အချစ်ကိစ္စမှာ အမှားမဖြစ်စေဖို့

အချစ်ကိစ္စမှာ အမှားမဖြစ်စေဖို့ google.com

ဘာလုပ်လုပ်၊ ဘယ်သွားသွား၊ ဘာစကားပြောပြော၊ ဘယ်လို မျက်နှာထား ဖြစ်နေနေ စိတ်မဝင်စားဘူး ဆိုရင်တော့ သူ့ရဲ့ အချစ်တွေက

သံသယ ဖြစ်စရာကောင်းပါတယ်

အချစ်ကိစ္စမှာ အမှားအယွင်းတွေနဲ့ မကြုံရစေဖို့ အတွက် လက်တွဲဖော် ရွေးချယ်တဲ့အခါ ကိုယ့်အတွက် အကောင်းဆုံး လက်တွဲဖော် ကို ရွေးချယ်နိုင်ဖို့နဲ့ ရေရှည်မှာ လက်တွဲဖို့

အဆင်မပြေနိုင်တဲ့ လူတွေကို ရှောင်ရှားနိုင်ဖို့ ချစ်သူအဖြစ် မရွေးချယ်သင့်တဲ့ သူတွေရဲ့ စရိုက် လက္ခဏာတွေကို ပြောပြပေးမယ်နော်။

ကိုယ့်အတွက်ပဲ စဉ်းစားတတ်တဲ့သူ

ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားတတ်တဲ့ သူတွေက ချစ်သူအနေတင် မကပါဘူး မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းအနေနဲ့တောင် အဆင်မပြေ နိုင်တာပါ။ လူလူချင်း ပေါင်းသင်း

ဆက်ဆံမှုမှာ တစ်ဦးပေါ် တစ်ဦး နားလည် သဘောပေါက်မှုနဲ့ အပြန်အလှန် ငဲ့ညှာမှုက အရေးအကြီးဆုံးပါ။ ချစ်သူ အဖြစ် မရွေးသင့်တဲ့ သူတွေကတော့ သူ့အတွက်ပဲ သူစဉ်းစားတတ်သလို

အပြစ်တင်စရာ ကိစ္စတွေကို ဆိုရင်တော့ သင့်ကိုပဲ အပြစ်တင်မှာပါ။ ဘာကြောင့်လဲ ဆိုတော့ တစ်ကိုယ်ကောင်းဆန်တဲ့သူ အများစုက သူများကို မကောင်းမြင်တတ်လို့ပါ။ ဒါကြောင့် တစ်ကိုယ်ကောင်း

ဆန်ပြီး ကိုယ့်အတွက်ပဲ စဉ်းစားတတ်တဲ့ လူမျိုးကို မရွေးချယ်သင့်ဘူးနော်။

ကိုယ့်အား ကိုယ်မကိုးတဲ့သူ

အားကိုးသင့် အားကိုးထိုက်တဲ့ နေရမျိုးမှာ ချစ်သူကို အားကိုးတာက ချစ်စရာကောင်းပေမယ့် ဘာမဆို ချစ်သူကိုချည်းပဲ ခိုင်းစေနေချင်ရင်တော့ သူဟာလည်း ရေရှည် လက်မတွဲသင့်တဲ့သူ ဖြစ်ပါတယ်။

မိန်းကလေး ဖြစ်ဖြစ် ယောကျာ်းလေး ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အားမကိုးတတ်ဘူး ဆိုရင် ချစ်သူအဖြစ် မရွေးချယ်သင့်ပါဘူး။

ကိုယ့်အကြောင်း စိတ်မဝင်စားတဲ့သူ

ဒါကတော့ ရှင်းပါတယ်။ ကိုယ့်ကို တကယ်ချစ်တဲ့သူဟာ မျက်တောင်ကလေး တစ်ချက်ခတ်တာကိုက အစ စိတ်ဝင်တစား ဖြစ်နေမှာပါ။ ဘာလုပ်လုပ်၊ ဘယ်သွားသွား၊ ဘာစကားပြောပြော၊

ဘယ်လို မျက်နှာထား ဖြစ်နေနေ စိတ်မဝင်စားဘူး ဆိုရင်တော့ သူ့ရဲ့ အချစ်တွေက သံသယ ဖြစ်စရာကောင်းပါတယ်။ အဲ့လိုလူမျိုးကိုလည်း ရေရှည် လက်တွဲဖို့ မရွေးသင့်ပါဘူး။

Credit;Marry

Readmore;ချစ်သူရဲ့တန်ဖိုးထားခြင်း၊ ချစ်မြတ်နိုးခြင်း၊ လေးစားခြင်းကို ရရှိအောင် ဒီ (၅) ချက်ကို လုပ်ပါ

Read times Last modified on Wednesday, 19 September 2018 10:38
Rate this item
(1 Vote)