အင်္ဂါနံနဲ့အဆုံးသတ်မှည့်ခေါ်ထားသော နာမည်ပိုင်ရှင်တို့ရဲ့ စိတ်နေစိတ်ထားများ

အင်္ဂါနံနဲ့အဆုံးသတ်မှည့်ခေါ်ထားသော နာမည်ပိုင်ရှင်တို့ရဲ့ စိတ်နေစိတ်ထားများ google

ဒီနေ့မှာတော့ အင်္ဂါနံဖြင့်အဆုံးသတ်မှည့်ခေါ်ထားတဲ့ နာမည်ရှင်တွေရဲ့စိတ်နေစိတ်ထား တွေကိုဖော်ပြပေးချင်ပါတယ်။

 

အင်္ဂါနံနဲ့အဆုံးသတ်တဲ့နာမည်ပိုင်ရှင်တွေဆိုတာ ဥပမာ-မင်းဇော်၊ ခိုင်ဝေဇွန် စတဲ့ “စ၊ဆ၊ဇ၊ဈ၊ည”စတာတွေနဲ့

 

 အဆုံးသတ်ထားတဲ့နာမည်ပိုင်ရှင်တွေဖြစ်ပါတယ်။

 

အင်္ဂါနံနဲ့အဆုံးသတ်တဲ့နာမည်ပိုင်ရှင်တွေဟာ စိတ်မြန်လက်မြန်ရှိတတ်သူတွေဖြစ်ပြီး အချိန်ဆွဲတာကို မကြိုက်သူတွေပါ။

 

သူတို့မကြိုက်ဆုံးအချက်ကတော့ ချိန်းဆိုထားပြီးနောက်ကျတာကိုပါ။

 

အင်္ဂါနံနဲ့အဆုံးသတ်တဲ့နာမည်ပိုင်ရှင်တွေဟာ လူရည်လည်ပြီး အကင်းပါးသူတွေဖြစ်တာကြောင့် သူတို့ကို လိမ်ဖို့မကွယ်ကူပါဘူး။

 

ဒါ့အပြင် သူတို့ဟာပြိုင်ဆိုင်လိုစိတ်ပြင်းထန်သူတွေဖြစ်တာကြောင့် ပြိုင်ဖက်ရှိလေ ပိုအောင်မြင်လေဖြစ်ပါတယ်။

 

သူတို့ဟာနှိုင်းယှဉ်ပြောဆိုတာမျိုးကိုလုံးဝမကြိုက်သူတွေပါ။

 

အင်္ဂါနံနဲ့အဆုံးသတ်တဲ့နာမည်ပိုင်ရှင်တွေဟာစံချိန်၊စံညွှန်းနဲ့ညီအောင်ပြုမူလုပ်ဆောင်တတ်သူတွေလည်းဖြစ်ကြပါတယ်။

 

စွန့်စားရဲတဲ့စိတ်ဓာတ်ရှိသူတွေဖြစ်တာကြောင့်ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်မယ်ဆိုအဆင်ပြေမှာပါ။

 

ဒါပေမယ့် အင်္ဂါနံတအားစိုးမိုးသွားမယ်ဆိုရင်တော့ အင်္ဂါနံနဲ့အဆုံးသတ်တဲ့နာမည်ပိုင်

 

ရှင်တွေဟာ လူကြီးမိဘတွေရဲ့စကားပါ ပစ်ပယ်ကာ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဇွတ်တရွတ်ဆန်ဆန် ပြုမူသူတွေဖြစ်သွားတတ်ကြပါတယ်။

 

Source-ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(1 Vote)
Tagged under