ယောကျာင်္းဖြစ်စေ… မိန်းမဖြစ်စေ တကယ်ချစ်ကြတယ် ဆိုရင်အတိတ်က အမှားတွေကိုလက်ညှိးထိုးမပြောပါနဲ့

ယောကျာင်္းဖြစ်စေ… မိန်းမဖြစ်စေ တကယ်ချစ်ကြတယ် ဆိုရင်အတိတ်က အမှားတွေကိုလက်ညှိးထိုးမပြောပါနဲ့ google.com

ယောကျာင်္းဖြစ်စေ… မိန်းမဖြစ်စေ တကယ်ချစ်ကြတယ်ဆိုရင် အတိတ်က အမှား တွေကိုလက်ညှိးထိုး ပြောဆိုတာမျိုး မလုပ်ရဘူး။ တကယ်ချစ်တယ်ဆိုရင်သူမှား နေရင်တောင်မှ

လက်ခံနားလည်ပေးရမှာပဲ။ ချစ်သူ/ရည်းစားရယ်လို့ဖြစ်လာပြီဆိုရင် တစ်ယောက်သိက္ခာကိုတစ်ယောက်က ကာကွယ်ပေးရမယ်။ အပုပ်မချသင်ဘူး။လူတိုင်းဟာ အတ္တသမားချည်းပဲ။ သူ့အတ္တကိုထိပါးလာတာ လူတိုင်းမကြိုက်ကြဘူး။

 

ပေါင်းသင်းဆက်ဆံ ရေးမှာ ဒီအချက်က သိပ်အ ရေးကြီးတယ်။ ဆိုပါ တော့ … ထောင်ကျ နေတဲ့  လူတွေကို ခင်ဗျားမှားတယ်လို့သွား ပြောရင် ဘာပြန်ပြောမယ်ထင်လဲ။ “တကယ်က ကျွန်တော် လူမှားပြီး တရားစွဲခံခဲ့ရတာပါ”

 

“တရားသူကြီးက လာဒ်စားလို့ပါ” “ကျွန်တော် ဘုရားမကြိုက်တာ မလုပ်ခဲ့ပါဘူး” ဆိုတဲ့အ ဖြေပဲပေးကြလိမ်မယ့်။ လူ၁၀၀မှာ ၈၀ လောက်က ဝန်ခံရဲကြမှာ မဟုတ်ဘူး။ ဒါဟာ ဘာလို့လဲဆိုတော့ လူတိုင်းဟာ မိမိအတ္တကိုမိမိကာကွယ်ချင်တဲ့စိတ်ရှိလို့ပဲပေါ့။

 

ချစ်သူ/ရည်းစား အချင်းချင်း ကွယ်ရာမှာ တစ်ယောက်ကိုတစ်ယောက်မ ကောင်း ကြောင်း ပြောဆို နေရင်ဒါဟာ တကယ်ချစ်တာမဟုတ်ဘူးလို့ ယူဆလို့ရပါတယ်။ ချစ်နေဆဲအချိန်မှာ မြုံထားကြပေမယ့် ပြဿနာဖြစ်ကြတဲ့အခါ အချင်းချင်း ငယ်ကျိုးငယ်နာ

 

တွေဖော်ကြမယ်ဆိုရင်ဘယ်မှာငြိမ်းအေးမှုရှိပါတော့မလဲ။အမှားကင်းတဲ့လူရယ်လို့ဒီလောကမှာမရှိဘူး။သူလည်းမှားသလိုကိုယ်လည်းမှားမှာပဲလေ။ဒါကိုနားလည်သဘောပေါက်ထားရမယ်။ကွယ်ရာမှာအချင်းချင်းဝေဖန်အပုပ်ချနေတဲ့ သူနဲ့ပေါင်းကာမှ

 

ကိုယ်သိက္ခာကျရမယ်ဆိုရင်ဘယ်သူကဆက်ပေါင်းချင်ပါတော့မလဲ။သဘောကတော့ရိုးရှင်းပါတယ်။ကိုယ်တကယ်ချစ်ရင်သူ့ဘဝကိုနားလည်ပေးလိုက်။နားလည်မပေးနိုင်ရင်မချစ်နဲ့ပေါ့။ဘယ်သူမှ ချစ်ပါလို့ အတင်းအကျပ်မတာင်းဆိုပါဘူး။

 

ချစ်တတ်ကြပါစေ……

 

Credit;U Ko

 

Readmore;ထက်မြက်တဲ့ မိန်းကလေးတွေအဖို့ အချစ်ဆိုတာဘဝတစ်ခုလုံးမဟုတ်ရတဲ့အကြောင်းရင်း (၅) ချက်

Read times Last modified on Wednesday, 19 September 2018 10:37
Rate this item
(1 Vote)