ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘ၀တွင် လုပ်ဆောင်ရမည့် အချက်များ

ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘ၀တွင် လုပ်ဆောင်ရမည့် အချက်များ google.com

အရွယ်ရောက်လာပြီး အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်သူတိုင်းက ဒီလိုအချက်လေးတွေကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။

ချိန်းတွေ့ခြင်း

 

အိမ်ထောင်သည်ဘ၀ရောက်ရင်လည်း ယခင် ချစ်သူဘ၀တုန်းကလို ချိန်းတွေ့ပေးသင့်ပါတယ်။ ဥပမာ နှစ်ယောက်အတူတူ လမ်းလျှောက်ခြင်း၊ ပန်းခြံသို့အပန်းဖြေသွားခြင်း အစရှိသဖြင့် ယခင်စတွေ့တုန်းက အကြောင်းအရာတွေကို ပြန်လည်ပြောဆိုပြီး နှစ်ဦးသားဆက်ဆံရေးကို ပိုမို၍ ခိုင်မာအောင် လုပ်ပေးသင့်ပါတယ်။

 

ပြီးရင်တော့ နောင်အနာဂတ်အတွက် အစီအစဉ်လေးတွေကို တိုင်ပင်ဆွေးနွေးပြီး စိတ်ဖိစီးစရာကိစ္စတွေကို အဝေးမှာထားခဲ့ပြီး ခဏတာ စိတ်ချမ်းသာမှုလေးကို မကြာခဏ ရယူပေးသင့်ပါတယ်။

 

ကြိုက်နှစ်သက်ခြင်း

 

နှစ်ဦးစလုံးက ချစ်ခြင်းတစ်ခုထဲနဲ့ အိမ်ထောင်ရေးကို တည်ဆောက်လို့မရပါဘူး။

 

ကိုယ့်ချစ်တဲ့လူရဲ့ အလေ့အကျင့်စရိုက်တွေကို ကြိုက်နှစ်သက်ပြီး စိတ်တူကိုယ်တူရှိခြင်းက ရေရှည်မှာ တည်တံ့ခိုင်မြဲခြင်းကို ဖြစ်စေပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 15:08
Rate this item
(1 Vote)