အချစ်စစ်နဲ့ သက်ဆိုင်တဲ့အချက်များ - ၂

အချစ်စစ်နဲ့ သက်ဆိုင်တဲ့အချက်များ - ၂ google.com

အချစ်စစ်နဲ့ တွေ့ပြီးပေါင်းစပ်ချင်ပေမယ့် အချစ်စစ်ဟာ ဘယ်လိုလူလဲလို့မသိရင် စိန်ကောင်း၊

ကျောက်ကောင်း လိုချင်ပေမယ့် စိန်ကောင်း ၊ ကျောက်ကောင်းရဲ့အရည်အသွေးတွေဟာ ဘာမှန်းမသိသလိုဖြစ်နေပါလိမ့်မယ်။ ဘယ်သူမှ လမ်းခွဲဖို့ ပေါင်းစပ်ချင်ကြမှာ မဟုတ်ပါဘူး။

 

သူကလည်း ကိုယ့်ကို စချစ်ခဲ့ကတည်းက ကိုယ့်ရဲ့ပုံစံကို လက်ခံပြီးချစ်ခဲ့တာမို့ သူဖြစ်ချင်တဲ့ပုံစံကို ကိုယ်ပြောင်းလိုက်ရင် ကိုယ့်ရဲ့ နဂိုမူရင်းပုံစံတွေ ပျောက်ပျက်သွားမှာသူစိုးတာမို့ စားစား၊ သွားသွား၊ ဘာပဲလုပ်လုပ် ကိုယ့်ရဲ့စိတ်ရင်းအတိုင်း လုပ်ကိုင်နေထိုင်နိုင်ပါတယ်။

 

အိမ်ထောင်သက်(၁၀)နှစ်နီးပါးရှိနေချိန်ထိ ရင်ထဲစွဲနေတဲ့ သူ့စကားကတော့ စိတ်သဘောအတိုင်းနေထိုင်တာကို သူချစ်တာဖြစ်ပါတယ်။

 

လေးလေးနက်နက်ပြောခဲ့တဲ့ သူ့မျက်လုံးနဲ့ သူ့စကားလုံးတွေကြောင့် အဲဒီအချိန်ကတည်းက သူဟာ ကိုယ့်ရဲ့ အဖော်မွန်ကောင်းလို့ ကိုယ်က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

 

နောက်ပိုင်းမှာ အပြောနဲ့အလုပ် တကယ် ညီ၊ မညီဆိုတာ နည်းနည်းတော့ စောင့်ကြည့်စမ်းသပ်ခဲ့ပါသေးတယ်။ သို့ပေမယ့် နှစ်တွေအကြာကြီးမတွဲဘဲ တစ်ဦးကိုတစ်ဦး နားလည်သထက်နားလည်လာတဲ့အချိန်မှာမှ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။

 

တကယ်လိုအပ်တာက ကိုယ့်ရဲ့စိတ်ရင်းအမှန်ကို တစ်သက်တာ ချစ်မြတ်နိုးတဲ့သူဖြစ်ပြီး ကိုယ့်ဘယ်ပဲဖြစ်သွားသွား၊ ဘယ်လိုပဲနေနေ၊ ကိုယ့်ကို ချစ်မယ့်သူ၊ နားလည်ပေးမယ့်သူ၊ အားပေးမယ့်သူ၊ ဖေးမမယ့်သူ၊ ကိုယ့်လက်တစ်ဖက်ကို သေတစ်ပန်သက်တစ်ဆုံး လက်တွဲသွားမယ့်သူ ဖြစ်စေဖို့ လိုအပ်ပါတယ်။

 

ကိုယ်က ဒီလိုချစ်မယ့် အဖော်ကောင်းလိုချင်တယ်ဆို ကိုယ်တိုင်ကလည်း ဒီလိုချစ်တတ်တဲ့ အဖော်ကောင်း သူ့အတွက် ဖြစ်ပေးသင့်ပါတယ်။

 

ရယူလိုမှုချည်းပဲ ရှေ့တန်းတင်လွန်းတဲ့အခါ တစ်ဖက်သတ်ဆန်သွားတာမို့ တစ်ဘက်လူက တစ်သက်တာ ပေးဆပ်ချစ်သွားနိုင်ရင် ကိုယ်ကံကောင်းသွားတာပေါ့။

 

ဘယ်အရာမဆိုတော့ အသွားအပြန်တော့ ရှိသင့်ပါတယ်။ ဘက်ညီတဲ့အဖော်ကောင်းတွေကမှ တက်ညီလက်ညီရှိကြတာပါ။

 

ဘက်မညီတဲ့အခါ တက်မညီတာမို့ ရှေ့ရောက်သင့်ပေမယ့် လှော်နေရင်းရှေ့မရောက်ဘဲ တဝဲလည်လည်နဲ့ အဆုံးစွန်မှာ ဘဝလှေကလေး မြုပ်သွားနိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:46
Rate this item
(2 votes)