အသည်းကွဲတဲ့မိန်းကလေးတွေ ဘာလို့ပြောင်းလဲသွားလဲ

အသည်းကွဲတဲ့မိန်းကလေးတွေ ဘာလို့ပြောင်းလဲသွားလဲ google.com

တချို့တွေကပြောကြတယ်။ မိန်းကလေးတွေက အသည်းကွဲပြီးရင် ပိုပြီးချောလာ၊ ထက်မြတ်ကြတယ်ပေါ့။ များသောအားဖြင့် မိန်းကလေးတွေဟာ မိခင်စိတ်အပြည့်ရှိပြီး ငယ်ရွယ်စဉ်မှာအချစ်စွန်နောက်ကိုလိုက်ဖမ်းရင် ချော်လဲတတ်ကြပါတယ်။

မိန်းကလေးတွေအနေနဲ့ အသည်းကွဲလို့ ခံစားနေပြီဆိုရင်မိမိကိုယ်ကို ပြောင်းလဲအောင်ပဲကြိုးစားပါ။

 

ကျနော်တို့ပတ်ဝန်းကျင်မှာ မိန်းကလေးအချို့ဟာ အသည်းကွဲပြီး၊ ချစ်သူနဲ့ ပြတ်ပြီးနောက်ပိုင်းမှာ အများကြီးပြောင်းလဲသွားကြပါတယ်။ အလိုလိုကို ပိုလှလာတယ်။ လေ့လာသင်ယူစိတ်တွေ ပိုမိုတိုးတတ်လာတယ်။ အလုပ်လုပ်ချင်စိတ်တွေပိုမိုတိုးလာတာကိုတွေ့ရမှာပါ။ ။ကျနော်ကတော့ မိန်းကလေးတွေအသည်းကွဲပြီးနောက်ပိုင်းမှာ ပိုမိုထက်မြတ်လာရင်အလိုလိုကို ဝမ်းသာမိပါတယ်။ အသည်းကွဲတယ်ဆိုတာ၊ ငယ်စဉ်မှာချစ်သူက ထားပစ်ခဲ့တယ်ဆိုတာ လူတိုင်းဖြစ်ဖူးကြပါတယ်။ ထိုအချိန်မှာ သင့်အနေနဲ့ထိုင်ပြီးဖီးမနေပဲ မိမိဘဝတိုးတတ်ရေးကိုသာ ရှေ့ရူ၍လုပ်သင့်ပါတယ်။

 

ယခုဆို ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်လာပါပြီ။ အမျိုးသမီးတွေရဲ့အရေးပါမှုဟာလည်း တစ်နေ့တစ်ခြားမြင့်မားလှပါပြီ။ နယ်ပယ်အသီးသီးမှာ ထူးချွန်ထက်မြတ်တဲ့ မိန်းမသားအချို့ကို ကျနော်တို့တွေ့မြင်နေပါတယ်။ ထိုအချိန်မှာ မိမိက မကြိုးစားရင်နောက်မှာကျန်ခဲ့မှာပါ။ အချိန်တန်လင်ယူသားမွေးလုပ်ရင်းပဲဘဝကို အဆုံးသတ်သွားမှာပါ။ အသည်းကွဲပြီးဆိုတာနဲ့ ထားသွားသူကိုမေ့ပစ်ပြီ မိမိဘဝကိုတိုးတတ်ပါ။ ပြီးတော့ ယောကျာ်းတိုင်းဟာ ကိုယ်ကိုနင်းချေသွားတတ်တဲ့သူတွေမဟုတ်ပါဘူး။ မိမိကို ပါရမီဖြည့်ပေးမယ့် ယောကျာ်းတစ်ယောက်ကိုလည်း ထပ်ရှာသင့်ပါတယ်။

 

အသည်းကွဲတယ်ဆိုတာ တကယ်တော့ ဘဝတစ်ကွေ့မှာဆုံတွေ့နိုင်လောက်တဲ့ ဆူးမျှင်လေးတစ်ခုမျှသာဖြစ်ပါတယ်။ အသည်းကွဲပြီဆိုတာနဲ့ မိမိဘဝကို ပြောင်းလဲပစ်လိုက်ပါ။ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အသစ်ကို ရှေ့ရှုပြီး ဆက်လက်လျှောက်လှမ်းကြပါ။

 

 

Credit;we.com.mm

Read times Last modified on Tuesday, 18 September 2018 14:42
Rate this item
(1 Vote)