ထက်မြက်တဲ့ မိန်းကလေးတွေအဖို့ အချစ်ဆိုတာဘဝတစ်ခုလုံးမဟုတ်ရတဲ့အကြောင်းရင်း (၅) ချက်

ထက်မြက်တဲ့ မိန်းကလေးတွေအဖို့ အချစ်ဆိုတာဘဝတစ်ခုလုံးမဟုတ်ရတဲ့အကြောင်းရင်း (၅) ချက် google.com

လူတော်တော်များများအတွက် အချစ်ဆိုတာ အရေးကြီးဆုံးအရာတစ်ခုလို ဖြစ်နေတတ်ပါတယ်။ အချစ်ကြောင့်ပဲ စိတ်တွေညစ်၊ အချစ်ကြောင့်ပဲ ဘဝတွေပျက်၊ အချစ်ကိုပဲ

တစ်ဘဝထင်တတ်ကြပါတယ်။ ဒါပေမယ့် ထက်မြက်တဲ့မိန်းကလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ အကြောင်းရင်းတွေကတော့ ဒီလိုပါ။

(၁) ရည်မှန်းချက်တွေရှိနေတယ်

ထက်မြက်တဲ့မိန်းကလေးတွေတိုင်းမှာ ကြီးမားတဲ့ စိတ်ကူးအိပ်မက်တွေရှိပြီး ဘဝပန်းတိုင်တွေရှိနေပါတယ်။ ပန်းတိုင်ကိုရောက်ဖို့၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အတွက်

ကျားကုတ်ကျားခဲ ကြိုးစားကြပါတယ်။ ဒီလိုမိန်းကလေးတွေအဖို့ အချစ်တစ်ခုအတွက်နဲ့ အဲဒီ့အရာတွေအားလုံးကို စွန့်လွှတ်ဖို့ဆိုတာ လုံးမဖြစ်နိုင်တဲ့ကိစ္စပါ။

(၂) မိဘတွေကို စိတ်မညစ်စေချင်ဘူး

ထက်မြက်တဲ့ မိန်းကလေးတွေအဖို့ မိဘဆိုတာ အရေးကြီးဆုံးပါ။ မိဘတွေ စိတ်ချမ်းသာစေဖို့၊ မိဘတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့သာ အရေးကြီးဆုံးပါ။ ကိုယ့်ကြောင့်မိဘတွေ စိတ်ဆင်းရဲရမှာမျိုးကို

လုံးဝမလိုလားကြပါဘူး။ ဒါကြောင့်မိဘတွေ စိတ်ချမ်းသာဖို့အတွက်ဆိုရင် အချစ်ဆိုတာ မရှိလည်း ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြတဲ့ သူတွေပါ။

(၃) လုပ်သင့်တာကိုဦးစားပေးတယ်

ထက်မြက်သူတွေဟာ ဘယ်တော့မှ လုပ်ချင်တာတစ်ခုတည်းကိုပဲ ဦးစားပေးတတ်တဲ့သူတွေ မဟုတ်ကြပါဘူး။ လုပ်ချင်တာနဲ့ လုပ်သင့်တာနှစ်ခု ယှဉ်လာတဲ့အခါ၊ လုပ်သင့်တာကိုပဲ ဦးစားပေးတတ်တဲ့

သူတွေပါ။ ဒါကြောင့်မို့လို့ သူတို့ဘဝရဲ့လုပ်သင့်တဲ့အရာတွေကို အချစ်ကြောင့်နဲ့ လက်လွတ်ဆုံးရှုံးခံမယ့်သူတွေ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရာအားလုံးမှာ သူ့အချိန်နဲ့သူရှိတယ်ဆိုတာ ကောင်းကော

င်းသိနေလို့ပါ။

(၄) အချိန်ကုန်မခံချင်ဘူး

ထက်မြက်တဲ့မိန်းကလေးတွေဟာ အချစ်အတွက်နဲ့ သူတို့ရဲ့အချိန်တွေကို အလဟသ မဖြုန်းချင်တဲ့သူတွေပါ။ သူတို့ဘဝမှာ အချိန်ပြည့် အချစ်အကြောင်းပဲစဉ်းစား၊ အချစ်အတွက်ပဲ အသက်ရှင်နေရမှာကို

လုံးဝမလိုလားကြသလို လုံးဝလည်း လုပ်မှမဟုတ်ပါဘူး။ သူတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို မသေချာမရေရာတဲ့ အချစ်အတွက် ထက်စာရင် သေချာတဲ့နေရာ တစ်ခုခုမှာမြှုပ်နှံချင်ကြတဲ့သူတွေပါ။

(၅) အောက်ကျနောက်ကျမခံချင်ဘူး

ထက်မြက်တဲ့ မိန်းကလေးတွေဆိုတာ အချစ်အတွက်နဲ့ အောက်ကျနောက်ကျ မခံချင်တဲ့သူတွေပါ။ တကယ်လို့ ကိုယ့်ကိုသိပ်မချစ်တဲ့ယောက်ျား၊ ကိုယ့်ကို သိပ်တန်ဖိုးမထားတဲ့ ယောက်ျားမျိုးဆိုရင်

ကိုယ့်ဖက်က ဘယ်လောက်ချစ်ချစ် လမ်းခွဲဖို့ ဝန်မလေးတတ်ကြပါဘူး။ အကြောင်းကတော့ အချစ်ဆိုတာ သူတို့ရဲ့ သိက္ခာ၊ မာနလောက်အရေးမကြီးလို့ပါ။

Credit;Aunty May

Readmore;မင်္ဂလာဝတ်စုံလေးကို ရွေးချယ်တော့မယ်ဆိုရင် ဒါလေးကိုတော့ရှောင်ပါ

Read times Last modified on Wednesday, 19 September 2018 10:38
Rate this item
(1 Vote)