ကိုယ်ချစ်သူနဲ့အခြေအတင်ဖြစ်တဲ့အခါ အဆင်ပြေစေမဲ့ဖြေရှင်းနည်းလေးများ

ကိုယ်ချစ်သူနဲ့အခြေအတင်ဖြစ်တဲ့အခါ အဆင်ပြေစေမဲ့ဖြေရှင်းနည်းလေးများ

ချစ်သူရည်းစားချင်း တခါတလေစကားများတာရှိမှာပါ။ ဒါကိုဘယ်လိုဖြေရှင်းရမလဲ?


လက်မပါနဲ့


ဒါက ဘာလို့ ပထမဆုံးလဲဆိုရင် အရေးကြီးဆုံးမို့လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးဆိုတာ အားနွဲ့သူပါ။ ကိုယ့်ချစ်သူနဲ့ ပြသာနာကို လက်နဲ့ဖြေရှင်းတာကတော့ သူရဲဘောကြောင်ပြီး အောက်တန်းကျတာပါပဲ။ ဖြစ်နေတဲ့အခြေအတင်က Negative အဆုံးထိရောက်သွားနိုင်ပါတယ်။

 

မအော်ပါနဲ့

မိန်းကလေးတွေကသူတို့ကို အော်တာ လုံးဝမကြိုက်ပါဘူး။ ဘာလို့လဲဆိုရင် သူတို့ရှက်တယ် ၊ ဝမ်းနည်းတယ် ၊ ဝမ်းနည်းတာကပိုပါတယ်။ သာမန်ပြသာနာလောက်နဲ့တော့ ကိုယ့်ချစ်သူကို မအော်လိုက်ပါနဲ့။ တိတ်ဆိတ်စွာပါးစပ်ပိတ်ပြီးနေပေးလိုက်ပါ သူတို့ပြောချင်ရာတွေပြောပါစေ။ ဘာမှပြန်မပြောနဲ့။

သူတို့ပြောတာမောလာရင်ရပ်သွားပါလိမ့်မယ်။ အဲ့အခါမှ ကိုယ်ကသေချာအေးဆေးစွာ နားဝင်အောင်ပြောပြပါ။ တကယ်ချစ်တဲ့မိန်းကလေးတွေကတော့ ဘယ်လိုပဲပြသာနာတက်တက် ခဏလောက်ပြသာနာရှာပြီးရင်ပုံမှန်ပြန်ဖြစ်သွားပါတယ်။

 

 

အပြင်မှာဖြစ်ဖြစ် ၊ ဖုန်းထဲမှာဖြစ်ဖြစ် ခဏလောက်ရှောင်လိုက်ပါ


တချို့ပြသာနာတွေကအရမ်းကြီးပါတယ်။ ဒါကြောင့်မို့ ခဏရှောင်တာကောင်းပါတယ်။ တစ်ဖက်က ဒေါသတွေအရမ်းကြီးနေတဲ့အချိန်မှာ ရင်မဆိုင်ပဲ သူသွေးအေးသွားလောက်တော့မှ သေချာပြန်ဆွေးနွေးပါ။

 

နှစ်ယောက်လုံးနဲ့အရမ်းခင်တဲ့သူငယ်ချင်းကိုလှမ်းခေါ်ပါ


စစ်ကူသဘောမျိုးပေါ့။ ကြားထဲကဖျန်ဖြေပေးပြီး ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်အောင် သူငယ်ချင်းကစွမ်းဆောင်ပေးမှာပါ။ မဟုတ်လဲ သူနားငြီးဘယ်ခံမလဲ။ ၂ယောက်အဆင်ပြေအောင်ပဲလုပ်မှာပေါ့။

 

ဒါတွေကတော့ ချစ်သူနဲ့အခြေအတင်ဖြစ်တဲ့အခါ အဆင်ပြေစေမဲ့ ဖြေရှင်းနည်းလေးတွေပဲဖြစ်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့လာတာမို့ တကယ်အသုံးဝင်လို့ Sharing လုပ်ပေးလိုက်တာပါ။ စုံတွဲတိုင်း ကတောက်ကဆ အဖြစ်နည်းပြီး အချစ်မြဲကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

 

Source Aunty May

Read times
Rate this item
(1 Vote)
Tagged under