ကောင်လေးတွေက ကိုယ့်ချစ်သူကို ဘာကြောင့်စိတ်ဆိုးတာလဲ

ကောင်လေးတွေက ကိုယ့်ချစ်သူကို ဘာကြောင့်စိတ်ဆိုးတာလဲ google.com

ကောင်လေးတွေရဲ့ သဘာဝက ကိုယ့်ချစ်သူမိန်းကလေးရှေ့မှာ

မားမားမတ်မတ်ရပ်တည်ပြီး ပြဿနာတွေကို ဖြေရှင်းပေးလေ့ရှိပါတယ်။

 

မိန်းကလေးတွေကတော့ ကိုယ့်ချစ်သူ ကောင်လေးရဲ့အချစ်ခံချင်တယ်၊ ကိုယ့်ချစ်သူကအိတ်ကိုကူသယ်ပေးမယ်၊ တံခါးလေးဖွင့်ပေးတာနဲ့တင် မိန်းကလေးတွေက ကျေနပ်နေတဲ့လူမျိုးဖြစ်ပါတယ်။

 

ကောင်လေးတွေ ပိုက်ဆံရှာတဲ့အချိန်မှာ အလုပ်တွေနဲ့အချိန်ကုန်ရလို့ မိန်းကလေးတွေကိုလည်း ဂရုသိပ်မစိုက်နိုင်တော့ပါဘူး။ ဒါကလည်း သဘာဝတရားက ဖန်တီးထားတဲ့ မိန်းကလေးနဲ့ ယောက်ျားလေးနဲ့ ကွာခြားမှုတွေဖြစ်ပါတယ်။

 

ကောင်လေးတွေက ပြဿနာကို ဖြေရှင်းဖို့အတွက် အဆင်သင့်ရှိချိန်မှာ ကောင်မလေးတွေက ဘာမှအရေးမကြီးတဲ့ အရာတွေကို တစ်ခုမဟုတ်တစ်ခု ထိုင်ပြောနေတတ်ကြပါတယ်။

 

ကောင်မလေးတွေက သူတို့မချစ်တဲ့သူကိုပဲ ပြဿနာတွေဖြေရှင်းခိုင်းပြီး ချစ်တဲ့သူဆိုရင် သူတို့ရဲ့ ပြဿနာတွေ၊ အလုပ်တွေကို သူတို့ကိုယ်တိုင်ပဲ ဖြစ်အောင် ဖြေရှင်းပေးကြပါတယ်။

 

တချို့မိန်းကလေးတွေက သူတို့ပြောစကားကို နားထောင်မှန်းမသိလို့ စွတ်ပြောတယ်။ အချိန်ကြာလာတာနဲ့အမျှ ကောင်လေးတွေက နားငြီးဒဏ်ကို မခံစားနိုင်ဘဲ စိတ်ဆိုးလာကြပါတယ်။

 

အဲဒီအခါကျတော့လည်း ကောင်မလေးတွေက သူတို့ပြောတာနားမထောင်ဘူး၊ ဂရုမစိုက်ဘူးလို့ မြင်လာကြပြန်ပါတယ်။

 

ယောက်ျားလေးတွေက အခက်အခဲ ပြဿနာကိုဖြေရှင်းနိုင်တာ ခွန်အားပဲရှိတာမို့ ဘာလိုချင်လဲ၊ ဘာဖြေရှင်းရမလဲဆိုတာ ပြောရင် ရပါတယ်။ တရစပ်ပြောစရာမလို၊ မိန်းကလေးအချင်းချင်းနဲ့သာ တရစပ်ပြောသင့်ပါတယ်။

 

တကယ် ချစ်တဲ့ယောက်ျားတစ်ယောက်က နားပူမခံနိုင်ဘူးဆိုတာကို သိထားစေချင်ပါတယ်။ ဒီလိုမျိုး ယောက်ျားလေးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေက ကိုယ့်ချစ်သူကို တန်ဖိုးထားသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:43
Rate this item
(3 votes)