မိန်းကလေးမဆန်တဲ့ မိန်းကလေးဆိုတာ...

မိန်းကလေးမဆန်တဲ့ မိန်းကလေးဆိုတာ...

တစ်ချို့ မိန်းကလေးတွေက မိန်းကလေးပေမယ့်လို့ အရမ်းကြီး နွဲ့နှောင်းပျော့ပျောင်းတာတွေ မကြိုက်ကြပါဘူး။ နွဲ့နှောင်းပျော့ပျောင်းတာကို မကြိုက်ဘူးဆိုပေမယ့် ကျားကျားလျားလျား ဖြစ်နေတယ်လို့ မဆိုလိုဘူးနော်။

 

ဒီလိုမျိုး မိန်းကလေး သိပ်မဆန်တဲ့ ကောင်မလေးတွေမှာ ဒီလိုမျိုး အမူအကျင့်လေးတွေ ရှိနေတတ်ကြပါတယ်နော်

 

(၁) မဖြစ်ဖြစ်အောင်လုပ်တတ်တယ်

 

သူတို့ ရည်မှန်းထားတဲ့ အရာတစ်ခုကို ဘယ်လိုအတားအဆီးပဲရှိရှိ မဖြစ်ဖြစ်အောင် လုပ်တတ်ကြတဲ့ သူလေးတွေပါ။ မိန်းကလေးမို့လို့ မဖြစ်နိုင်ဘူး ဆိုတာမျိုးကိုး ဘေးချိတ်ထားတတ်ကြပြီး သူတို့ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်ကြပါတယ်။

 

(၂) တီရှပ်နဲ့ ဂျင်းဘောင်းဘီ

 

မိန်းကလေး သိပ်မဆန်တဲ့ ကောင်မလေးတော်တော်များများက free style တွေကို သဘောကျတတ်ကြပါတယ်။ အများအားဖြင့် သူတို့ ဝတ်လေ့ရှိတာက တီရှပ်နဲ့ ဂျင်းဘောင်းဘီကို သာ ဝတ်ဆင်တတ်ကြပါတယ်။

 

အပွင့်တွေ၊ အဖတ်တွေနဲ့ မိန်းကလေးသိပ်ဆန်တဲ့ အဝတ်အစားမျိုးကို လုံးဝမ

 

ကြိုက်တတ်ကြပါဘူး။

 

(၃) ချုပ်ချယ်တာ လုံးဝမကြိုက်ဘူး

 

ဒီလိုကောင်မလေးတွေက ချုပ်ချယ်ခံရတာမျိုးကို လုံးဝမကြိုက်တတ်ကြပါဘူး။ လွတ်လွတ်လပ်လပ် နေတတ်ကြပြီး သူတို့ရဲ့ လွတ်လပ်ခွင့်ကို ဘယ်သူလာပိတ်ပင်တာကိုမှ မကြိုက်တတ်ကြတဲ့သူတွေ ဖြစ်ကြပါတယ်။

 

(၄) ကြင်နာတတ် သူလေးတွေ

 

သူတစ်ပါးတွေအပေါ် ကြင်နာသနားတတ်ကြပြီး ကူညီတတ်တဲ့ စိတ်ထားရှိသူလေးတွေ ဖြစ်ကြပါတယ်။ ပုံစံကသာ မပျော့ပျောင်းတတ်ပေမယ့် နှလုံးသားကတော့ နူးညံသိမ်မွေ့ကြတဲ့ သူလေးတွေ ဖြစ်ကြပါတယ်။

 

အရာရာကို အကောင်းမြင်စိတ်ထားပြီး ပွင့်လင်းသဘောကောင်းတဲ့ သူလေးတွေပါ။

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

တစ္ခ်ိဳ႕ မိန္းကေလးေတြက မိန္းကေလးေပမယ့္လို႔ အရမ္းႀကီး ႏြဲ႕ေႏွာင္းေပ်ာ့ေပ်ာင္းတာေတြ မႀကိဳက္ၾကပါဘူး။ ႏြဲ႕ေႏွာင္းေပ်ာ့ေပ်ာင္းတာကို မႀကိဳက္ဘူးဆိုေပမယ့္ က်ားက်ားလ်ားလ်ား ျဖစ္ေနတယ္လို႔ မဆိုလိုဘူးေနာ္။

 

ဒီလိုမ်ိဳး မိန္းကေလး သိပ္မဆန္တဲ့ ေကာင္မေလးေတြမွာ ဒီလို္မ်ိဳး အမူအက်င့္ေလးေတြ ႐ွိေနတတ္ၾကပါတယ္ေနာ္။

 

jean3

 

(၁) မျဖစ္ျဖစ္ေအာင္လုပ္တတ္တယ္

 

သူတို႔ ရည္မွန္းထားတဲ့ အရာတစ္ခုကို ဘယ္လိုအတားအဆီးပဲ႐ွိ႐ွိ မျဖစ္ျဖစ္ေအာင္ လုပ္တတ္ၾကတဲ့ သူေလးေတြပါ။ မိန္းကေလးမို႔လို႔ မျဖစ္ႏုိင္ဘူး ဆိုတာမ်ိဳးကိုး ေဘးခ်ိတ္ထားတတ္ၾကၿပီး သူတို႔ျဖစ္ခ်င္တာကို ျဖစ္ေအာင္လုပ္တတ္ၾကပါတယ္။

 

jean

 

(၂) တီ႐ွပ္နဲ႔ ဂ်င္းေဘာင္းဘီ

 

မိန္းကေလး သိပ္မဆန္တဲ့ ေကာင္မေလးေတာ္ေတာ္မ်ားမ်ားက free style ေတြကို သေဘာက်တတ္ၾကပါတယ္။ အမ်ားအားျဖင့္ သူတို႔ ဝတ္ေလ့႐ွိတာက တီ႐ွပ္နဲ႔ ဂ်င္းေဘာင္းဘီကို သာ ဝတ္ဆင္တတ္ၾကပါတယ္။

 

အပြင့္ေတြ၊ အဖတ္ေတြနဲ႔ မိန္းကေလးသိပ္ဆန္တဲ့ အဝတ္အစားမ်ိဳးကို လံုးဝမႀကိဳက္တတ္္ၾကပါဘူး။

 

jean1

 

(၃) ခ်ဳပ္ခ်ယ္တာ လံုးဝမႀကိဳက္ဘူး

 

ဒီလိုေကာင္မေလးေတြက ခ်ဳပ္ခ်ယ္ခံရတာမ်ိဳးကို လံုးဝမႀကိဳက္တတ္ၾကပါဘူး။ လြတ္လြတ္လပ္လပ္ ေနတတ္ၾကၿပီး သူတို႔ရဲ႕ လြတ္လပ္ခြင့္ကို ဘယ္သူလာပိတ္ပင္တာကိုမွ မႀကိဳက္တတ္ၾကတဲ့သူေတြ ျဖစ္ၾကပါတယ္။

 

jean2

 

(၄) ၾကင္နာတတ္ သူေလးေတြ

 

သူတစ္ပါးေတြအေပၚ ၾကင္နာသနားတတ္ၾကၿပီး ကူညီတတ္တဲ့ စိတ္ထား႐ွိသူေလးေတြ ျဖစ္ၾကပါတယ္။ ပံုစံကသာ မေပ်ာ့ေပ်ာင္းတတ္ေပမယ့္ ႏွလံုးသားကေတာ့ ႏူးညံသိမ္ေမြ႕ၾကတဲ့ သူေလးေတြ ျဖစ္ၾကပါတယ္္။

 

အရာရာကို အေကာင္းျမင္စိတ္္ထားၿပီး ပြင့္လင္းသေဘာေကာင္းတဲ့ သူေလးေတြပါ။

 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Thursday, 13 February 2020 16:48
Rate this item
(0 votes)
Tagged under