ချစ်သူရဲ့လေလည်တဲ့အနံ့ကိုရှုခြင်းက အသက်ပိုရှည်စေတယ်လို့သိရ

ချစ်သူရဲ့လေလည်တဲ့အနံ့ကိုရှုခြင်းက အသက်ပိုရှည်စေတယ်လို့သိရ google.com

ဘယ်လိုဘယ်လို … ချစ်သူရဲ့လေလည်တဲ့အနံ့ကိုရှုရင် အသက်ပိုရှည်စေတယ်ဆိုပါလား။

ရောဂါတွေတောင်ပျောက်တယ်ဆိုပဲ။ ဘာကြောင့်လဲဆိုတာ ကြည့်လိုက်ရအောင်နော်။

 

Exeter တက္ကသိုလ်မှာရှိတဲ့ သုတေသနအဖွဲ့တစ်ခုရဲ့ လေ့လာတွေ့ရှိချက်အရ ကိုယ့်ချစ်သူရည်းစားရဲ့လေလည်တဲ့အနံ့ကိုရှုခြင်းက ကျန်းမာရေးကိုကောင်းမွန်စေတယ်လို့သိရပါတယ်။ အဆိုပါလေလည်တဲ့အနံ့မှာပါတဲ့ အငွေ့တွေက အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေကိုတောင်ပျောက်ကင်းစေနိုင်ပါတယ်တဲ့။

 

ကင်ဆာရောဂါ၊ နှလုံးရောဂါတို့လိုအသက်အန္တရာယ်ရှိတဲ့ရောဂါတွေကိုတောင် သက်သာလာအောင်လုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ချစ်သူရဲ့လေလည်တဲ့အနံ့ကိုရှုခြင်းကြောင့် အသက်အရွယ်ကြီးရင့်လာချိန်မှာခံစားရမယ့် အဆစ်ရောင်ရောဂါနဲ့ သူငယ်ပြန်တဲ့ရောဂါတွေဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။

 

ကြက်ဥပုပ်တဲ့အခါထွက်တဲ့အနံ့၊ ၀မ်းဖောဝမ်းရောင်တဲ့အခါထွက်တဲ့အနံ့ တွေမှာပါဝင်တဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက် လို့ခေါ်တဲ့စူးရှတဲ့အနံ့ဟာ လူ့ခန္ဓာကိုယ်ကနေ လေလည်တဲ့အခါထွက်ရှိတယ်လို့သိရပါတယ်။ အဆိုပါဓာတ်ငွေ့ကိုရှုရှိုက်ခြင်းက ကျန်းမာရေးကိုကောင်းမွန်စေတာဖြစ်တယ်လို့သိရပါတယ်။ လေလည်တဲ့အနံ့ကိုရှုခြင်းက ဒီလိုအကျိုးကျေးဇူးတွေရှိတယ်လို့ဖော်ပြထားပေမယ့် ဘာကြောင့် အိမ်ထောင်ဖက်၊ချစ်သူ ရဲ့လေလည်တဲ့အနံ့ကိုရှုခိုင်းတာလဲဆိုတာကိုတော့ သုတေသနအဖွဲ့ကဖော်ပြထားခြင်းမရှိပါဘူး။

 

Read More: ကိုက်တတ်တဲ့မိန်းကလေးများဟာအဖော်မွန်ကောင်းများဖြစ်တယ်လို့သိရ
Girl biting guys cheek smile 768x512

Read times Last modified on Wednesday, 19 September 2018 10:50
Rate this item
(1 Vote)