အိမ်ထောင်ရေး ထိခိုက်နိုင်တဲ့ ဇနီးသည်ရဲ့အမှားများ
အိမ်ထောင်ရေး ထိခိုက်နိုင်တဲ့ ဇနီးသည်ရဲ့အမှားများ google.com
ယနေ့ခေတ်မြင်နေရ၊ ကြားနေရတဲ့ အိမ်ထောင်ရေးတိုင်းမှာ ယောက်ျားက ဖောက်ပြန်တယ်၊
မိန်းမကို ပစ်ထားတယ်၊ မိသားစုကို ပစ်ထားတယ်ဆိုပြီး အပြစ်တင်ဝေဖန်ခံရတာတွေ တွေ့မြင်နေရပါတယ်။
အဆိုးမြင်ခြင်း
တစ်ခါလေမှာ ယောက်ျားလုပ်သူက အိမ်ထောင်ဘက်ဖြစ်သူရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို မကူညီနိုင်တဲ့အခါ၊ ဖြည့်ဆည်းမပေးနိုင်တဲ့အခါ စိတ်ပင်ပန်းပြီး ထွက်ပေါက်ရှာချင်ကြပါတယ်။
Unicode ဖြင့်ဖတ်ရန်
အိမ်ထောင်သည် ဇနီးသည်ရဲ့အမှားများ
ယနေ့ခေတ်မြင်နေရ၊ ကြားနေရတဲ့ အိမ်ထောင်ရေးတိုင်းမှာ ယောကျာ်းက ဖောက်ပြန်တယ်၊ မိန်းမကို ပစ်ထားတယ်၊ မိသားစုကို ပစ်ထားတယ်ဆိုပြီး အပြစ်တငေ်၀ဖန်ခံရတတ်ကြပါတယ်။
ယောကျာ်းဖောက်ပြန်တာမဖောက်ပြန်တာကတော့ အိမ်ထောင်ဖက် အမျိုးသမီးနဲ့လည်း သက်ဆိုင်ပါတယ်။ နှစ်ဦးစလုံးက တစ်ဦးအပေါ်တစ်ဦး သေတစ်ပန်သက်တစ်ဆုံး ရိုးမြေကျ ပေါင်းသင်းဖို့ အရေးကြီးပါတယ်။
အိမ်ထောင်ရေး သာယာပျော်ရွှင်ဖွယ်ကောင်းအောင် အောက်ပါအချက်များကို သိထားဖို့ လိုအပ်ပါတယ်။
ချီးမွမ်းစကားမပြောခြင်း
ကိုယ့်အိမ်ထောင်ဘက်ဖြစ်တဲ့ အိမ်ထောင်ဦးစီးကတော့ ချီးမွမ်းတာ၊ လေးစားတာ ခံချင်ကြပါတယ်။
သင့် အိမ်ထောင်ဘက်ဟာ ၀င်ငွေကောင်းချင်မှကောင်းမယ်၊ လူတန်းစေ့ထားနိုင်ချင်မှ ထားနိုင်မယ်၊ သို့ပေမယ့်လည်း သူတတ်နိုင်သလောက်ကို အစွမ်းကုန် ကြိုးစားရင်တော့ သူ့ကို ချီးမွမ်းစကားဆိုသင့်ပါတယ်။
တစ်ခါတစ်ရံ လက်ဆောင်လေး၀ယ်ပေးပြီး သူ့ကို လေးစားကြောင်း ဘယ်လောက်ချစ်ကြောင်း ပြောပြသင့်ပါတယ်။
လက်ဆောင်ကတော့ ဈေးကြီးစရာမလိုဘဲ သူ့အပေါ် လေးစားမှုပြုရင် သူ့စိတ်ထဲမှာ ပီတိဖြစ်နေတာကို သင်မြင်တွေ့ရမှာဖြစ်ပါတယ်။
 အဆိုးမြင်ခြင်း
တစ်ခါလေမှာ  ယောကျာ်းလုပ်သူက အိမ်ထောင်ဘက်ဖြစ်သူရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို မကူညီနိုင်တဲ့အခါ၊ ဖြည့်ဆည်းမပေးနိုင်တဲ့အခါ စိတ်ပင်ပန်းပြီး ထွက်ပေါက်ရှာချင်ကြပါတယ်။
အိမ်ထောင်ဘက်ကလည်း ဖြစ်ခဲ့သမျှ အကြောင်းအရာတွေကို အဆိုးဖက်ကချည်းပဲမြင်ပြီး ပွစိပွစိပြောနေတာ မျိုး ခင်ပွန်းအပေါ် ပြောဆိုနေတာမျိုး မလုပ်သင့်ပါ။
Read times Last modified on Wednesday, 19 September 2018 14:39
Rate this item
(1 Vote)