မွေးနံအလိုက် မတူညီတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေစိတ်ထားများ...

မွေးနံအလိုက် မတူညီတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေစိတ်ထားများ... google

လူတိုင်းက ကိုယ့်ကိုမွေးတဲ့နေ့အလိုက် မတူညီတဲ့ အကျင့်စရိုက်၊စိတ်နေစိတ်ထားလေးတွေ ကိုယ်စီရှိကြပြီး တချို့အချက်လေးတွေဆိုရင် ကိုယ်ကိုယ်တိုင်တောင်သတိမထားမိတာမျိုးလေးတွေ ရှိပါတယ်။

မွေးနေ့နံအလိုက် ကိုယ်ကိုယ်တိုင်သတိမထားမိလောက်တဲ့အရာလေးတွေကတော့ ဒီမှာပါနော်..

 

တနင်္ဂနွေ

၇ ရက်သားသမီးတွေထဲဆွဲဆောင်မှုအရှိဆုံးကတော့ တနင်္ဂနွေတွေပါ။ ဖန်တီးနိုင်စွမ်းကောင်းတယ်၊ သစ္စာရှိတယ်၊ ကိုယ့်ကိုယ်ကိုပဲဦးစားပေးတတ်တဲ့သူ၊ တခြားသူတွေရဲ့လှည့်စားတာကိုမခံရမယ့်သူတွေဖြစ်တယ်။

ကိုယ့်ရဲ့ဖြစ်တည်မှုကိုပေါ်လွင်အောင်နေထိုင်တတ်ပြီး လူအများကြားမှာ အားကျရတဲ့သူတွေဖြစ်လာတတ်ပါတယ်။

 

တနင်္လာ

တနင်္လာတွေက စိတ်ဆတ်တယ်၊ ခံစားလွယ်တယ်၊ စိတ်ကူးယဉ်ဆန်တယ်၊ အလိုလိုသိတဲ့စိတ်ရှိတယ်။ အပြင်သွားရတာထက် အိမ်ထဲမှာနေရတာပိုကြိုက်တယ်၊

သီးသန့်နေရတာက သူတို့အတွက်စိတ်သက်သာရာရစေပြီး အလုပ်ကိုပိုကောင်းအောင်လုပ်နိုင်ကြပါတယ်။ စိတ်ခံစားချက် အတက်အကျမြန်တာကြောင့် ဒါကိုထိန်းချုပ်နိုင်ဖို့တော့ လိုပါတယ်။

 

အင်္ဂါ

အမှီအခိုကင်းတဲ့သူ၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အနိုင်ရချင်တဲ့သူတွေကတော့ အင်္ဂါတွေပါ။ ကိုယ့်ကိုလာထိရင် လုံးဝမခံတဲ့သူတွေ၊

ကိုယ့်ကိုထိခိုက်နစ်နာအောင်လာလုပ်ရင် အဆုံးထိလက်စားချေတတ်တဲ့သူတွေဖြစ်ပြီး ဘဝမှာရော၊ အချစ်မှာရော လွယ်လွယ်နဲ့အရှုံးမပေးတတ်သူတွေပေါ့။

တက်ကြွတယ်၊ ရဲရင့်တယ်၊ စွမ်းအားအပြည့်ရှိတယ်၊ စိတ်မရှည်တတ်ဘူး၊ အောင်မြင်ချင်စိတ်ပြင်းပြလွန်းပြီး ကိုယ့်ကိုအထိနာအောင်လုပ်ရင် ဖျက်ဆီးပစ်ဖို့လည်း ဝန်မလေးဘူး။

 

ဗုဒ္ဓဟူး

အတွေးအခေါ်အားကောင်းပြီး စဉ်းစားဆင်ခြင်ဉာဏ်မြင့်မားတယ်၊ ဘာကိုမှဂရုမစိုက်တတ်ဘူး၊ ပေါင်းသင်းဆက်ဆံရေးကောင်းပေမယ့် စိတ်တိုလွယ်တယ်။

အမြဲတမ်းသင်ယူချင်စိတ်ရှိနေတတ်ပြီး အရမ်းစမတ်ကျတဲ့သူတွေ၊ အလုပ်အရမ်းကြိုးစားတဲ့သူ၊ အလုပ်လောဘကြီးသူတွေဖြစ်ကြပါတယ်။

 

ကြာသပတေး
အကောင်းမြင်စိတ်ရှိတဲ့သူ၊ ဟာသဉာဏ်ရှိတဲ့သူ၊ အစွန်းမရောက်တတ်ဘဲ အမြင်ကျယ်တဲ့သူတွေကတော့ ကြာသပတေးလေးတွေပါ။

သူများကိုပဲအပြစ်တင်မနေဘဲ ကိုယ့်ကိုယ်ကိုလည်း မြင်အောင်ပြန်ကြည့်တတ်ပြီး သဘောထားကြီးတဲ့သူတွေဖြစ်ပါတယ်။ မိသားစုကိုတွယ်တာတဲ့သူတွေဖြစ်တယ်။

ရိုးသားတယ်၊ လွတ်လပ်မှုကိုမြတ်နိုးကြတယ်။ နောက်လူတစ်ယောက်ကို ချစ်မိပြီဆိုရင် တစ်သက်မမေ့နိုင်ပါဘူးတဲ့လေ။

 

သောကြာ

သောကြာလေးတွေကတော့ လူချစ်လူခင်များတယ်၊ အနုပညာအမြင်ရှိတယ်၊ တခါတလေမှာ သူများအမြင်တွေကိုအရမ်းဂရုစိုက်လွန်းတဲ့အကျင့်ရှိတယ်၊ အချိန်ဆွဲတတ်တယ်၊

ပျင်းရိငြီးငွေ့လွယ်တယ်။ လှပတဲ့ပတ်ဝန်းကျင်မျိုးနဲ့ သူတို့ကိုချစ်တဲ့သူတွေအနားမှာရှိဖို့လိုအပ်တယ်။ သူတို့မှာ လူတွေမသိတဲ့ ကိုယ်ရည်ကိုယ်သွေး၊

အစွမ်းအစမျိုးတွေရှိနေတတ်ပြီး လျှို့ဝှက်ချက်တွေများတယ်။ ဖန်တီးမှုအားကောင်းပြီး အနုပညာအမြင်၊ဖက်ရှင်အမြင်ရှိကြပေမယ့် ဇိမ်ခံပစ္စည်းတွေ၊တန်ဖိုးကြီးအသုံးအဆောင်တွေကိုတော့ သိပ်မမက်မောတတ်ဘူး။

 

စနေ

ခေတ်မီပြီး ထက်မြက်တဲ့စနေတွေက ဘာပဲလုပ်လုပ် အလျင်စလိုမလုပ်တတ်ဘူး၊ တဆင့်ချင်း အကောင်းဆုံးလုပ်တတ်ပြီး ကိုယ်လိုချင်တဲ့ဘဝမျိုးရအောင် ကြိုးစားတယ်။

ပညာရှိတယ်၊ လက်တွေ့ကျတယ်၊ အတွေးအခေါ်မြင့်မားပြီး ဘာပြီးရင်ဘာလုပ်ရမလဲဆိုတာ ချက်ချင်းစဉ်းစားနိုင်တယ်။

တစ်ယောက်တည်းနေရတာကိုပိုကြိုက်ပေမယ့် အဖွဲ့အစည်းနဲ့နေရမယ်ဆိုလည်း အဆင်ပြေအောင်နေတတ်တဲ့ အရည်အချင်းမျိုးကိုပိုင်ဆိုင်ထားတယ်။

Credit: RAY

 

Zawgyi ျဖင့္ဖတ္ရန္...

လူတိုင္းက ကိုယ့္ကိုေမြးတဲ့ေန႕အလိုက္ မတူညီတဲ့ အက်င့္စရုိက္၊စိတ္ေနစိတ္ထားေလးေတြ ကိုယ္စီရွိၾကျပီး တခ်ိဳ႕အခ်က္ေလးေတြဆိုရင္ ကိုယ္ကိုယ္တိုင္ေတာင္သတိမထားမိတာမ်ိဳးေလးေတြ ရွိပါတယ္။

ေမြးေန႕နံအလိုက္ ကိုယ္ကုိယ္တိုင္သတိမထားမိေလာက္တဲ့အရာေလးေတြကေတာ့ ဒီမွာပါေနာ္..

တနဂၤေႏြ

၇ ရက္သားသမီးေတြထဲဆြဲေဆာင္မႈအရွိဆံုးကေတာ့ တနဂၤေႏြေတြပါ။ ဖန္တီးနိုင္စြမ္းေကာင္းတယ္၊ သစၥာရွိတယ္၊ ကိုယ့္ကိုယ္ကိုပဲဦးစားေပးတတ္တဲ့သူ၊ တျခားသူေတြရဲ႕လွည့္စားတာကိုမခံရမယ့္သူေတြျဖစ္တယ္။

ကိုယ့္ရဲ႕ျဖစ္တည္မႈကိုေပၚလြင္ေအာင္ေနထိုင္တတ္ျပီး လူအမ်ားၾကားမွာ အားက်ရတဲ့သူေတြျဖစ္လာတတ္ပါတယ္။

 

တနလၤာ

တနလၤာေတြက စိတ္ဆတ္တယ္၊ ခံစားလြယ္တယ္၊ စိတ္ကူးယဥ္ဆန္တယ္၊ အလိုလိိုသိတဲ့စိတ္ရွိတယ္။ အျပင္သြားရတာထက္ အိိမ္ထဲမွာေနရတာပုိၾကိဳက္တယ္၊

သီးသန္႕ေနရတာက သူတို႕အတြက္စိတ္သက္သာရာရေစျပီး အလုပ္ကိုပိုေကာင္းေအာင္လုပ္နိုင္ၾကပါတယ္။ စိတ္ခံစားခ်က္ အတက္အက်ျမန္တာေၾကာင့္ ဒါကိုထိန္းခ်ဳပ္နိုင္ဖို႔ေတာ့ လိုပါတယ္။

 

အဂၤါ

အမွီအခိုကင္းတဲ့သူ၊ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အနိုင္ရခ်င္တဲ့သူေတြကေတာ့ အဂၤါေတြပါ။ ကိုယ့္ကိုလာထိရင္ လံုးဝမခံတဲ့သူေတြ၊

ကိုယ့္ကိုထိခိုက္နစ္နာေအာင္လာလုပ္ရင္ အဆံုးထိလက္စားေခ်တတ္တဲ့သူေတြျဖစ္ျပီး ဘဝမွာေရာ၊ အခ်စ္မွာေရာ လြယ္လြယ္နဲ႕အရံႈးမေပးတတ္သူေတြေပါ့။

တက္ၾကြတယ္၊ ရဲရင့္တယ္၊ စြမ္းအားအျပည့္ရွိတယ္၊ စိတ္မရွည္တတ္ဘူး၊ ေအာင္ျမင္ခ်င္စိတ္ျပင္းျပလြန္းျပီး ကိုယ့္ကိုအထိနာေအာင္လုပ္ရင္ ဖ်က္ဆီးပစ္ဖုိ႕လည္း ဝန္မေလးဘူး။

 

ဗုဒၶဟူး

အေတြးအေခၚအားေကာင္းျပီး စဉ္းစားဆင္ျခင္ဉာဏ္ျမင့္မားတယ္၊ ဘာကိုမွဂရုမစိုက္တတ္ဘူး၊ ေပါင္းသင္းဆက္ဆံေရးေကာင္းေပမယ့္ စိတ္တိုလြယ္တယ္။

အျမဲတမ္းသင္ယူခ်င္စိိတ္ရွိေနတတ္ျပီး အရမ္းစမတ္က်တဲ့သူေတြ၊ အလုပ္အရမ္းၾကိုးစားတဲ့သူ၊ အလုပ္ေလာဘၾကီးသူေတြျဖစ္ၾကပါတယ္။

 

ၾကာသပေတး
အေကာင္းျမင္စိတ္ရွိတဲ့သူ၊ ဟာသဉာဏ္ရွိတဲ့သူ၊ အစြန္းမေရာက္တတ္ဘဲ အျမင္က်ယ္တဲ့သူေတြကေတာ့ ၾကာသပေတးေလးေတြပါ။

သူမ်ားကိုပဲအျပစ္တင္မေနဘဲ ကိုယ့္ကိုယ္ကိုလည္း ျမင္ေအာင္ျပန္ၾကည့္တတ္ျပီး သေဘာထားၾကီးတဲ့သူေတြျဖစ္ပါတယ္။ မိသားစုကိုတြယ္တာတဲ့သူေတြျဖစ္တယ္။

ရိုးသားတယ္၊ လြတ္လပ္မႈကိုျမတ္နိုးၾကတယ္။ ေနာက္လူတစ္ေယာက္ကို ခ်စ္မိၿပီဆိုရင္ တစ္သက္မေမ့ႏုိင္ပါဘူးတဲ့ေလ။

 

ေသာၾကာ

ေသာၾကာေလးေတြကေတာ့ လူခ်စ္လူခင္မ်ားတယ္၊ အနုပညာအျမင္ရွိတယ္၊ တခါတေလမွာ သူမ်ားအျမင္ေတြကိုအရမ္းဂရုစိုက္လြန္းတဲ့အက်င့္ရွိတယ္၊ အခ်ိန္္ဆြဲတတ္တယ္၊

ပ်င္းရိျငီးေငြ႕လြယ္တယ္။ လွပတဲ့ပတ္ဝန္းက်င္မ်ိုးနဲ႕ သူတို႕ကိုခ်စ္တဲ့သူေတြအနားမွာရွိဖို႕လိုအပ္တယ္။ သူတို႕မွာ လူေတြမသိတဲ့ ကိုယ္ရည္ကိုယ္ေသြး၊

အစြမ္းအစမ်ိဳးေတြရွိေနတတ္ျပီး လွ်ိဳ႕ဝွက္ခ်က္ေတြမ်ားတယ္။ ဖန္တီးမႈအားေကာင္းျပီး အနုုပညာအျမင္၊ဖက္ရွင္အျမင္ရွိၾကေပမယ့္ ဇိမ္ခံပစၥည္းေတြ၊တန္ဖိုးၾကီးအသံုးအေဆာင္ေတြကိုေတာ့ သိပ္မမက္ေမာတတ္ဘူး။

 

စေန

ေခတ္မီျပီး ထက္ျမက္တဲ့စေနေတြက ဘာပဲလုပ္လုပ္ အလ်င္စလိုမလုပ္တတ္ဘူး၊ တဆင့္ခ်င္း အေကာင္းဆံုးလုပ္တတ္ျပီး ကိုယ္လိုခ်င္တဲ့ဘဝမ်ိဳးရေအာင္ ၾကိုးစားတယ္။

ပညာရွိတယ္၊ လက္ေတြ႕က်တယ္၊ အေတြးအေခၚျမင့္မားျပီး ဘာျပီးရင္ဘာလုပ္ရမလဲဆိုတာ ခ်က္ခ်င္းစဉ္းစားနိုင္တယ္။

တစ္ေယာက္တည္းေနရတာကိုပိုၾကိုက္ေပမယ့္ အဖြဲ႕အစည္းနဲ႕ေနရမယ္ဆိုလည္း အဆင္ေျပေအာင္ေနတတ္တဲ့ အရည္အခ်င္းမ်ိဳးကိုပိုင္ဆိုင္ထားတယ္။

Credit: RAY

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 31 January 2020 16:45
Rate this item
(0 votes)
Tagged under