FA လေးတွေဈေးဗန်းခင်းကြမယ်…

FA လေးတွေဈေးဗန်းခင်းကြမယ်… google

အချစ်ဆိုတာလူတိုင်း မဖြစ်မနေထိတွေ့ခံစားဖူးရမယ့် အလှပဆုံးနဲ့ အဓိပ္ပါယ်အရှိဆုံးအရာပါ။

 

ဒါကြောင့် ရည်းစားမထားဖူးသေးတဲ့ ဒါမှမဟုတ် ရည်းစားမထားတော့တာ ကြာနေပြီဖြစ်တဲ့

 

Single နဲ့ FA ပျိုမေလေးတို့အတွက် ရည်းစားမြန်မြန်ရနိုင်မယ့် နည်းလမ်းကောင်းလေးတွေရှိပါတယ်။

 

ဒီနည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

 

(၁) မြောက်ကြွမြောက်ကြွမလုပ်ပါနဲ့ 

 

တစ်ခါတလေ မိန်းကလေးတော်တော်များများ ပြုလုပ်မိတတ်တဲ့ အမှားလေးတွေကတော့ ကိုယ်သဘောကျတဲ့

 

ကောင်လေးရှေ့မှာပဲဖြစ်ဖြစ်၊ ယောကျာ်းလေးအများစုရှေ့မှာပဲဖြစ်ဖြစ် ရောက်သွားတဲ့အခါမှာ စိတ်လှုပ်ရှားပြီး

 

တလွဲတွေ လုပ်နေမိတာပါပဲ။ ဒါကြောင့်သင်သတိထားရမှာက ယောကျာ်းလေးတွေရှေ့မှာ မြောက်ကြွမြောက်ကြွပုံစံမလုပ်မိဖို့ရယ်၊

 

စွာတေးလန်ပုံစံမလုပ်မိဖို့ရယ်၊ နှုတ်ကြမ်းအာကြမ်း နဲ့ လက်ပါတတ်တဲ့ပုံစံမျိုးမလုပ်မိဖို့ရယ်၊ စပ်စလူးထတဲ့ပုံစံမလုပ်မိဖို့ရယ် အထူးသတိထားပါနော်။

 

(၂) ချဉ်းကပ်ရလွယ်အောင်နေပါ

 

ပထမဆုံးအနေနဲ့ သင်လုပ်ရမှာက ချဥ်းကပ်ရလွယ်အောင်နေဖို့ပါပဲ။

 

ယောက်ျားလေးတွေ ဒါမှမဟုတ် သင်ကြိုက်တဲ့ ကောင်လေးရှေ့ရောက်ရင် ပြုံးပြုံးလေးနေတာ၊

 

စကားကို ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေးလေးပြောတာ၊ ရွှင်ရွှင်ပျပျလေးနေတာမျိုးတွေ လုပ်ပေးရမှာပါ။

 

ဒါမှသူ့စိတ်ထဲမှာ သင်ဟာ ခင်မင်စရာအရမ်းကောင်းတယ်လို့ မြင်ပြီး သင့်ကို ချဉ်းကပ်ဖို့ကြိုးစားလာကြမှာဖြစ်ပါတယ်

 

(၃) သင့်ဖက်ကစသင့်ရင်စရပါမယ်

 

မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးဖက်ကပဲစလိုက်ရမယ်လို့ ဘယ်သူက အစပြုလိုက်လဲတော့မသိပေမယ့်

 

မိန်းကလေးတော်တော်များများရဲ့ စိတ်ထဲမှာ အဲဒီ့အယူအဆကြီးက စွဲနေပါတယ်။

 

တကယ်တော့ သင်ချစ်တဲ့သူ၊ သင်နှစ်သက်တဲ့သူရဲ့ အချစ်ကိုရရှိဖို့ သင့်ဖက်က စသင့်ရင်လည်း စရပါမယ်။

 

အိနြေ္ဒသိက္ခာပျက်ယွင်းပြီး လူပြောစရာ၊ အထင်သေးစရာမဖြစ်ရင် လုံလောက်ပါပြီ။

 

သင့်ဖက်က မြောင်းသာကောင်းကောင်းဖောက်တတ်ရင် ရေမစီးမှာတော့ မပူပါနဲ့နော်။

 

(၄) သင့်ဖက်ကစသင့်ရင်စရပါမယ်

 

မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးဖက်ကပဲစလိုက်ရမယ်လို့ ဘယ်သူက အစပြုလိုက်လဲတော့မသိပေမယ့်

 

မိန်းကလေးတော်တော်များများရဲ့ စိတ်ထဲမှာ အဲဒီ့အယူအဆကြီးက စွဲနေပါတယ်။

 

တကယ်တော့ သင်ချစ်တဲ့သူ၊ သင်နှစ်သက်တဲ့သူရဲ့ အချစ်ကိုရရှိဖို့ သင့်ဖက်က စသင့်ရင်လည်း စရပါမယ်။

 

အိနြေ္ဒသိက္ခာပျက်ယွင်းပြီး လူပြောစရာ၊ အထင်သေးစရာမဖြစ်ရင် လုံလောက်ပါပြီ။

 

သင့်ဖက်က မြောင်းသာကောင်းကောင်းဖောက်တတ်ရင် ရေမစီးမှာတော့ မပူပါနဲ့နော်။

 

<<< Furniture ပရိဘောဂဆိုင် ၈၇၄ ဆိုင်ကိုရှာရန်နှိပ်ပါ။ >>>

 

(၅) ပြည့်စုံတဲ့သူမရှိပါဘူး

 

သင်သိထားရမှာက လောကမှာ ပြည့်စုံတဲ့သူ တစ်ယောက်မှမရှိပါဘူး။

 

ဒါကြောင့်မို့လို့ နှဖူးပြောင်တာ၊ အရပ်ပုတာ၊ ဝက်ခြံပေါက်တာ၊ အသားမည်းတာတွေကအစလိုက်ပြီး

 

စိတ်တိုင်းမကျဖြစ်နေရင်တော့ ဒီတစ်သက် အချစ်စစ်နဲ့တွေ့ရဖို့ မလွယ်ကူပါဘူး။

 

ဒါကြောင့် အချစ်စစ်ဆိုတာ ရုပ်ချောတာ၊ ဆိုးတာနဲ့မဆိုင်ဘဲ သင့်ကို စိတ်ရင်းအမှန်နဲ့ချစ်တဲ့သူဖြစ်ဖို့သာ

 

တကယ်လိုအပ်ကြောင်း သိထားရမှာပါ။ ဒါကြောင့် အသေးအမွှားကအစ အပြစ်မမြင်ပါနဲ့။

 

လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိတယ်ဆိုတာ အမှတ်ရပါ။

 

(၆) ကိုယ့်အားကိုယ်ကိုးပါ

 

လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အရင်ဦးဆုံးတွေးတတ်ကြတာ ဘယ်သူအောင်သွယ်ပေးမလဲဆိုတာပါပဲ။

 

ဒါဟာ တကယ်ကိုမှားတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ အမှန်တကယ်တော့ သင်ချစ်တဲ့သူကို ရအောင်လုပ်ရမှာ သင့်တာဝန်ပါ။

 

သင့်လောက် ဘယ်သူမှ စိတ်မချရပါဘူး။

 

ဒါကြောင့်မို့လို့ သူများကိုအားကိုးပြီးသတင်းတမျှော်မျှော်လုပ်နေမှာထက်စာရင်တော့ကိုယ့်အားကိုယ်ကိုးပြီး

 

နည်းလမ်းကောင်းရှာ၊ ပြီးရင် ချဉ်းကပ်လိုက်တာ အသင့်တော်ဆုံးပါပဲ။

 

Source: auntymay

 

Myanmar Wedding Guide

 

3

 

Read times
Rate this item
(0 votes)