Exနဲ့ပြန်တွဲဖြစ်တဲ့အခါ သတိပြုပြင်ဆင်ရမယ့်အချက်များ

Exနဲ့ပြန်တွဲဖြစ်တဲ့အခါ သတိပြုပြင်ဆင်ရမယ့်အချက်များ google

အခ်စ္ေဟာင္းနဲ႔ အခ်စ္သစ္ေတြ ျပန္လည္ေမြးဖြားတဲ့အခါမွာတစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ၾကိဳက္ၾကတဲ့အခါ

 

ကေတာက္ကဆတစ္ခ်ိဳ႕ဟာလည္းပါလာစျမဲပါပဲ။ ဒီလိုကေတာက္ကဆေတြေၾကာင့္ ခ်စ္လ်က္နဲ႔လမ္းခြဲခဲ့ၾကရတဲ့ခ်စ္သူေတြဟာ

 

ရင္ထဲ ကမျပီးဆံုးႏိုင္တဲ့ ခ်စ္ျခင္းေမတၱာေတြေၾကာင့္ ေနာက္တစ္ၾကိမ္ ခ်စ္ျခင္းေတြျပန္လည္ဆံုဆည္းၾကတဲ့အခါမွာ

 

အေရွ႕က အမွား ေတြနဲ႔ တူညီတဲ့အမွားမ်ိဳးေတြထပ္မမွားရေအာင္ ေရွာင္ရွားသင့္ တဲ့အခ်က္ ကေလးေတြကုိ ေျပာျပေပးမယ္ေနာ္။

 

ex1

 

အခ်စ္ေတြျပန္လည္အစျပဳတဲ့အခ်ိန္မွာ အရင္တုန္းကခ်ဳပ္ခ်ယ္မႈ ေတြကို အနည္းငယ္ေျဖေလ်ာ့ေပးသင့္ပါတယ္။

 

ခ်ဳပ္ခ်ယ္မႈေတြ ဟာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေတြလြဲေစႏိုင္ တဲ့ အေၾကာင္းအရင္းတစ္ခုျဖစ္တာေၾကာင့္

 

အရင္က မလိုအပ္ပဲ ခ်ဳပ္ခ်ယ္မိခဲ့တယ္လို႕ထင္တဲ့ တစ္ခ်ိဳ႕ကိစၥေတြကို သင့္ဖက္က အနည္းငယ္လုိက္ေလ်ာေပးသင့္ပါတယ္။

 

ဒါဟာသင္တို ႔ႏွစ္ ေယာက္ၾကားမွာ ပိုမိုေကာင္းမြန္တဲ့ ဆက္ဆံေရးမ်ိဳးျဖစ္လာေစႏိုင္ ပါတယ္။

 

ex2

 

ေနာက္ထပ္ေရွာင္ရန္တစ္ခုကေတာ့ အရင္ကျဖစ္ခဲ့တဲ့ ျပႆနာ ေတြကိုအစျပန္မေဖာ္ပါနဲ႔။

 

လက္ရွိမွာ တစ္ေယာက္နဲ႔ တစ္ ေယာက္ အဆင္ေျပ ေျပလည္ေနတဲ့အခ်ိန္ေလးဟာ သာသာယာယာရွိေနတာမို႔

 

မဆိုင္တဲ့အရင္ကကိစၥေတြနဲ႔ တစ္ေယာက္ကို တစ္ေယာက္စိတ္မညစ္ေစသင့္ပါဘူး။

 

ခ်စ္တယ္ဆိုိရင္ ပစၥဳပၸန္နဲ႔ အနာဂတ္အတြက္သာစဥ္းစားသင့္ပါတယ္။

 

အတိတ္ကအျပစ္ ေတြကိုျပန္ေဖာ္ေနလို႔လည္း ခ်စ္သူေတြအတြက္ ေကာင္းတာရွိလာႏိုင္မွာမဟုတ္ပါဘူး။

 

အရင္ကျဖစ္ခဲ့ဖူးတဲ့ျပႆနာေလးေတြနဲ႔ ထပ္တူက်တဲ့ျပႆနာေတြထပ္ျပီးမျဖစ္ေအာင္ ဆင္ျခင္သင့္ပါတယ္။

 

အရင္တုန္းကျဖစ္ ခဲ့တဲ့အေၾကာင္းေတြနဲ႔ပဲ လက္ရွိမွာျပႆနာထပ္ျဖစ္မယ္ဆိုရင္ သင္တို႔ ႏွစ္ေယာက္ဟာလည္း အရင္ကလိုပဲ ထပ္မံေ၀းသြားႏိုင္ ပါတယ္။

 

မတူညီတဲ့ျပႆနာကိုလည္း အသစ္မဖန္တီးပဲ တစ္ေယာက္နဲ႔တစ္ေယာက္ အဆင္ေျပေျပနဲ႔ ေရွ႕ဆက္ေလွ်ာက္ လွမ္းသြားဖို႔ အေရးၾကီးပါတယ္။

 

ex3

 

အေရးမၾကီးဘူးထင္ျပီး အရင္က လ်စ္လ်ဴရႈမိတဲ့အပိုင္းေလးေတြကို လက္ရွိအခ်ိန္မွာေတာ့ တစ္ဦးကိုယ္တစ္ဦး ပိုျပီးဂရုစိုက္ေပးဖို႔ လိုအပ္ပါတယ္။

 

ဒါဟာ ခ်စ္သူႏွစ္ေယာက္ရဲ႕အခ်စ္ေတြကို ပိုျပီးတိုးပြားလာေစဖို႔အတြက္ အေၾကာင္းရင္းတစ္ရပ္လည္းျဖစ္ပါတယ္။

 

အခ်စ္ေဟာင္္းနဲ႔အတူ အခ်စ္သစ္ေတြကိုျပန္လည္တည္ေဆာက္ ခ်င္တယ္ဆိုရင္ေတာ့ အထက္က ေျပာခ့ဲတဲ့အခ်က္ေလးေတြ

 

အတိုင္းလိုက္နာမယ္ဆိုရင္ အဆင္ေျပတဲ့အခ်စ္ေရးေလးတစ္ခု ကို သာသာယာယာတည္ေဆာက္နိုင္မယ္ဆိုတာ အေသအခ်ာပါပဲေနာ္။

 

Credit:marry

 

Unicode

 

အချစ်ဟောင်းနဲ့ အချစ်သစ်တွေ ပြန်လည်မွေးဖွားတဲ့အခါမှာတစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ကြတဲ့အခါ

 

ကတောက်ကဆတစ်ချို့ဟာလည်းပါလာစမြဲပါပဲ။ ဒီလိုကတောက်ကဆတွေကြောင့် ချစ်လျက်နဲ့လမ်းခွဲခဲ့ကြရတဲ့ချစ်သူတွေဟာ

 

ရင်ထဲ ကမပြီးဆုံးနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် နောက်တစ်ကြိမ် ချစ်ခြင်းတွေပြန်လည်ဆုံဆည်းကြတဲ့အခါမှာ

 

အရှေ့က အမှား တွေနဲ့ တူညီတဲ့အမှားမျိုးတွေထပ်မမှားရအောင် ရှောင်ရှားသင့် တဲ့အချက် ကလေးတွေကို ပြောပြပေးမယ်နော်။

 

အချစ်တွေပြန်လည်အစပြုတဲ့အချိန်မှာ အရင်တုန်းကချုပ်ချယ်မှု တွေကို အနည်းငယ်ဖြေလျော့ပေးသင့်ပါတယ်။

 

ချုပ်ချယ်မှုတွေ ဟာလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေလွဲစေနိုင် တဲ့ အကြောင်းအရင်းတစ်ခုဖြစ်တာကြောင့်

 

အရင်က မလိုအပ်ပဲ ချုပ်ချယ်မိခဲ့တယ်လို့ထင်တဲ့ တစ်ချို့ကိစ္စတွေကို သင့်ဖက်က အနည်းငယ်လိုက်လျောပေးသင့်ပါတယ်။

 

ဒါဟာသင်တို့နှစ် ယောက်ကြားမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးဖြစ်လာစေနိုင် ပါတယ်။

 

နောက်ထပ်ရှောင်ရန်တစ်ခုကတော့ အရင်ကဖြစ်ခဲ့တဲ့ ပြဿနာ တွေကိုအစပြန်မဖော်ပါနဲ့။

 

လက်ရှိမှာ တစ်ယောက်နဲ့ တစ် ယောက် အဆင်ပြေ ပြေလည်နေတဲ့အချိန်လေးဟာ သာသာယာယာရှိနေတာမို့

 

မဆိုင်တဲ့အရင်ကကိစ္စတွေနဲ့ တစ်ယောက်ကို တစ်ယောက်စိတ်မညစ်စေသင့်ပါဘူး။

 

ချစ်တယ်ဆိုရင် ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်သာစဉ်းစားသင့်ပါတယ်။

 

အတိတ်ကအပြစ် တွေကိုပြန်ဖော်နေလို့လည်း ချစ်သူတွေအတွက် ကောင်းတာရှိလာနိုင်မှာမဟုတ်ပါဘူး။

 

အရင်ကဖြစ်ခဲ့ဖူးတဲ့ပြဿနာလေးတွေနဲ့ ထပ်တူကျတဲ့ပြဿနာတွေထပ်ပြီးမဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။

 

အရင်တုန်းကဖြစ် ခဲ့တဲ့အကြောင်းတွေနဲ့ပဲ လက်ရှိမှာပြဿနာထပ်ဖြစ်မယ်ဆိုရင် သင်တို့ နှစ်ယောက်ဟာလည်း အရင်ကလိုပဲ ထပ်မံဝေးသွားနိုင် ပါတယ်။

 

မတူညီတဲ့ပြဿနာကိုလည်း အသစ်မဖန်တီးပဲ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေပြေနဲ့ ရှေ့ဆက်လျှောက် လှမ်းသွားဖို့ အရေးကြီးပါတယ်။

 

အရေးမကြီးဘူးထင်ပြီး အရင်က လျစ်လျူရှုမိတဲ့အပိုင်းလေးတွေကို လက်ရှိအချိန်မှာတော့ တစ်ဦးကိုယ်တစ်ဦး ပိုပြီးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

 

ဒါဟာ ချစ်သူနှစ်ယောက်ရဲ့အချစ်တွေကို ပိုပြီးတိုးပွားလာစေဖို့အတွက် အကြောင်းရင်းတစ်ရပ်လည်းဖြစ်ပါတယ်။

 

အချစ်ဟောင်းနဲ့အတူ အချစ်သစ်တွေကိုပြန်လည်တည်ဆောက် ချင်တယ်ဆိုရင်တော့ အထက်က ပြောခဲ့တဲ့အချက်လေးတွေ

 

အတိုင်းလိုက်နာမယ်ဆိုရင် အဆင်ပြေတဲ့အချစ်ရေးလေးတစ်ခု ကို သာသာယာယာတည်ဆောက်နိုင်မယ်ဆိုတာ အသေအချာပါပဲနော်။

 

Credit:marry


Myanmar Wedding Guide

 

3

Read times Last modified on Tuesday, 08 October 2019 12:30
Rate this item
(0 votes)
Tagged under