ချစ်သူနဲ့ တွေ့တဲ့  အချိန် ရှောင်ကြဉ်သင့်တဲ့ အပြုအမှု

ချစ်သူနဲ့ တွေ့တဲ့  အချိန် ရှောင်ကြဉ်သင့်တဲ့ အပြုအမှု google

အချစ်က အရာရာကို ခွင့်လွှတ်နိုင်တယ်ဆိုတာ ချစ်စခင်စ ကြည်နူးစလောက်ပဲ ဘောင်ဝင်တာပါ။ ရေရှည်အတွက် ကြည့်မယ်ဆိုရင်တော့

 

ကိုယ့်ချစ်သူရော ကိုယ်ရော နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်စေဖို့ အတတ်နိုင်ဆုံးတော့ ဒါလေးတွေ ဆင်ခြင်သင့်ပါတယ်။

 

အရာရာတိုင်းကို သိချင်နေတာ 

အရမ်းချစ်လွန်းရင် ဖြစ်တတ်ပါတယ်။ ကိုယ့်ချစ်သူနဲ့ ပတ်သက်သမျှ အရာရာတိုင်းကို သိချင်နေတာက တစ်ဖက်လူကို စိတ်ကျဉ်းကြပ်စေပါတယ်။

အဆင်ပြေနိုင်တဲ့အချိန်က အဆင်ပြေနိုင်ပေမယ့် တစ်ခါတလေ သူ့မှာလည်း ကိုယ့်ကိုမပြောချင်တဲ့ ကိုယ်ပိုင်ပြဿနာတွေ ရှိမှာပါပဲ။

အတင်းကာရော လိုက်မေးတာထက် သူ့ဘက်ကို စဉ်းစားချိန်ပေးပြီး ဖွင့်ဟလာတာကို စောင့်ဆိုင်းပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

 

ဟန်ဆောင်တာ

 ကိုယ့်ချစ်သူအတွက် အလှဆုံး ဖြစ်ချင်တာ တော့ လက်ခံနိုင်ပေမယ့် အရှိအတိုင်းမနေဘဲနဲ့ တခြားလူတစ်ယောက်လို ဟန်ဆောင်တာမျိုးက

လိမ်လည်တာနဲ့ အတူတူပါပဲ။ ကိုယ့်အတွက်လည်း ပင်ပန်းသလို အလိမ်ပေါ်သွားတဲ့အခါမှာလည်း တစ်ဖက်လူကို စိတ်ပျက်စေပါတယ်။

ကိုယ့်ရဲ့ပုံစံ အမှန်အတိုင်းနေတာက RSတစ်ခု တည်မြဲစေတဲ့ အဓိကအချက်တစ်ခုပါပဲ။

 

နားမထောင်ပေးတာ

ဒါကတော့ နံပါတ် ၁ နဲ့ ဆန့်ကျင်ဘက်ပေါ့။ နှစ်ဦးနှစ်ဖက် သူ့ပြသနာ ကိုယ့်ပျော်ရွှင်မှု စသဖြင့် အပြန်အလှန်မျှဝေပြောဆိုဖို့ အမှတ်တရလေးတွေဖန်တီးဖို့

ချိန်းတွေ့ကြတာပါ။ သူ့အကြောင်းကို ပြောခွင့်မပေးဘဲ ကိုယ်ကချည်း ခရားရေလွှတ်ပြောတာမျိုး ၊ သူပြောတာလည်း သေချာနားမထောင်တာမျိုးက

သူ့ကို ဂရုမစိုက်တာနဲ့ ထပ်တူကျစေပါတယ်။

 

ဖုန်းသုံးတာ

 တွေ့နေတဲ့ တစ်ချိန်လုံးမှာ ကိုယ့်ရဲ့အာရုံက ဖုန်းကိုပဲ ရောက်နေတာက တစ်ဖက်လူကို မလေးစားရာကျပါတယ်။ ဒါက ချစ်သူနှစ်ဦး ချိန်းတွေ့တဲ့

အချိန်မှာမှ မဟုတ်ပါဘူး။ တခြားသော အသိမိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့တဲ့အခါမှာလည်း မလုပ်သင့်တဲ့ အပြုအမူပါ။

ချစ်သူတွေအနေနဲ့လည်း တစ်ချိန်လုံး ဖုန်းပဲ သုံးမယ် တစ်ဖက်လူကို ဂရုမစိုက်နိုင်ဘူးဆိုရင် ဘာလုပ်ဖို့ ချိန်းတွေ့ဦးမလဲနော်။

 

အခွင့်အရေး ယူလွန်းတာ

 ကိုယ့်ချစ်သူကို ချစ်သူမို့လို့ဆိုပြီး အခွင့်အရေးယူတာ ချွဲတာနွဲ့တာ ချုပ်ချယ်တာတော့ အတိုင်းအတာတစ်ခုထိ ကောင်းပါတယ်။

ဒါပေမဲ့ လူရှေ့သူရှေ့မှာ အရမ်းနိုင်ပြတာ ရစ်လွန်းတာတွေက အခွင့်အရေးဆိုတာတွေထက် ကျော်လွန်သွားပါတယ်။ 

ဒါလေးတွေကတော့ RS တွေကြားက ပြသနာလေးတွေရဲ့ အရင်းအမြစ်တွေပါပဲ။ သေးသေးလေးပဲ ကိုယ်က ဒါလေး လုပ်မိတာများတွေ ပေါင်းသွားရင်

ကြာတဲ့အခါ လမ်းခွဲဖို့အတွက် လမ်းစကို ဖန်တီးသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သေးသေးမွှားမွှား အပြုအမူတွေဆိုပေမယ့်လို့ ကိုယ့်ချစ်သူနဲ့

ချစ်ခရီးလမ်းဖြောင့်ဖို့ ရှောင်ကြဉ်ရတာ ခက်ခဲတယ်လို့ မဆိုသာပါဘူးလို့ ။

 

Myanmar Wedding Guide

Read times Last modified on Friday, 14 June 2019 14:27
Rate this item
(2 votes)
Tagged under