ချစ်သူရဲ့တန်ဖိုးထားခြင်း၊ ချစ်မြတ်နိုးခြင်း၊ လေးစားခြင်းကို ရရှိအောင် ဒီ (၅) ချက်ကို လုပ်ပါ

ချစ်သူရဲ့တန်ဖိုးထားခြင်း၊ ချစ်မြတ်နိုးခြင်း၊ လေးစားခြင်းကို ရရှိအောင် ဒီ (၅) ချက်ကို လုပ်ပါ google.com

ဒါပေမယ့်လည်း ဒီအရာတွေဟာ လိုချင်ရုံသက်သက်နဲ့တော့ ရမလာပါဘူး။ ဖန်တီးယူရသလို၊ ကိုယ်တိုင်လည်း အနည်းအကျဉ်းတော့ ကြိုးစားပေးရပါတယ်။ ခုဖော်ပြပေးမှာကတော့

ချစ်သူရဲ့ တန်ဖိုးထားခြင်း၊ ချစ်မြတ်နိုးလေးစားခြင်းကို ရရှိတဲ့ မိန်းကလေးတွေရဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) အလိုက်သိတယ်

 

ဒီလိုမိန်းကလေးတွေဟာ အရမ်းအလိုက်သိကြပါတယ်။ ချစ်သူကို ဆိုးတယ်၊ နွဲ့တယ်၊ တစ်ခါတလေ အနိုင်ကျင့်တာမှန်တယ် ဒါပေမယ့် အမြဲတမ်းမဟုတ်ပါဘူး။ ချစ်သူရဲ့ မျက်နှာရိပ်ကဲကို

ကြည့်ပြီး အခြေအနေနဲ့ အချိန်အခါအလိုက်ပဲ ဆိုးကြတာပါ။ အခြေအနေနဲ့ အချိန်အခါလိုက်ပြီး ဆိုးတတ်တာဟာ ချစ်ဖို့လည်းကောင်းသလို၊ ချစ်သူရဲ့ အချစ်ကိုလည်း တိုးလာစေပါတယ်။

(၂) တောင်းပန်တတ်တယ်

ဒီလိုမိန်းကလေးတွေဟာ အမှားတစ်ခုခု လုပ်မိတဲ့ အခါပဲဖြစ်ဖြစ်၊ သူတို့ဖက်က လွန်တာပဲဖြစ်ဖြစ် ချစ်သူကို ကလေးလိုမျိုးလေး အပြစ်ကင်းကင်း စိတ်သန့်သန့်လေးနဲ့ တောင်းပန်တတ်တဲ့သူတွေပါ။

စကားချိုလေးနဲ့ တောင်းပန်ပြီး၊ သူတို့ရဲ့ သနားကမား ရုပ်လေးက ချစ်သူရဲ့ရင်ထဲမှာ အချစ်တွေ တိုးလာစေပြီး ကြင်နာမှုတွေ တိုးလာစေပါတယ်။ ဒါ့အပြင် မာန်မာနကင်းတဲ့ သူ့ရဲ့ အကျင့်လေးကြောင့် ချစ်သူက

လေးစားသလို၊ တန်ဖိုးထားမြတ်နိုးရတာဖြစ်ပါတယ်။

(၃) ကြိုးစားတယ်

ဒီလိုမိန်းကလေးတွေက ချစ်သူဘာကြိုက်တတ်လဲ၊ ချစ်သူက ဘယ်လိုလေး ဖြစ်စေချင်လဲဆိုတာ အမြဲတမ်း အကဲခတ်တတ်တဲ့သူတွေပါ။ သူတို့ဟာ ချစ်သူရဲ့အကြိုက်၊ ချစ်သူကို စိတ်ကျေနပ်အောင်၊

စိတ်ချမ်းသာအောင် အမြဲတမ်း ကြိုးစားတတ်ကြတဲ့သူတွေပါ။ ချစ်သူက မကြိုက်တဲ့ အမူအကျင့်တွေ၊ ချစ်သူကို ထိခိုက်စေမယ့် အရာတွေအားလုံးကို ပြုပြင်ပေးသလို၊ ချစ်သူနဲ့ အံဝင်ခွင်ကြဖြစ်အောင်

အမြဲတမ်းကြိုးစားကြတဲ့သူတွေပါ။ ဒါကြောင့်ပဲ ချစ်သူရဲ့ လေးစားခြင်းကိုခံရပြီး တန်ဖိုးထား မြတ်နိုးခြင်းကို ခံရတာဖြစ်ပါတယ်။

(၄) ကိုယ့်အားကိုယ်ကိုးတယ်

ဒီလိုမိန်းကလေးတွေရဲ့ တူညီတဲ့အချက်ကတော့ ကိုယ့်အားကိုယ် ကိုးတတ်ခြင်းပါပဲ။ ချစ်သူကိုပဲ အားကိုးပြီး ချစ်သူ့တစ်မျက်နှာကို တစ်ဘဝ ထင်တတ်ကြတဲ့သူတွေ မဟုတ်ပါဘူး။

ကိုယ်တိုင်ကြိုးစားတယ်၊ ကိုယ့်အားကိုယ်ကိုးတယ်၊ အမှီအခိုကင်းကင်းနေနိုင်တယ် ဒါကြောင့်ပဲ ချစ်သူရဲ့ လေးစားခြင်း၊ ချစ်မြတ်နိုးခြင်းအပြင် ယုံကြည်အားကိုးခြင်းကိုလည်း ခံရကြပါတယ်။

 

(၅) စိတ်ကောင်းရှိတယ်

 

ဒီလိုမိန်းကလေးတွေဟာ စိတ်ကောင်းအမြဲတမ်း ရှိပါတယ်။ သူများအတင်းအဖျင်းတွေ မပြောဘူး၊ ပြိုင်ဆိုင်မနာလိုတာတွေ မရှိဘူး၊ ကိုယ့်ကိုကိုယ် တန်ဖိုးထားသလို၊ သူတစ်ပါးအပေါ်မှာလည်း

စိတ်ကောင်းအမြဲတမ်း ထားတတ်ကြသူတွေပါ။ ယောက်ျားလေးတွေဟာ ဘာမှမသိသလိုသာ နေမယ် အားလုံးကို သူတို့သိပါတယ်။ သူတို့ရဲ့ စိတ်အလှကိုမြင်တဲ့ သူတို့ချစ်သူအဖို့ သူတို့ဟာ

လေးစားစရာကောင်းသလို၊ တန်ဖိုးထားမြတ်နိုးဖို့လည်း ထိုက်တန်တဲ့သူတွေပါ။

Credit;Aunty May

Readmore;ထက်မြက်တဲ့ မိန်းကလေးတွေအဖို့ အချစ်ဆိုတာဘဝတစ်ခုလုံးမဟုတ်ရတဲ့အကြောင်းရင်း (၅) ချက်

Read times Last modified on Wednesday, 19 September 2018 10:38
Rate this item
(1 Vote)