၁၉.၉.၂၀၁၉ မှ ၂၅.၉.၂၀၁၉ အထိ တစ်ပတ်စာ ဗေဒင်ဟောစာတမ်း

၁၉.၉.၂၀၁၉ မှ ၂၅.၉.၂၀၁၉ အထိ တစ်ပတ်စာ ဗေဒင်ဟောစာတမ်း

၁၉.၉.၂၀၁၉ မှ ၂၅.၉.၂၀၁၉ အထိ ၇ ရက်သားသမီးများအတွက် တစ်ပတ်အတွင်း ပြောင်းလဲမည့် ကံကြမ္မာများကို ဖော်ပြပေးလိုက်ပါသည်။

 

 

တနင်္ဂနွေ

နှုတ်မှုရေးရာဖြင့် ပြောဆိုဆောင်ရွက်ရပါသော လုပ်ငန်းများ၊ ဗေဒင်ဟောပြောခြင်း၊ တရားရေးကိစ္စပြောဆိုဆောင်ရွက်မှုများတွင်

 

 အောင်မြင်ကံကောင်း၍ ဝင်ငွေကောင်းများရရှိစေသော ကာလဖြစ်ပါသည်။ သင်တန်းများ၊ ပညာရေးဆိုင်ရာ ကိစ္စများတွင်လည်း

 

 အောင်မြင်မှုရရှိစေတတ်ပါသည်။ အသက်အရွယ်ကြီးသူများအတွက် ငွေကြေးကုန်ကျမှုများစွာ ဖြစ်ပေါ်ပါလိမ့်မည်။ မိသားစုအိမ်တွင်းရေး

 

ကိစ္စများတွင် အဆင်မပြေမှုများ ရှိနေရပါလိမ့်မည်။ အိမ်သို့ ဘုရားဆင်တုတော်ရောက်ရှိခြင်း၊ ဒုလ္လဘမဲပေါက်ခြင်းများ ကြုံခဲ့ပါက

 

 ငွေအစုလိုက်အပြုံလိုက်ဖြင့် ဝင်လာပါလိမ့်မည်။ အချစ်ရေးတွင် မိမိအနေဖြင့် ကြိုတင်ကြံဆ၍ လိုအင်ဆန္ဒပြည့်စုံနိုင်စေရန် မည်မျှပင်

 

အကြံအခြေကြီးသော်လည်း အမြန်အနေနီးစေဖို့ လျှင်မြန်စွာဖြစ်သွားရခြင်းမျိုး ကြုံရပါလိမ့်မည်။

 

ယတြာ။ ။ မွေးနေ့နံနက်တွင် အုန်းထမင်းဖြင့် ဆွမ်းကပ်လှူပေးပါ။

 

တနင်္လာ 

 

လုပ်ငန်းကိစ္စ၊ စီးပွားရေးကိစ္စ၊ အပြောင်းအရွှေ့လုပ်ကိုင်ရမည့် ကိစ္စများအတွက် စိတ်သောကဖြစ်ရခြင်းများ ရှိနိုင်ပါသည်။ ငွေအလုံးအရင်းဖြင့်

 

ဝင်လာပြီဆိုပါလျှင် အကြောင်းပေါ်၍ ပြန်ထွက်သွားရခြင်းများ ကြုံရပါလိမ့်မည်။ စိတ်လွတ်ကိုယ်လွတ်ဖြင့် ပျော်ရွှင်ချမ်းမြေ့မှု မရနိုင်သေးပါ။

 

ဆန့်ကျင်ဘက်လိင်များမှ မိမိဘဝတိုးတက်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက်မှုပြုပေးကြပါလိမ့်မည်။ မိမိကျွမ်းကျင်မှုမရှိပါသော

 

 စီးပွားရေးကိစ္စများတွင် လွန်ကဲစွာသော ရင်းနှီးမြှုပ်နှံမှုမပြုမိပါစေနှင့်။ အချစ်ရေးတွင် အလဲအလှယ်ကိစ္စပမာ၊

 

အနည်းငယ်ပင် စိတ်ချစရာ မရှိနိုင်ပါသော အချစ်မျိုးနှင့် ဆုံရတတ်ပါသဖြင့် သတိပြုဆင်ခြင်ရန် လိုပါလိမ့်မည်။

 

ယတြာ ။ ။ မွေးနေ့နံနက်တွင် ဆွမ်းနှင့် ထန်းလျက် ၆ လုံး ကပ်လှူပေးပါ။

 

အင်္ဂါ

မိတ်ဆွေအသစ်များထံမှ ကံကောင်းစေသော ကူညီပံ့ပိုးမှုများ ရရှိပါလိမ့်မည်။ စိတ်ချမ်းမြေ့ပျော်ရွှင်မှုများလည်း အပြည့်အဝခံစားရပါလိမ့်မည်။

 

 ဘေးဥပါဒ် အန္တရာယ်ကင်း၍ စီးပွားဥစ္စာတိုးတက်လာပါလိမ့်မည်။ ငွေထည်ပစ္စည်းများ မထင်မှတ်ပါဘဲ ဝင်လာတတ်ပါသည်။ မိမိအတွက် အကျိုးရှိစေသော

 

 သတင်းကောင်းများ ကြားနာခွင့် ရှိပါလိမ့်မည်။ မိမိမွေးနေ့နှင့် တနင်္လာနေ့များတွင် အနောက်အရပ်နှင့် တောင်အရပ်များဆီသို့ ခရီးသွားရန်မကောင်းပါ။

 

 သားသမီးများ၏ လိုအပ်ချက်အတွက် ပံ့ပိုးကူညီမှုပြုပေးရပါလိမ့်မည်။ အချစ်ရေး၌ မဟုတ်မဟတ်၊

 

မသေချာသည့် လုပ်ဇာတ်တွေပါသည့် ပရိယာယ်ကြွယ်သူ၏လှည့်ကွက်တွင် လှည့်စားခံရတတ်ပါသည်။ သတိပြုဆင်ခြင်ပါ။

 

ယတြာ ။ ။ မွေးနေ့တွင် ညောင်ကိုင်းထောက်၍ ကုသိုလ်ပြုပါ။

 

ဗုဒ္ဓဟူ

တိုင်ပင်ဆွေးနွေး၊ သဘောတူလက်မှတ်ရေးထိုးခြင်း ကိစ္စများရှိခဲ့ပါက သေချာစွာစိစစ်ပြီးမှ လက်ခံပါ။ အများနှင့် ဆက်ဆံရေးပြေပြစ်အောင်နေထိုင်ပါ။

 

 အငြင်းအခုန်ပြု၊ ပြောဆိုဆက်ဆံခြင်းများ မပြုပါနှင့်။ သိက္ခာရှိသော အပေးအယူကိစ္စများ ဆောင်ရွက်နိုင်ပါသည်။

 

 မိမိနှင့်သက်ဆိုင်သော အခြေအနေ အရပ်ရပ်အတွက် တစ်ပါးသူမှ ဝေဖန်ခြင်းအား ခံနိုင်ရည်ရှိရန် လိုပါလိမ့်မည်။

 

အိမ်ထောင်ဖက်နှင့် ခေတ္တခွဲခွာနေထိုင်ရပါလိမ့်မည်။ ဥစ္စာပစ္စည်းနှင့် ငွေကြေးချေးငှားခြင်း မပြုမိပါစေနှင့်။

 

အချစ်ရေးတွင် အခြေကြီးသူနှင့် အမှန်သဘောမဝင် စိတ်အစဉ်တူညီမှု ဆက်နွယ်ရန်မလွယ်ခဲ့ပါလျှင်

 

ပတ်ဝန်းကျင်မှ အနေနီးသူနှင့် သံယောဇဉ်ဖက်တွယ်မိရန်သာ စဉ်းစားပေးလိုက်ပါ။

 

ယတြာ ။ ။ လမ်းခင်းရန် အုတ်ခဲများ လှူပေးပါ။

 

ကြာသပတေး

 

အကျိုးစီးပွားဖြစ်ထွန်းစေသည့် ခရီးတစ်ခုသွားရပါလိမ့်မည်။ အရှေ့တိုင်း နိုင်ငံများနှင့် ပို၍အကျိုးရှိစေတတ်ပါသည်။

 

ပညာရေးနှင့်ပတ်သက်၍ ကံကောင်းစေတတ်ပါသည်။ ရုပ်ရှင်၊ အနုပညာ၊ တေးဂီတ၊ အစားအသောက်၊ အဝတ်အထည်၊

 

 ဇိမ်ခံပစ္စည်းများနှင့်ပတ်သက်၍ အကျိုးပေးခံစားခွင့် နည်းပါးစေတတ်ပါသည်။ ဝင်ငွေအစုလိုက်အပြုံလိုက်ဖြင့် ခံစားခွင့်ကြုံရစေတတ်ပါသည်။

 

ထီမကြာခဏထိုးပေးပါ။ အိပ်ရေးပျက်မခံပါနှင့်။ အရာရာတွင် ရသင့်သည်ထက် ပိုသောအလိုဆန္ဒမဖြစ်မိပါစေနှင့်။

 

အချစ်ရေးတွင် ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရား၏ ကောင်းသောစည်းအား စိတ်ဆန္ဒနှင့် သာယာမှုဖြင့် မကောင်းသောနည်းများဖြင့် 

 

ကျော်ဖြတ်နိုင်ရန် ကြိုးစားနေမိတတ်ပါသည်။ ဆင်ခြင်သတိပြုရန် လိုပါသည်။

 

 ယတြာ ။ ။ ရေမြောင်းများတွင် ပိတ်ဆို့နေသောအမှိုက်များအား ရှင်းထုတ်ပေးပါ။

 

သောကြာ

 

ရုတ်တရက်မထင်မှတ်ပါဘဲ ငွေကြေးဥစ္စာများ ဝင်လာပါလိမ့်မည်။ ဌာနဆိုင်ရာအတွင်း နိုင်ငံခြားခရီးစဉ်များနှင့် ပတ်သက်၍

 

 ဦးစားပေးရွေးချယ် ခံရစေတတ်ပါသည်။ ရသင့်ရထိုက်ပါသော လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များထဲမှ လက်လွှတ်ဆုံးရှုံးရခြင်းများ ကြုံရစေတတ်ပါသည်။

 

လူမသိသူမသိ အလှူဒါနပြုရခြင်းများ ဖြစ်ပေါ်စေတတ်ပါသည်။ ဘယ်ဖက်မျက်စိတွင် မတော်တဆထိခိုက်ဒဏ်ရာ ရစေတတ်ပါသည်။ သတိပြုဆင်ခြင်ပါ။

 

 ဆွေမျိုးသားချင်းများ၏ လိုအပ်ချက်၊ အခက်အခဲအတွက် ကူညီပံ့ပိုးမှု ပြုပေးရပါလိမ့်မည်။ အချစ်ရေးတွင် အကြိုက်အရှိ အခြေအနေ၌ အငိုက်မိအပျော်ဝင်

 

 ဖြစ်သွားစေသည့် သဘောအပေါင်းနည်းသုံး၍ အပြောကောင်းစွာ စည်းရုံးနိုင်ပါသော ချစ်သူမျိုးဖြင့် ဆုံဆည်းခွင့်ကြုံရပါလိမ့်မည်။

 

ယတြာ ။ ။ မွေးနေ့တွင် သီလဆောက်တည်၍ ပဋ္ဌာန်းရွတ်ဆိုပွားများပါ။

 

စနေ

 

မိမိ၏စီးပွားရေးလုပ်ငန်းများတွင် စိတ်ရှည်စွာဖြင့် သည်းခံခွင့်လွှတ်မှုများဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်မှသာ အောင်မြင်တိုးတက်မှုရရှိစေသော ကာလဖြစ်ပါသည်။

 

မိမိအနေဖြင့် တစ်ပါးသူများအပေါ်တွင် စိတ်စေတနာသန့်ရှင်းစွာဖြင့် ကူညီလိုစိတ်များရှိနေပါလိမ့်မည်။ အရာရာတွင် စိတ်မြန်လက်မြန်လုပ်ကိုင်ပြီးမှ အမှားများအပေါ်တွင်

 

 နောင်တရနေမိတတ်သည်။ ဆန့်ကျင်ဘက်လိင်များနှင့် အကျိုးပေးပါသည်။ သို့ပါသော်လည်း လွန်ကဲစွာလိုက်လျောမှု မပြုမိပါစေနှင့်။ မိမိ၏အားနည်းချက်ကို

 

သိနေသူ၏ အနိုင်ယူလွှမ်းမိုးခြင်းမျိုး ခံရစေတတ်ပါသည်။ အချစ်ရေးတွင် ချစ်သူနှင့် ပြောဆိုဆက်ဆံရာ၌ အချက်မှန်အပြောချိုစွာဖြင့်

 

 တစ်သက်ပန် သဘောအလိုပါစေမည့် စကားပရိယာယ်သည် တအားငြိတွယ် မြတ်နိုးစေမှုအတွက် လေးနက်မှုဖြစ်စေရပါလိမ့်မည်။

 

ယတြာ ။ ။ မွေးနေ့နံနက်တွင် လိမ္မော်သီးကပ်လှူပေးပါ။

 

Source-ဒေါက်တာလင်းမြတ်သူ

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Wednesday, 18 September 2019 15:30
Rate this item
(0 votes)
Tagged under