ကိုယ့်ကိုကြိုက်နေတဲ့သူမသိအောင် လုပ်တဲ့အချက်များ

ကိုယ့်ကိုကြိုက်နေတဲ့သူမသိအောင် လုပ်တဲ့အချက်များ

ကိုယ့်ကို ကြိတ်ခိုက်နေတယ်ဆိုရင် သူ့ဘက်က မူပျက်လာမယ်။

သူမူပျက်နေတာကိုလည်း မည်သူမျှမသိအောင် နေထိုင်တတ်ရပါမယ်။

လူတိုင်းက ကိုယ့်ကို ကြိုက်တဲ့သူရှိရင် လုပ်တတ်လေ့ရှိတဲ့ အပြုအမူတွေက ဆင်တူတတ်ကြပါတယ်။

 

သူမသိအောင်အကဲခတ်ခြင်း

လက်ရှိသူဘာတွေလုပ်နေလဲ၊ ပတ်ဝန်းကျင်က ဘယ်လိုတုန့်ပြန်သလဲဆိုတာ အကဲခတ်ရပါမယ်။ ကိုယ့်ဘက်ကိုလှည့်လာပြီဆိုရင်တော့ မသိချင်ယောင်ဆောင်နေလိုက်ပါ။ ဒါဟာ အားလုံးသိပြီးဖြစ်တဲ့ အကဲခတ်နည်းဖြစ်ပါတယ်။

 

စောင့်ကြည့်ခြင်း

တစ်နေ့တစ်နေ့ သူဘာလုပ်နေလဲ။ Facebook ပေါ်မှာ သူအမြဲရှိလား။ သူ့ပို့စ်တွေနဲ့ပတ်သက်တာကို အချိန်ပြည့် စောင့်ကြည့်ရင်းနဲ့ တစ်နေကုန်သွားတတ်ပါတယ်။

 

အကြိုက်ချင်းတူခြင်း

တစ်ယောက်နဲ့တစ်ယောက် အသိမိတ်ဆွေဖြစ်ရာကနေပြီး တူတာတစ်ခုခုကြုံကြိုက်သွားရင် သူလည်း ဒါမျိုးကြိုက်တတ်တာပဲလားလို့ စိတ်ထဲ မှတ်ထင်သွားပါလိမ့်မယ်။ သူနဲ့ငါက အတော်လေး အကြိုက်ချင်းတူတာပဲဆိုတာ စိတ်ထဲမှာ တွေးနေတတ်ပါလိမ့်မယ်။

 

ကြုံကြိုက်ခြင်း

တစ်ယောက်နဲ့တစ်ယောက် မချိန်းဆိုဘဲနဲ့ သူရှိနိုင်တဲ့ အချိန်ကိုက်ရောက်သွားခြင်း ဖြစ်ပါတယ်။ ထို့အပြင် သူဘယ်အချိန်မှာ ဘာလုပ်တတ်တယ်ဆိုတဲ့ အလေ့အကျင့်ကို မှတ်ထားခြင်းဖြစ်ပါတယ်။ ထို့ပြင် သူနဲ့တွေ့ဆုံမှုက အမြဲတမ်း ကြုံကြိုက်နေတယ်လို့ သင်ကလုပ်တတ်ပါတယ်။

 

မြင်တတ်အောင်ကြည့်ခြင်း

ကိုယ့်ကိုကြိုက်နေတဲ့လူမသိအောင် သူလုပ်တာမှန်သမျှကို မြင်တတ်အောင်ကြည့်ခြင်းဖြစ်ပါတယ်။ ဒီလိုမြင်တတ်ခြင်းအားဖြင့် ကိုယ့်ဘက်က အလွန်အကျွံမတွေးမိအောင် နေတတ်ရပါမယ်။

သူငယ်ချင်းတွေရှေ့မှာ သူက သူငယ်ချင်းတွေအားလုံးကို စနောက်တာမျိုးဖြစ်ပေမယ့်လည်း ကိုယ့်ကို စနောက်နေတယ်လို့ ထင်နေခြင်းဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:43
Rate this item
(1 Vote)