အချစ်ရေးကို ပိုမိုခိုင်မြဲစေတဲ့ အကျင့် ဆိုးလေးတွေ

အချစ်ရေးကို ပိုမိုခိုင်မြဲစေတဲ့ အကျင့် ဆိုးလေးတွေ google

ချစ်သူနှစ်ယောက်ကြားကဆက်ဆံရေးက စင်းလုံးချောဖြစ်ဖို့လိုတယ်ဆိုတာမျိုး၊ တစ်ယောက်နဲ့တစ်ယောက် တတ်နိုင်သလောက်အငြင်းမပွားဘဲ

အလျှော့ပေးကြဖို့ အကြံပေးချင်ပါတယ်။ ဒါဆို အချစ်ရေးကိုပိုမိုခိုင်မြဲစေတဲ့ အကျင့်ဆိုးလေးတွေက ဘာတွေဖြစ်မလဲဆိုတာ ပြောပြပေးထားပါတယ်။

 

အငြင်းပွားခြင်း

 

ကိုယ့်အမြင်ကိုထုတ်ပြောပြီး အငြင်းပွားခြင်းက နှစ်ယောက်ကြားမှာ အဆင်မပြေမှုတွေဖြစ်စေတယ်လို့ထင်ရပေမယ့် ဒီလိုမျိုး ကိုယ့်အမြင်ကိုဖွင့်ပြောတာက တစ်ယောက်နဲ့တစ်ယောက်ထိမ်ချန်ထားတာမရှိဘူးဆိုတဲ့ ခံစားချက်ကိုဖြစ်စေပြီး ယုံကြည်မှုကိုတိုးစေပါတယ်။

 

ကိုယ့်ကိုယ်ကိုဦးစားပေးခြင်း

 

ချစ်သူတွေဖြစ်သွားတဲ့အခါ၊ မိသားစုတစ်ခုထူထောင်လိုက်တဲ့အခါ ကိုယ့်ချစ်သူ၊ ကိုယ့်မိသားစုကို ပိုပြီးဦးစားပေးရမယ်လို့တွေးတတ်ကြပါတယ်။ အဲ့ဒီလိုမျိုး အမြဲတမ်းတွေးဖို့မလိုပါဘူး၊ တခါတရံမှာ ကိုယ့်ကိုယ်ကို ဦးစားပေးတာဟာ မှားတဲ့လုပ်ရပ်လည်းမဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်အတွက်ကို လုံးဝမကြည့်ဘဲ တခြားသူတွေကိုပဲဦးစားပေးနေရတဲ့အခါ မွန်းကြပ်လာပြီး အဆိုးမြင်စိတ်တွေများလာစေတာကြောင့် အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တခါတရံကိုယ့်ကိုယ်ကိုဦးစားပေးတာဟာ အတ္တကြီးတာမဟုတ်ပါဘူး၊ ဒီပြဿနာတွေမဖြစ်အောင် တားဆီးလိုက်တာနဲ့အတူတူပါပဲ။


အဆက်အသွယ်ဖြတ်ခြင်း

 

သမီးရည်းစားတွေ ပြတ်လိုက်၊ဆက်လိုက်လုပ်တတ်ကြတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ပြီးတော့ အဲ့ဒီလို ပြတ်လိုက်ဆက်လိုက်လုပ်နေကြတာက အချစ်ရေးမှာ အဖုအထစ်တွေဖြစ်လာပြီး နောက်ဆုံး ပြတ်သွားကြလိမ့်မယ်လို့ အထင်ခံရပါတယ်။ ဒါပေမယ့် အဲ့ဒီလို မကြာခဏပြတ်လိုက်ဆက်လိုက်လုပ်တာ ခဏတဖြုတ်အဆက်အသွယ်ဖြတ်ပြီးနေတာက နှစ်ယောက်ကြားက ဆက်ဆံရေးကို အသစ်ကပြန်စသလိုဖြစ်စေပြီး နဂိုထက်ပိုခိုင်မြဲစေနိုင်တယ်ဆိုတာ သိရှိခဲ့ကြပါတယ်။

 

မကျေနပ်မှုတွေကိုဖွင့်ပြောခြင်း

 

ရေရှည်လက်တွဲမယ့်လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်မကျေနပ်ချက်တွေကို စိတ်ထဲမှာ သိမ်းမထားဘဲ ပွင့်ပွင့်လင်းလင်းထုတ်ပြောဖို့ လိုကိုလိုအပ်ပါတယ်။ မကျေနပ်ချက်တွေကို ရင်ထဲမှာ သိမ်းထားတာထက်စာရင် ဖွင့်ထုတ်ပြောပြလိုက်တာက စိတ်ထဲမှာရှင်းသွားပြီး ရှေ့ဆက်ကြဖို့ ပိုအဆင်ပြေစေပါတယ်။

 

လက်မခံဘဲအထွန့်တက်ခြင်း

 

အကောင်းမြင်တတ်ပြီး အမုန်းမပွားတတ်တဲ့သူလေးတွေဟာ ကိုယ့်ချစ်သူက ဘာလေးပဲလုပ်ပေးလုပ်ပေး သဘောတွေကျပြီး အေးအေးဆေးဆေးလက်ခံတတ်ကြပါတယ်။ တချို့တွေကျတော့ အဲ့ဒီလိုမဟုတ်ဘဲ ကိုယ့်ချစ်သူလုပ်ပေးသမျှကို နည်းနည်းလေး ကြေးများပြီးအထွန့်တက်လိုက်ရမှ၊ စိတ်တိုင်းမကျကြောင်းပြလိုက်ရမှ ကျေနပ်တတ်ကြပါတယ်။ အဲ့ဒီလို ကြေးများပြီး အထွန့်တက်တာက တစ်ဖက်သားစေတနာပျက်အောင်လုပ်နေတယ်လို့ ထင်စရာပါ။ ဒါပေမယ့် အံ့သြစရာကောင်းတာက ဒီလိုလုပ်လို့ ချစ်သူကစိတ်မပျက်တဲ့အပြင် ပိုတောင်စိတ်ရှည်ပြီး အလိုလိုက်တာကြောင့် အဲ့ဒီလိုစုံတွဲတွေက ပိုပြီးခိုင်မြဲတယ်ဆိုတာ သိခဲ့ကြပါတယ်။

 

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under