်အနားမှာရှိတုန်းဂရုစိုက်ပါ

ကိုယ့်အနားမှာရှိတုန်းဂရုစိုက်ပါ google.com

မိန်းကလေးတစ်ယောက် ပြောင်းလဲသွားမှသစ္စာမရှိဘူးဆိုတဲ့စကားကြုံရာလူနဲ့လက်ဆောင်မပါးပါနဲ့အနားမှာရှိတုန်းဂရုစိုက်ပါ ။

 

ယောက်ျားလေးတစ်ယောက်ကလိမ်ပြောရင် မိန်းကလေးတစ်ယောက်ကချစ်တဲ့စိတ်နဲ့ခွင့်လွှတ်ပေးတတ် ကြတယ် ။ ဒါပေမယ့် မိန်းကလေး တစ်ယောက်ကလိမ်ခဲ့ရင်ယောက်ျားတစ်ယောက်က အလွယ်တကူ စွန့်လွှတ်တတ်ကြတယ် ။

 

မိန်းကလေးတွေလိုချင်တာငွေကြေးချမ်းသာမှုမဟုတ်ပါဘူး ။ သူတို့ဘဝကိုနားလည်ပေးနိုင်သူရယ် ၊ လုံခြုံမှုပေးနိုင်သူရယ်ပါ ။

 

မိန်းကလေးတွေကချစ်တယ်လို့ ပြောပြီးရင်အဆုံးစွန်ထိနားလည်ပေးဖို့ ပြင်ဆင်ထားကြသူတွေပါ ။

 

ရည်းစားများတယ်ဆိုတဲ့ ဂုဏ်ပုဒ်ဘယ်မိန်းကလေးကမှမနှစ်သက်ပါဘူး ။ ကိုယ့်ချစ်သူကကိုယ့်တစ်ယောက်ထဲကိုသာသစ္စာရှိရှိနဲ့ဂရုတစိုက်ချစ်ရင်အရာရာကို ပေးဆပ်ဖို့ဝန်မလေးတတ်တာ မိန်းကလေးတွေပါ ။

 

မိန်းကလေးဆိုတာအလိုလိုနေရင်း အားငယ်တတ်သူပါ ။ အဆင်မပြေချိန် စိတ်အားငယ်ရချိန်တွေမှာသူတို့ ရင်ဖွင့်ချင်တာသူတို့ငိုကြွေးချင်တာချစ်သူရဲ့ရင်ခွင်မှာပါ ။

 

ဒါပေမယ့် ယောက်ျားလေးအများစုကချစ်တယ်လို့ပြောပြီးရင် ပြီးသွားပြီ တော်ရုံဂရုမစိုက်တတ်ကြဘူး ၊ စိတ်မရှည်တတ်ကြဘူး ။ မအားဘူးဆိုတဲ့ စကားကသူတို့ရဲ့ဆောင်ပုဒ်ပါပဲ ။

 

ဂရုစိုက်မှု မရှိရင်အချစ်က အလကားပါပဲ ။ ချစ်တယ် ပြောပြီး ပြစ်ထားတတ်တာ ယောက်ျားလေးတွေအကျင့်ဆိုရင် သွေးအေးအေးနဲ့တိတ်ဆိတ်စွာလမ်းခွဲတတ်တာ မိန်းကလေးတွေအကျင့်ဆိုတာမမေ့ပါနဲ့ ။

 

ထိရှ ပေါက်ကွဲ လွယ်တဲ့ မိန်းကလေးတွေ အေးစက်ပြီး တည်ငြိမ်သွားရင် သတိထားပါတော့ ...

 

အဲ့လိုမိန်းကလေးတွေက လူမသတ်ဘူး ။ သူတို့ စိတ်ကိုပဲ အသေသတ်ကြတာ ။

 

မိန်းကလေးတစ်ယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူး ဆိုတဲ့စကားကို ကြုံရာလူနဲ့ လက်ဆောင် မပါးပါနဲ့ ။

 

ကိုယ့်ရဲ့ အနားမှာ ရှိတုန်း ဂရုစိုက်ပါ ...

 

 

Credit;love အတိုအစလေးများ

Read times Last modified on Tuesday, 18 September 2018 15:59
Rate this item
(1 Vote)