ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်မိသွားသောအခါ

ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်မိသွားသောအခါ google

အချစ်ဆိုတာ တခါတလေ ရှာနေရင် မတွေ့ပြန်၊မရှာဘဲနေပြန်တဲ့အခါမှာကျတော့လည်း အနားရောက်ရောက်လာတတ်တယ်။

 

ကိုယ်ကအရမ်းချစ်တယ်လို့ထင်နေတာတွေဟာ တခါတလေမှာ ဟာသဖြစ်သွားတတ်သလို ကိုယ်ကမချစ်ဘူး။ သူမရှိလည်းဘာမှမဖြစ်ပါဘူးလို့ထင်နေပေမယ့် တကယ်တမ်း သူထားသွားတဲ့အခါ အသည်းခိုက်အောင် နာကျင်ရတာတွေရှိပါတယ်။ ကိုယ့်ချစ်သူကောင်လေး ကိုယ့်အပေါ် တကယ်ချစ်မချစ်ဆိုတာ ဘယ်လိုသိနိုင်မလဲဆိုတဲ့ လက္ခဏာရပ်အချို့ကို မျှဝေပေးချင်ပါတယ်။

 

ကြင်နာမှု

မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတဲ့အခါ အလိုလို ချစ်ခင်ကြင်နာမှုတွေပါလာပြီး ရန်ဖြစ်စကားများရင်လည်း ကိုယ်ကပဲအလျှော့ပေးဖြစ်သွားတာမျိုးရှိပါတယ်။ ကိုယ်သူ့အပေါ် အနိုင်မယူ အရှုံးပေးချင်လာတယ်။ သူပျော်ရင်ကိုယ်ပျော်တယ်ဆိုတဲ့ ကြင်နာမှုမျိုးတွေ ချစ်တတ်တဲ့အမျိုးသားတွေမှာရှိပါတယ်။ ဒါ့ကြောင့် ချစ်သူနှစ်ဦးကြား ရန်ဖြစ်စကားများတာတွေ အလိုလိုပြီးဆုံးသွားမှာပါ။

 

ဟာသတွေပြောတတ်လာတယ်

ချစ်သူကို အရမ်းချစ်မိသွားတဲ့အခါ သူပျော်ဖို့အတွက် ဟာသတွေပြောတတ်လာတယ်။ ဘယ်လိုပျော်အောင်လုပ်ရမလဲဆိုတာ တွေးတတ်လာတယ်။

 

ယုံကြည်မှုတွေရှိလာတယ်

အရင်က ပေပေတေတေ နေခဲ့ရင်တောင် ချစ်သူကို တကယ်ချစ်မိသွားတဲ့အခါ သူ့ကိုပျော်ရွှင်အောင်ထားမယ်ဆိုတဲ့ ယုံကြည်မှုတွေရှိလာတယ်။ နှစ်ယောက်စလုံးရဲ့ အနာဂတ်အတွက် ပန်းတိုင်တွေရှိလာတယ်။

 

ရင့်ကျက်လာတယ်

ချစ်သူကို တကယ်ချစ်မိသွားတဲ့အခါ ရင့်ကျက်လာတယ်။ အရင်က ဖွန်အရမ်းကြောင်ခဲ့ရင်တောင် အခုမကြောင်တော့ဘူး။ သူ့ကို ချစ်နေသမျှကာလပတ်လုံး မဖောက်ပြန်ဖို့အတွက် သစ္စာတရားတွေရှိလာတယ်။ ကိုယ်သူ့အပေါ်ချစ်တဲ့အချစ်အပေါ်၊ ကိုယ့်ရဲ့ခံစားချက်အပေါ် တာဝန်ယူမှုရှိလာတယ်။

 

စကားတွေအရမ်းပြောတတ်လာတယ်

စကားပြောတာဟာ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေပိုတိုးလာစေသလို ယုံကြည်မှုတွေလည်း တိုးလာစေပါတယ်။ ချစ်သူနှစ်ဦးရဲ့ နေ့ထူးနေ့မြတ်တွေ၊ ချစ်သူရဲ့မွေးနေ့တွေမှာ surprise တွေလုပ်တတ်လာတယ်။ စကားလည်းအရမ်းတတ်လာတယ်။ တချို့တွေဆို အရမ်းလန်းတဲ့ စကားလုံးတွေ ထွင်တတ်လာပြီး အချစ်ကဗျာတွေ ဝေဝေဆာဆာ သီကုံးလာနိုင်တယ်။

 

Credit : Mystyle

Read times Last modified on Friday, 08 February 2019 16:38
Rate this item
(0 votes)
Tagged under