မိန်းကလေးတွေအပေါ်မှာ ဆွဲဆောင်မှုရှိတဲ့ ရာသီခွင်အမျိုးသားများ

မိန်းကလေးတွေအပေါ်မှာ ဆွဲဆောင်မှုရှိတဲ့ ရာသီခွင်အမျိုးသားများ Google

မွေးရက် နက္ခတ်နဲ့ရာသီခွင်ဟာ လူတစ်ယောက်ရဲ့ ပင်ကိုယ်ဗီဇနဲ့ သဘာဝတွေပေါ် သက်ရောက်မှုရှိပါတယ်။ ဒီလိုသဘာဝတွေထဲမှာ အချစ်ရေး၊ အလုပ်အကိုင်၊ စိတ်နေသဘောထားနဲ့ပညာရေးအထိ ပါပါတယ်။

 

အခုပြောမယ့် ရာသီခွင်ဖွားတွေကတော့ ကောင်မလေးတွေကို အများဆုံးဆွဲဆောင်နိုင်တာကြောင့် ရည်းစားများတတ်တဲ့ ရာသီခွင်ဖွားတွေပါပဲ။

 

(၁) မေထုန်
မေလ ၂၂ ကနေ ဇွန် ၂၁ ရက်ဖွားတွေကို Gemini မေထုန်ဖွားလို့ခေါ်ပါတယ်။ မေထုန်ဖွားတွေဟာ နက္ခတ်နဲ့ယှဉ်ပြီး ဆွဲဆောင်အားကောင်းသူတွေ ဖြစ်ပါတယ်။ ပင်ကိုဗီဇကိုက ခံစားမှူမြင့်မားပြီး သဘာဝတရားကို နှစ်ခြိုက်သက်ဝင်သူတွေပါ။ အထူးသဖြင့် မိန်းကလေးတွေ မျက်စိကျတဲ့သူတွေ အတော်များများထဲမှာ မေထုန်ဖွားပါပါတယ်။

 

(၂) သိဟ်

ရဲရင့်တည်ကြည်ပြီး လူတွေအကြားမှာ ထင်ရှားသူတွေကတော့ သိဟ်ဖွားတွေပါ။ Leo ရာသီခွင်ဟာ ဇူလိုင် ၂၃ ကနေ သြဂုတ်လ ၂၂ ရက်အတွင်း မွေးဖွားသူတွေကို ခေါ်တာပါ။ မိန်းကလေးတွေ နဲ့ရင်းနှီးလွယ်ပြီး ကြင်နာ ၊ နူးညံ့တဲ့စိတ် ၊ ပတ်ဝန်းကျင်က လူတွေနဲ့အံ့သြလောက်အောင် အလိုက်တသင့် ရှိနေခြင်းတွေက သူတို့အရည်အချင်းပါ။ သူတို့ရဲ့ အပြုအမူနဲ့လှုပ်ရှားဟန်ကို မိန်းကလေးတွေ အသည်းခိုက်ကြတယ်လို့ရာသီခွင်ဟောစာတမ်းတွေက ဆိုပါတယ်။ ခံစားလွယ်တာကြောင့် အသည်းကွဲမှုနှုန်းလည်း များတဲ့ရာသီဖွားပါပဲ။

 

(၃) တူ

Libra ရာသီခွင်ဟာ စက်တင်ဘာ ၂၃ ကနေ အောက်တိုဘာ ၂၂ ရက်အထိ အကျုံးဝင်ပါတယ်။ ရုပ်ချောသူတွေ များပြီး သူတို့ရဲ့ စတိုင်ကလည်း သူများနဲ့မတူ ထူးခြား ကွဲပြားပါတယ်။ အရှက်အကြောက်ကြီးပေမယ့် မိန်းကလေးတွေကတော့ တူရာသီဖွားတွေအနား ကပ်ချင်ကြပါတယ်။

 

(၄) မကာရ

ဒီဇင်ဘာ ၂၂ ရက်ကနေ ဇန်နဝါရီ ၁၉ ရက်နေ့အထိဟာ မကာရ Capricorn တွေရဲ့ ရာသီခွင်ပါ။ ဒီရာသီခွင်ဖွားတွေဟာ အလုပ်အကိုင်ရာထူးမြင့်တဲ့သူတွေများပါတယ်။ လူတွေကို ဦး ဆောင်ရတဲ့ ရာသီခွင်ထဲမှာပါပြီး လူမှူဆက်ဆံရေးညက်ညောသူ ၊ ချစ်ခင်ဖွယ်ရာကောင်းပြီး ပွင့်ပွင့်လင်းလင်း ပြောတတ်သူတွေပါ။


ဒီရာသီခွင်ဖွားတဲ့ ငယ်ရွယ်သူတွေဟာ တက်ကြွထက်သန်ပြီး ချစ်စရာကောင်းအောင် နေတတ်ပါတယ်။ ဒါကြောင့်ပဲ မိန်းကလေးတွေဟာ မကာရဖွားတွေနဲ့ရင်းနှီးချင်တတ်ကြပါတယ်။

Ref: Revivezone

Read times Last modified on Wednesday, 04 November 2020 14:08
Rate this item
(0 votes)