လက်ထပ်ပြီးတဲ့အခါမှာ မိဘနဲ့နေရင်ရနိုင်မယ့် အကျိုးကျေးဇူး (၅) ရပ်

လက်ထပ်ပြီးတဲ့အခါမှာ မိဘနဲ့နေရင်ရနိုင်မယ့် အကျိုးကျေးဇူး (၅) ရပ် google

ကောင်းတာရှိသလို မကောင်းတာတွေလည်းရှိပါတယ်။ အခုရေးမှာကတော့ အကျိုးကျေးဇူးတွေပါ။

 

() ပိုက်ဆံစုပိုပြီးစုမိပါတယ်

 

လက်ထပ်ပြီးတဲ့အခါမှာ မဘနဲ့အတူနေမယ်ဆိုရင် ရေဖိုး၊ မီးဖိုး ၊ နေရာ နဲ့ စားစရိတ် တွေကို သင့်မိဘနဲ့ သင်တို့ မျှဝေကျခံလို့ ရမှာဖြစ်တဲ့အကြောင့် သင်တို့နှစ်ယောက်စလုံးပိုက်ဆံစုမိမှာ အသေအချာပါပဲ။

 

 

() အိမ်အလုပ်လုပ်ရတာ သက်သာစေပါတယ်

 

မိဘတွေနဲ့အတူနေတဲ့အခါမှာ နောက်ထပ် ကောင်းမွန်တဲ့ အချက်ကတော့ အိမ်အလုပ်လုပ်ရတာ သက်သာစေပါတယ်။ သင်နေမကောင်း ဖြစ်နေတာ ဒါမှမဟုတ် ရုံးအလုပ်အိမ်အထိပါလာတာမျိုးတွေဆိုရင် သင်အနေနဲ့ ထွေထွေထူးထူး စိတ်ပူစရာမလိုပါဘူး။ သင့်မိဘတွေကို အကူအညီတောင်းနိုင်ပါတယ်။ သာမန်အချိန်တွေမှာလည်း သင့်မိဘတွေနဲ့ အတူအိမ်အလုပ်ကို အတူတူလုပ်နိုင်တာကြောင့် အိမ်အလုပ်အတွက် သင်အချိန်အရမ်းယူနေစရာ မလိုတော့မှာ အမှန်ပါပဲ။

 

 

() မိဘတွေကို အနီးကပ်ဂရုစိုက်နိုင်ခြင်း

 

သင်သာ လက်ထပ်ပြီးပြီးချင်း အိမ်ခွဲနေမယ်ဆိုရင် သင့်မိဘတွေဆီကို သွားရမယ့် တာဝန်ရှိနေသေးတဲ့အတွက် သူတို့ဆီကို မကြာခဏသွားဖို့ သင်အချိန်သက်သက် ဖယ်ထားရဦးမှာပါ။ ဒါပေမယ့် သင်သာ သူတို့နဲ့အတူတူနေမယ်ဆိုရင်တော့ သူတို့ရဲ့ကျန်းမာရေးကို စိတ်ပူစရာမလိုတော့ဘဲ သူတို့ကို သင်အမြဲတမ်း အနီးကပ် ဂရုစိုက်နိုင်ပါတယ်။ ဒါ့အပြင် မိဘတွေဟာ အသက်ကြီးလာရင် စိတ်အားငယ်ပြီးအထီးကျန်နေတတ်တာကြောင့် သင်သာသူတို့နဲ့ အတူနေပေးရင် သူတို့အတွက် ကိုယ်ကျန်းမာရေးတင်မကဘဲ စိတ်ကျန်းမာရေးအတွက်ပါ များစွာအထောက်အကူ ပြုစေမှာ ဖြစ်ပါတယ်။

 

 

() သင့်ကလေးတွေအတွက် စိတ်ချရပါတယ်

 

သင်သာ သင့်မိဘတွေနဲ့ အတူနေမယ်ဆိုရင်တော့ သင့်ကလေးတွေအတွက် ကလေးထိန်းခေါ် စရာမလိုသလောက်နီးပါး ဖြစ်နေပါပြီ။ သူတို့တွေဟာ သင့်ကလေးတွေကို ကူထိန်းပေးရုံတင်မကဘဲ သင်ငယ်စဉ်က သင့်ကိုသူတို့ ဆုံးမလမ်းညွှန်ပေးသလို သူတို့မြေးလေးတွေကို လည်းလုံးဝ အဲ့လိုလုပ်ပေးမှာ အသေအချာပါပဲ။ ဒါကြောင့် သင့်အနေနဲ့ ကလေးတွေရဲ့ ဝေယျာဝစ္စ နဲ့ သင့်ရဲ့ မိဘတာဝန်တွေ တော်တော်လျော့သွားမှာပါ။

 

 

() သင်တော်ရုံနဲ့ စိတ်ဓာတ်မကျပါဘူး

 

သင့်မိဘတွေဟာ သင့်အတွက် အမြဲထာဝရ အားဆေးတစ်ခွက်ပါပဲ။ သင်သာ သူတို့နဲ့ အတူနေမယ်ဆိုရင် သင့်ရဲ့ အိမ်ထောင်ရေးပြဿနာတွေ ငွေကြေးပြဿနာ တွေနဲ့ အခြားစိတ်ဓာတ်ကျစရာတွေ ရှိလာတဲ့အခါမှာ သူတို့က သင့်ကို သူတို့က သင့်ကိုအမြဲနှစ်သိမ့်ပြီး စိတ်ဓာတ်ခွန်အားတွေ ပေးနေမှာဖြစ်ပါတယ်။

 

 

Credit;Lungemedia

Read times
Rate this item
(2 votes)