အချစ်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ - ၂

အချစ်အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ - ၂ google.com

ကိုယ့်ချစ်သူကို လက်ဆောင်တစ်ခုဝယ်ပေးတာထက် သူ့အတွက် လက်ဆောင် ခုနစ်မျိုးကို ပြင်ဆင်ထားပြီး

 

သီတင်းပတ် တစ်ပတ်လုံးလုံး တစ်ရက်ကို လက်ဆောင်တစ်ခုစီ ပေးသင့်ပါတယ်။

 

သင့်ချစ်သူက အလုပ်များတတ်သူဆိုရင်တော့ သင်တို့ရဲ့ ချစ်ရေးချစ်ရာ အဆင်မပြေမှုတွေကို သူ့အလုပ်ချိန်မှာ ညှိနှိုင်းဆွေးနွေးမှုတွေ မပြုလုပ်သင့်ပါ။

 

အားလပ်ချိန်မှသာ အေးအေးဆေးဆေး တိုင်ပင်ညှိနှိုင်းသင့်ပါတယ်။

 

ဒေါသနဲ့ ဘာကိုမှ မပြုလုပ်သင့်ပါ။ ဒေါသတကြီး စကားပြောခြင်း၊ အလုပ်လုပ်တာတွေက အမှားများတတ်ပါတယ်။

 

နှစ်ဦးစလုံးမှာ တစ်ယောက်ယောက်က ဒေါသထွက်နေရင် ဘာစကားမှမပြောဘဲ ငြိမ်နေသင့်ပါတယ်။

 

ကိုယ့်ချစ်သူကို မယုံကြည်တဲ့ မေးခွန်းမျိုး မမေးမိပါစေနဲ့။ သံသယစိတ်က ကာယကံရှင်ကိုရော တစ်ဖက်သားကိုပါ ထိခိုက်နစ်နာစေတဲ့အတွက် ကိုယ့်ရဲ့လက်တွဲဖော်အတွက် ယုံကြည်စိတ်ထားသင့်ပါတယ်။

 

လက်တွဲဖော်ကို ကိုယ့်ရဲ့ရန်သူကြီးတွေလို လှည့်ကွက်တွေ မထားသင့်ပါ။ အချို့သောသူတွေက ကိုယ့်ရဲ့ချစ်သူ သို့မဟုတ် ဇနီး သို့မဟုတ် ယောက်ျားကို ရန်သူတွေလို သဘောထားတတ်ပါတယ်။

 

ကိုယ်ဘာလုပ်မယ်ဆိုတာကို လျှို့ဝှက်ထားတာကအစပေါ့။ အမှန်ကတော့ သူတို့ဟာ သင်တို့ရဲ့ ရန်သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ သင့်ကို အထောက်အကူပြုနိုင်တဲ့ ကူညီပေးတဲ့သူတွေ ဖြစ်ကြပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:42
Rate this item
(0 votes)