(၂) ဂဏာန်းသမားများ အတွက် ၂၀၂၁ တစ်နှစ်တာ ကံကြမ္မာ

(၂) ဂဏာန်းသမားများ အတွက် ၂၀၂၁ တစ်နှစ်တာ ကံကြမ္မာ Google

အင်္ဂလိပ်ရက် ၂ ရက် ၊ ၁၁ ရက် ၊ ၂၀ ရက် ၊ ၂၉ ရက်မွေးဖွားသောမိတ်ဆွေများကို (၂) ဂဏာန်းသမားများ ဟုခေါ်သည်။

 

လူ့ဘဝဆိုတာ စိတ်ညစ်စရာတွေကို ခါးစည်းခံပြီး ပျော်မွေ့စရာတွေနဲ့တွေ့တဲ့အခါမှာ ယစ်မူးမေ့လျော့ပစ်ရတာမျိုး မဟုတ်လား။ အတိတ်က တင်ရှိခဲ့တဲ့ဝဋ်ကြွေးလို သဘောထားလိုက်ပါ။

မမျှော်လင့်ဘဲ အမှန်ဘက်ကနေ စကားပြောငြင်းခုန်ရတတ်သလို ရုတ်တရက် ကျန်းမာရေးလည်း ညံ့သွားတတ်ပါတယ်။

အပြောင်းအလဲကြီးကြီးမားမားဖြစ်အံ့။ အစစအရာရာ အဖက်ဖက်ကနေ တအားကောင်းနိုင်သလို တအားလည်းဆိုးသွားအံ့။

စိတ်မကောင်းစရာတွေ အားပျက်စရာတွေကို ကြိုတင်ပြီးမပြောချင်ပါဘူး။ ဒါပေမယ့်မကောင်းတာတွေကို မကောင်းဘူးလို့ပြောမှ သစ္စာစကားဖြစ်လိမ့်မယ်။ အထူးသတိထားပါ။

အဆုံးရှုံး၊ အထိခိုက်၊ အနစ်နာတွေကြုံရတတ်တဲ့နှစ်ဖြစ်ပါတယ်။ ထိမိ ခိုက်မိတာ ၊ အပူလောင်တာ ၊ ခလုတ်တိုက်လဲတာ တွေကိုလည်း သတိထားသင့်ပါတယ်။

စိတ်ညစ်စရာတွေ တခုပြီးတခုလာပါလိမ့်မယ်။ ဘုရင့်မကိုဠ်တစ်ခုလုံး ဆန်ဆေးပလုံး ဖြစ်သွား ရတယ်ဆိုတာ ဒီလိုကိန်းမျိုးပါပဲ။ ဒါပေမယ့်အားမလျော့စေချင်ဘူး။ ကြောက်စရာလည်းမလိုဘူး။ သတိထားပြီးဖြတ်သန်းနိုင်ဖို့ အရေးကြီးပါတယ်။

သင့်အဖို့ ဒီအချိန်ဟာ တောမျောက်အုပ် ဝင်ပြီးအဖျင်ခံရတဲ့ ငှက်ပျောပင်လိုပဲ။ အခြေနေတွေ အားလုံးဖရို ဖရဲဖြစ်သွားလိမ့် မယ်။ အကြံစည်တွေ အားလုံး လွဲချော်ကုန်မယ်။ မျှော်လင့်ချက်တွေ မှုန် ရီဝေသွားလိမ့်မယ်။

ရှေ့တိုးလို့လဲမရ နောက်ဆုတ် လို့လဲမဖြစ် ဆိုတဲ့ အချိန်မျိုးပဲ။ ဘေးကြပ်နံကြပ် အခက်ခဲတွေတွေ့ရလိမ့်မယ်။ ဘဝတစ်ခုလုံး အရှုံး ပေးချင်လောက်အောင် စိတ်ပျက်စရာတွေတွေ့လိမ့်မယ်။

ငွေတွေပစ္စည်းတွေမကုန်သင့်ဘဲကုန် မထွက်သင့်ဘဲ ထွက်နေလိမ့်မယ်။ အစစအရာရာ အလေအလွင့် အပျက်အစီး များနေတတ်ပါတယ်။

ဒါပေမယ့် စိတ်ကိုတင်းထားပါ။ သန်းခေါင် ကျော်ရင်မိုးလင်းတတ်မြဲ မဟုတ်ပါလား။

ဒီဒုက္ခတွေခံစားပြီး ချမ်းသာကြွယ်ဝမှုတွေ မုချရလာမှာပါ။ အဲ့ဒီအတွက်လည်း ပြုလုပ်ရမယ့်ယ တြာတွေ ဖော်ပြထားပါတယ်။

လောလောဆယ်မှာတော့ ပေါင်းသင်းဆက် ဆံနေသူတွေကိုလည်း သတိထားပါ။ မထင်သူတွေ ကဒုက္ခပေးသွားလိမ့်မယ်။ လုပ်ငန်းတွေလည်း အလွဲ လွဲအချော်ချော် ဖြစ်နေလိမ့်မယ်။

 

အချစ်ရေး -ဆိုးနေတဲ့သူများ ကောင်းလာနိုင်သလို … ကောင်းနေတဲ့သူများလည်း ဆိုးသွားတတ်တဲ့အတွက် သတိထားသင့်ပါတယ် … ။ အဲ့လိုပဲ ဆိုးနေတဲ့သူများ ဆိုးသထက်ဆိုးသွားနိုင်သလို … ကောင်းနေတဲ့သူများလည်း

ကောင်းသထက်ကောင်းသွားနိုင်ပါတယ် … ။ အမှိုက်ကစ ပြဿာဒ်မီးလောင် ဆိုသလို အသေးအဖွဲကိစ္စလေးတွေကနေစပြီး ကြီးကြီးမားမားဒုက္ခပေးတတ်ပါတယ် ….။

နှစ်ဦးစလုံးက ရင်ချင်းအပ် ကျောခင်းကပ်ပြီး စိတ်တူကိုယ်တူ နဲ့ အစစအရာရာ သတိကြီးစွားဖြတ်သန်းသင့်ပါတယ် …။

 

အိမ်ထောင်ရေး - အိမ်ထောင်ဖက်အပေါ်စိတ်တိုင်းမကျ အားမရဖြစ်နေတတ်ပါတယ် …။ အမြင်တွေ အယူအဆဆွေကွဲလွဲနေမယ် … ။ အသေးအဖွဲပြဿနာလေးတွေကနေစပြီး ကြီးကြီးမားမားပြဿနာတွေဖြစ်လာတတ်တဲ့အတွက် နှစ်ဦးစလုံးက တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုအပြည့်နဲ့ အထူးသတိထားဖြတ်သန်းသင့်တဲ့နှစ်ဖြစ်ပါတယ် … ။

 

ငွေရေးကြေးရေး - တောင်းကိုမှောက်ပြီး သွန်လိုက်သလို ကုန်းကောက်စရာမရှိအောင်ဖြစ်သွားတတ်ပါတယ် …။ (ယတြာတွေသေချာချေပါ) အိတ်ပေါက်နဲ့ဖားကောက်သလို ဝင်သမျှငွေတွေဟာ မမြဲပဲပြန်ထွက်နေတတ်ပါတယ် … ။

ငွေကြေးကိစ္စတွေ မစွန့်စားသင့်ပါဘူး …။ သေချာမှ ပိုင်မှလုပ်ပါ … ။

 

အနှစ်ချုပ်ခြုံပြီးဟောရပါမူ ငြိမ်ငြိမ်နေလျှင် ညံ့သောအပြောင်းအလဲများဖြစ်အံ့။ လှုပ်လှုပ်ရှားရှားနေလျှင် ကောင်းသောအပြောင်းအလဲဖြစ်အံ့။ ဒါကြောင့် မကြာခဏ အိပ်ယာပြောင်းအိပ်ပေးပါ။ မရောက်ဖူးသေးတဲ့ နေရာဒေသတွေကို ခရီးခဏခဏထွက်ပေးပါ။ အဝတ်အစားအသစ်တွေများများဝတ်ပါ။ အရင်ကထက် ဘာသာရေးပိုလုပ်ပေးပါ။ ဒါဆိုရင်တော့ ကောင်းသောအပြောင်းအလဲများ တွေ့ကြုံခံစားရပါလိမ့်မယ်။

 

၁။ ခရီးစဉ် အချို့ပျက်သွားတတ်

၂။ ဆရာအတုအယောင်များနှင့်တွေ့ရတတ်

၃။ အိမ်တွင်းရေးမသာမယာ ဖြစ်တတ်

၄။ ဆွေမျိုးဧည့်သည်များ ညအိပ်ရောက်လာပြီးနောက် စီးပွားတတ် အံ့

၅။ အပေါက်ရှာပြီး ငွေကုန်စရာများ ပေါ်လာတတ်

၆။ ရုတ်တရက် ခါးမျက် ခါးနာ ဖြစ်တတ်

၇။ မိတ်ဆွေတစ်ဦးက မိမိအပေါ် အထင်လွဲတတ်

၈။ မုတ်ဆိုးဖို မုတ်ဆိုးမ တစ်ဦးဦး အိမ်သို့လာရောက် တည်းခိုပြီးနောက် စိတ်ညစ်စရာ စကားပြောငြင်းခုန်ရတာ ကြုံတတ်

၉။ အလုပ်နဲ့ ပတ်သက်ပြီး ရန်အတိုက်အခံများ မကြာခဏပေါ်တတ်

၁၀။ အိမ်အနီနားဝန်းကျင်မှာ မီးလန့်ရှော့ဖြစ် ကြုံရတတ်

 

ကျိုးပေးအဆောင် - ကြောင်ကျောက် ၊ ပုလဲ ၊ ငွေ

အကျိုးပေးအရောင် - အစိမ်း အဖြူ အဝါ အရောင်မှိုင်း

သင့်တော်သည့် ဓါတ်စာ - သခွါး မှို ပန်းသီး စပျစ်

သတိ ထားသင့်သည့် အန္တရာယ် - ရေဘေး

သတိထားသင့်သည့် ရောဂါ - အရေပြား အားအင်ကုန်ခမ်းခြင်း

နေ့ကောင်း - တနင်္ဂနွေ ၊ တနင်္လာ

ရက်သာ (ထီဂဏန်း) - ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ၊ ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅

ယတြာ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် အိပ်ယာ၊နေရာ၊အလုပ် လုပ်တဲ့နေရ ၊ ပစ္စည်းတွေကို မကြာခဏအပြောင်းအလဲလုပ်လိုက်ပါ။

ကံတအားညံ့ရင် မိမိမွေးနေ့ည ဝတ်အိပ်ထားတဲ့ အဝတ်အစားတစ်စုံလုံးကို နောက်နေ့မနက် စီးနေတဲ့ရေထဲသွားမျှောလိုက်ပါ။ ငါ့မှာရှိတဲ့ မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ။

 

 

Myanmar Wedding Guide
Crd: ဆရာမင်းသိမ်းခိုင်

Read times Last modified on Friday, 01 January 2021 19:04
Rate this item
(0 votes)
Tagged under