ရည်းစားမထားတဲ့သူတွေဟာ ဉာဏ်ကြီးရှင်တွေဖြစ်ကြောင်းသက်သေ (၄) ချက်

ရည်းစားမထားတဲ့သူတွေဟာ ဉာဏ်ကြီးရှင်တွေဖြစ်ကြောင်းသက်သေ (၄) ချက်

တစ်ယောက်တည်းနေတာကောင်းလား၊ နှစ်ယောက်အတူ RS ဘဝကပိုကောင်းလားဆိုတာဟာ အမြဲတမ်းလိုလို အငြင်းပွားနေကြတဲ့ကိစ္စဖြစ်ပါတယ်။

 

တကယ်တော့ နှစ်မျိုးလုံးက အားနည်းချက်၊ အားသာချက်တွေကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့် တစ်ယောက်တည်းနေတဲ့သူတွေက ဉာဏ်ကြီးရှင်တွေဖြစ်ကြတယ်ဆိုတာကို Reader’s digest magazine မှာ ဒီလိုအကြောင်းပြချက်တွေနဲ့ ဖော်ပြထားပါတယ်။

 

(၁) လွတ်လပ်မှုကိုကောင်းကောင်းနားလည်သူတွေ

တစ်ယောက်တည်းနေတဲ့သူတွေဟာ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်အတွက် ကိုယ့်ရဲ့လွတ်လပ်မှုကို အထိပါးမခံဘူး။ ကိုယ့်စိတ်တိုင်းကျနေနိုင်တဲ့အခြေအနေ၊ ကိုယ့်စိတ်တိုင်းကျဆုံးဖြတ်နိုင်တဲ့အခြေအနေတစ်ခုကို တန်ဖိုးထားတယ်။ မရေရာတဲ့အချစ်တစ်ခုအတွက် ကိုယ့်ရဲ့လွတ်လပ်ခွင့်နဲ့ အချိန်ကို မစတေးဘူး။ ဒါကို တန်ဖိုးထားရကောင်းမှန်း နားလည်တဲ့သူတွေဖြစ်တယ်။

 

(၂) ကိုယ့်ဘဝကိုကိုယ်စိတ်ကြိုက်စီမံတတ်သူတွေ

ကိုယ်နဲ့သွေးသားမတော်စပ်တဲ့သူတွေ ကိုယ့်ဘဝထဲဝင်လာပြီး ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုပြီး ဝင်စွက်ဖက်တာကို လက်မခံဘူး။ ကိုယ့်ဘဝအတွက် ကိုယ်တိုင်ဆုံးဖြတ်ပြီး ကိုယ့်စိတ်ကြိုက်စီမံတတ်တယ်၊ ဒါဟာ ဉာဏ်ကောင်းတဲ့သူတွေမှလုပ်နိုင်တာမျိုးပါ။

 

(၃) ကိုယ်လိုချင်တာကိုတိတိကျကျသိသူတွေ

တစ်ယောက်တည်းနေတဲ့သူတွေကို တချို့လူတွေက မစွံလို့ဆိုပြီးပြောတတ်ကြပါတယ်။ တကယ်တော့ မစွံလို့မဟုတ်ပါဘူး၊ ကိုယ်လိုချင်တာကိုသေချာသိတာပါ။ ကိုယ်လိုချင်တဲ့ပုံစံကိုသေချာသိတော့ ကိုယ့်ဆီရောက်လာတဲ့သူတွေက ကိုယ်လိုချင်တဲ့ပုံစံမျိုးမဟုတ်တဲ့အတွက် လက်မခံခြင်းပဲဖြစ်ပါတယ်။ ကိုယ်ဘာလိုချင်လဲသေချာမသိတဲ့သူတွေ စိတ်တိုင်းမကျတဲ့အချစ်ရေးကိုစိတ်ပျက်နေချိန်မှာ တစ်ယောက်တည်းသမားတွေကတော့ သာသာယာယာပါပဲ။

 

(၄) ကိုယ့်အားကိုကိုးနိုင်သူတွေ

တစ်ယောက်တည်းနေတဲ့သူတွေဟာ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူတွေဖြစ်ပါတယ်။ ဒါက ကိုယ်တိုင်ဝင်ငွေရှာနိုင်တာတစ်ခုတည်းကိုပဲဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်ပိုင်ဝင်ငွေရှိတယ်၊ ဝမ်းနည်းစရာတွေ၊ဆုံးရှုံးမှုတွေကြုံလာရင် ကိုယ့်ဘာသာပြန်အဆင်ပြေအောင် ကြိုးစားနိုင်တယ်၊ ဆုံးရှုံးမှုတွေကို တစ်ယောက်တည်းရင်ဆိုင်နိုင်တယ်၊ အရာရာကိုတစ်ယောက်တည်းရင်ဆိုင်ဖြတ်သန်းဖို့ အားအင်ရှိတယ်၊ အသိဉာဏ်ရှိတယ်။ အဲ့ဒီသဘောမျိုးပါ။

Read times
Rate this item
(0 votes)