Relationshipတစ်ခုအတွက်မမျှော်လင့်ထားတဲ့ ပြသာနာ(၇)ခု

Relationshipတစ်ခုအတွက်မမျှော်လင့်ထားတဲ့ ပြသာနာ(၇)ခု google.com

ရွေးချယ်စရာတွေ များတဲ့ခေတ်ကြီးမှာ Single အဖြစ်ပဲနေမလား သမီးရည်းစားစုံတွဲအဖြစ်နဲ့ပဲ နေမလား၊ Living Togethe နေကျမလား ၊လက်ထပ်ပြီး တစ်အိုးတစ်အိမ်ထူထောင်မလား။အများကြီးပါ။

မန်မာနိုင်ငံအနေနဲ့တော့ Living Togetherကို အားပေးတဲ့သူ မရှိပေမယ့် ကျန်တဲ့Relationshipတိုင်းကို အားပေးကျတဲ့သူတွေကတော့ များပါတယ်။Relationshipတစ်ခုတည်ဆောက်ပြီးပြီဆိုရင်လည်း မပျက်စီးအောင်ဘယ်လိုထိန်းရမလဲဆိုတာက အရေးကြီးပါတယ်။အဲ့လိုမပျက်စီးအောင် ထိန်းဖို့ဆိုရင် ဒီအချက်()ချက်ကို သတိထားသင့်ပါတယ်နော်။

 

 

()လိင်ဆက်ဆံခြင်း

 

ယောက်ကျားတစ်ယောက်အတွက်တော့ Relationshipတစ်ခုမှာ Sexဆိုတာကတော့ ပါတတ်ကြတာပါပဲ။တက်ကြွသည်ဖြစ်စေ မတက်ကြွသည်ဖြစ်စေကိုယ်နဲ့ပတ်သတ်တဲ့သူက Sexကိစ္စမှာကိုယ်လိုပဲ ဖြစ်နေရင်တော့ ကံကောင်းတာပေါ့။မဟုတ်ရင်တော့ အတော်လေး ပြသာနာတက်မယ့်ကိစ္စပါ။ကလေးတွေကြောင့်သော်လည်းကောင်းSexကိစ္စမရှိလည်း နေလို့ဖြစ်ပါတယ်ဆိုတာကြောင့်သော်လည်းကောင်း ပြည့်တန်ဆာတစ်ယောက်နဲ့ ဆက်ဆံနေရင်သော်လည်းကောင်း တခြားအမျိုးသမီးတစ်ယောက်ကိုစိတ်ဝင်စားနေရင်သော်လည်းကောင်း စိတ်ပြောင်းလဲနေတယ်ဆိုပါစို့။ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲနော် Sexကိစ္စကကိုယ်နဲ့ ကိုယ်ရဲ့ အဖော်ကြားမှာ နည်းသွားလေလေ Relationship ကဝေးကွာသွားလေလေဖြစ်တတ်ပါတယ်။ဒီအခက်အခဲကို ဖြေရှင်းဖို့အဆင်အပြေဆုံးနည်းလမ်းက စိတ်ရှည်ပါ တစ်ယောက်နဲ့တစ်ယောက် ပုံမှန်လေးပြောဆိုဆက်ဆံပါ အလိုက်သိပါ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ချစ်မြတ်နိုးကျပါလို့အကြံပြုပါရစေ။

 

 

၂။ငွေကြေး

 

ငွေကြေးအခက်အခဲဆိုတာက စုံတွဲအများစုအတွက် ပြသာနာတစ်ရပ်ပါ။ငွေကြေးအဆင်မပြေရင် Relationship တစ်ခုရဲ့စိတ်ပျက်စိတ်ညစ်စရာကောင်းတာတွေက အဲ့ဒီကိစ္စမှာအကုန်သွားဆုံပြီး ပေါက်ကွဲကုန်တော့တာပဲ။တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်တွေထားလာရင် ရှက်ရွံစိုးရိမ်မှုတွေများလာရင် ငွေရေးကြေးရေးပြသာနာတွေ တက်လာတော့တာပါပဲ။ပိုက်ဆံကြောင့်တက်တဲ့ပြသာနာတွေကို သေသေချာချာမဖြေရှင်းနိုင်ရင် စိတ်ဖိအားတွေများလာမယ်။ဒေါသတွေ ပိုဖြစ်လွယ်လာကြမယ်။ချစ်ခြင်းမေတ္တာတရားပါ ပျောက်ဆုံးကုန်ကြမယ်နော်။သတိထားကြပါ။

 

 

၃။ကလေးများ

 

 

ကလေးချစ်တတ်ကျတော့ ကလေးယူကျပါတယ်။ကိုယ့်သားသမီးဆိုတော့ ကျွေးမွေးစောင့်ရှောက်ရမယ့် တာဝန်ကလည်း ရှိလာပြန်ရော။အဲ့ဒီမှာ ပြသာနာက စတက်တာပါ။ကလေးထိန်းရတယ်ဆိုတာက ခဏလေးနဲ့ပဲ ပြီးပြတ်သွားတဲ့ကိစ္စမှမဟုတ်ပါဘူး။ကလေးတွေအတွက်ပဲ အချိန်ပေးပြီး ကိုယ့်အိမ်ထောင်ဖက်ကို ကိုယ်အချိန်မပေးတော့ ပြသာနာတွေ တက်ကျပြန်ရော။အဲ့တော့ ကလေးတွေကို စောင့်ရှောက်နေတာနဲ့ပဲ မိမိတို့ရဲ့ ငြိမ်းချမ်းသာယာတဲ့ အိမ်ထောင်ရေးဘဝလေးကိုအထိခိုက်မခံပါနဲ့။

 

 

၎။ငြီးငွေ့ခြင်း

 

အင်းဒီအချက်ကတော့ကိုယ်ကိုယ်တိုင်အပေါ်ပဲမူတည်ပါတယ်။ကိုယ်Relationshipကို တည်ငြိမ်အေးချမ်းအောင် ပျင်းစရာမဖြစ်အောင် ထိန်းသိမ်းချင်တယ်ဆိုတဲ့စိတ် ()ယောက်စလုံးမှာမရှိရင် တစ်နည်းနည်းနဲ့တော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်ငြီးငွေ့လာကျမှာအသေအချာပဲ။ဖြစ်တတ်တဲ့ကိစ္စကြီးပါ။အဲ့ဒီတော့ကိုယ့်ချစ်သူနဲ့တိုင်ပင်ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာစွာနဲ့ နေထိုင်နိုင်အောင် ညှိနှိုင်းကြသင့်ပါတယ်။

 

 

၅။ငြင်းခုံရန်ဖြစ်ခြင်း

 

ငြင်းခုံရန်ဖြစ်တယ်ဆိုတာက အတော်လေးဆိုးရွားပြီး စိတ်ပျက်စရာကောင်းတဲ့ကိစ္စပါ။ပြီးတော့ ဒီလိုဖြစ်တိုင်း အနိုင်လိုချင်ကြတာပဲ။ရှုံးခဲ့ရင်တောင် ရှုံးပါတယ်ဆိုတာ ဝန်မခံချင်ကျဘူး။လူငယ်စုံတွဲတွေမှာ ဒီလိုအလျော့မပေးချင်တာတွေကပိုများပါတယ်။

 

 

၆။လျှို့ဝှက်ချက်များထားခြင်း

 

သမီးရည်းစားစဖြစ်ကာစက အခြေအနေကို ပြန်စဉ်းစားကြည့်ပါ။တစ်ယောက်အကြောင်းတစ်ယောက်သိကျအောင် အချိန်အကြာကြီးတွေ စကားပြောကျတယ်။ဖြစ်ချင်တဲ့အိပ်မက်တွေ လျှို့ဝှက်ချက်တွေအထိ ပြောပြကျတယ်။စိတ်ချမ်းသာစရာကောင်းခဲ့တယ်။အချိန်ကြာလာတာနဲ့အမျှ လုပ်စရာအလုပ်တွေများလာတဲ့နဲ့အမျှစကားပြောတာတွေ နည်းလာတယ်။တဖြည်းဖြည်းနဲ့သူမသိတဲ့ အကြောင်းတွေများလာသလိုသူ့မှာလည်း ကိုယ်မသိတဲ့အကြောင်းတွေများလာတယ်။အဲ့ဒီမှာပြသာနာတွေတက်တာ့တာပဲ။

 

 

၇။ကတိပေးခြင်း

 

ကိုယ်ချစ်မြတ်နိုးရတဲ့သူကို ကတိတစ်ခုပေးပြီး မေ့သွားမိတဲ့အခါ၊သူကကိုယ့်ကို တလေးတစားဆက်ဆံထားတာတွေကို အရေးတယူမလုပ်တဲ့အခါ သူ့အတွက်တော့ အရမ်းနာကျင်ခံစားရပါတယ်။ပြသာနာမှန်သမျှထဲမှာ ဒီတစ်ခုက ဖြေရှင်းဖို့အလွယ်ဆုံးပါ။အချိန်ပေးပြီး ဂရုစိုက်ပေးလိုက်ပါ။အဆင်ပြေသွားမှာပါ။

 

 

Credit;Gentleman magazine

Read times Last modified on Tuesday, 18 September 2018 15:57
Rate this item
(1 Vote)