လုံးဝမချစ်သင့်သည့် ယောကျာ်းအမျိုးအစား (၅) မျိုး

လုံးဝမချစ်သင့်သည့် ယောကျာ်းအမျိုးအစား (၅) မျိုး google.com

မချစ်သင့်တဲ့သူကို ချစ်တဲ့အခါမှာ သင်မထင်ထားလောက်တဲ့အထိ သင့်ဘဝကို အဆိုးတွေ သယ်ဆောင်လာတတ် ကြပါတယ်။ ဒါကြောင့် မချစ်သင့်တဲ့ ယောကျာ်းအမျိုးအစားတွေကို ဝေးဝေးရှောင်တတ်ဖို့ လိုပါတယ်။

 

ဒီလိုယောက်ျားတွေနဲ့ သွားပတ်သက်မိတဲ့အခါ အရှက်တကွဲအကျိုးနည်း၊ စိတ်ရောလူပါ ထိခိုက်နစ်နာတတ်တာကြောင့် ဝေးဝေးကရှောင်စေနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

 

 

() ငါးရံ့နှစ်ကောင်ဖမ်းတတ်တဲ့ယောက်ျား

 

ယောက်ျားတွေထဲမှာ ငါးရံ့နှစ်ကောင်ဖမ်းတတ်တဲ့ယောက်ျားတွေကို ဝေးဝေးရှောင်ပါ။ ဒီလိုယောက်ျားတွေဟာ တစ်ယောက်ကိုလိုက်နေရင်းမှာလည်း နောက်လူတွေနဲ့လည်း ဇယားတွေရှိနေတတ်တဲ့သူပါ။ သူတို့ရဲ့စိတ်ဓာတ်ဟာ ဘယ်တော့မှအတည်တကျမရှိသလို၊ သင့်ဆီက အကျိုးတစ်ခုခုမလိုလားပဲ တွဲမယ့်သူတွေမဟုတ်ပါဘူး။ နှစ်ယောက်၊ သုံးယောက်ကိုတစ်ပြိုင်တည်း လိုက်တယ်ဆိုကတည်းကိုက သင်ဟာသူ့အချစ်စစ်မဟုတ်သလို၊ ယုံကြည်ထိုက်တဲ့သူလုံးဝမဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုလူမျိုးကို ဝေးဝေးကရှောင်ပါ။

 

 

() ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး

 

မျက်နှာများတဲ့ယောက်ျားတွေကိုလည်း ဝေးဝေးကရှောင်ရပါမယ်။ ဒီလိုလူမျိုးတွေဟာ အရမ်းဟန်ဆောင်ကောင်းတာကြောင့် လူကောင်းတစ်ယောက်လို့ အမှတ်တမဲ့ ထင်မိသွားတတ်ပါတယ်။ လူတွေရှေ့ရောက်ရင် လူကောင်းလိုလို၊ စိတ်ကောင်းရှိသလိုလိုနေပြီးနောက်ကွယ်မှာကျ ကြောက်စရာကောင်းလောက်တဲ့ သရုပ်မှန်တွေရှိနေတယ်၊ သင်ကိုယ်တိုင် တွေ့ဖူးတယ်၊ ကြုံဖူးတယ်ဆိုရင်တော့ လုံးဝဝေးဝေးကရှောင်ပါ။

 

 

() မိန်းမတစ်ယောက်ကို သိက္ခာချတတ်တဲ့ယောက်ျား

 

သင့်ဆီမှာ သူနဲ့ပတ်သက်ဖူးတဲ့ မိန်းမတစ်ယောက်ယောက်ရဲ့ မကောင်းကြောင်းတွေကို ပြောတတ်တဲ့ယောက်ျားဆိုရင် ဝေးဝေးကရှောင်ပါ။ ဒီလိုလူမျိုးတွေရဲ့စကားဟာ များသောအားဖြင့် မမှန်တာများပါတယ်။ မိန်းကလေးတစ်ယောက်ကို အသည်းအသန်လိုက်ပြီး သူတို့အချစ်ကို မရတဲ့အခါမှာ မဟုတ်တဲ့ဇာတ်လမ်းတွေအမျိုးမျိုးထွင်ပြီး မစားရတဲ့အမဲသဲနဲ့ ပက်တတ်တဲ့သူမျိုးတွေပါ။ အကယ်၍သင်နဲ့ စိတ်အခန့်မသင့်လို့ ဝေးခဲ့ကြရင် သင့်အကြောင်းတွေကိုလည်း ဒီလိုပဲ သွားပုတ်လေလွင့်လျှောက်ပြောနေမယ့်သူတစ်ယောက်ဆိုတာကို သိထားဖို့လိုပါတယ်။ ယောက်ျားကောင်းတစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုငဲ့ညှာပေးပြီး ဘယ်တော့မှ မိန်းမတစ်ယောက်ကို သိက္ခာမချတတ်ပါဘူး။

 

 

() မရင့်ကျက်တဲ့ယောက်ျား

 

စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်တဲ့ယောကျားတွေဟာလည်း ဝေးဝေးရှောင်ရမယ့်သူတွေထဲမှာ ပါပါတယ်။ အသက် ၂၀ ကျော်လာတဲ့အထိ မိဘဆီက လက်ဖြန့်တောင်းတုန်း၊ ကလေးလိုလိုနေနေတုန်း၊ ဘဝရည်မှန်းချက် ရေရေရာရာလည်း မရှိဘူးဆိုရင် သတိထားလိုက်ပါတော့။ ဒီလိုယောကျာ်းတွေဟာ ကိုယ့်အားကိုယ်ကိုးချင်စိတ်မရှိသလို၊ သင်နဲ့ချစ်သူဖြစ်လာခဲ့ရင်လည်း သင်ပဲပင်ပန်းရမှာပါ။ သူစိတ်ဆိုးသမျှ၊ စိတ်ကောက်သမျှဒဏ်ကို ခံရပြီး ချုပ်ခြယ်တာတွေ၊ ပြသနာမရှိပြသနာရှာတွေအပြင် တခြားစိတ်အနှောက်ဖြစ်စရာတွေ အများကြီး ဖြစ်စေမယ့်သူမျိုးပါ။

 

 

() အမြဲအနိုင်လိုချင်တဲ့ယောက်ျား

 

ဒီလိုယောက်ျားတွေဟာ သူတို့ကိုယ်သူတို့အမြဲတမ်းမှန်တယ်လို့ ထင်တတ်တဲ့သူတွေဖြစ်ပါတယ်။ ပြသနာတစ်ခုခုဖြစ်လာတိုင်းမှာ သူတစ်ပါးကို အပြစ်ပြော၊ အပြစ်ပုံချပြီး သူတို့ဖက်ကအမြဲတမ်း အမှန်လိုလို ပြောတတ်၊ ယူဆတတ်တဲ့ယောက်ျားတွေပါ။ ဒီလိုယောကျာ်းတွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး တစ်ဖက်သားကို စာနာရကောင်းမှန်း၊ နားလည်ပေးရကောင်းမှန်းမသိကြတဲ့သူတွေပါ။ ဒီလိုယောက်ျားတွေဟာ ဘယ်တော့မှ အလျှော့မပေးတတ်သလို၊ အမြဲတမ်းအနိုင်လိုချင်တဲ့သူတွေဖြစ်တာကြောင့် ရေရှည်မှာ လုံးဝအဆင်မပြေနိုင်ပါဘူး။

 

 

Credit;Aunty May

Read times Last modified on Tuesday, 11 December 2018 10:42
Rate this item
(3 votes)