မိန်းကလေးတွေကို ဆွဲဆောင်နိုင်ဖို့  သိပ္ပံနည်းကျကျအကြံပြုထားတဲ့ အချက် ( ၁၀ ) ချက်

မိန်းကလေးတွေကို ဆွဲဆောင်နိုင်ဖို့  သိပ္ပံနည်းကျကျအကြံပြုထားတဲ့ အချက် ( ၁၀ ) ချက် google.com

မိန်းကလေးတွေကို ဆွဲဆောင်နိုင်ဖို့ဆိုတာ လွယ်မယောင်နဲ့ခက်ခဲသလို ဒီအကြောင်းအရာပေါ် ခွဲခြမ်းလေ့လာချက်များစွာလည်း

ရှိခဲ့ပါတယ်။ဆိုတော့ ဒီတစ်ခါမှာတော့ မိန်းကလေးတွေကိုဆွဲဆောင်နိုင်ဖို့ ရာနှုန်းပြည့်နီးပါးမှန်ကန်တဲ့ သိပ္ပံနည်းကျကျအကြံပြုချက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

 

A Ring

တိတိကျကျပြောရမယ်ဆိုရင်တော့ လက်ထပ်လက်စွပ်ပေါ့။ဒါလည်း သူမကိုသေချာပေါက်ရည်ရွယ်တဲ့အဓိပ္ပာယ်တန်းပြနေတော့ အမှတ်မရနိုင်ဘူးလားဗျို့။

 

Beards

ဒါလည်း မိန်းကလေးတိုင်းအတွက်တော့ မဟုတ်ပေမယ့် တချို့မိန်းကလေးတွေကျ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးတွေနဲ့ကိုကိုတွေကိုမှ ပိုသဘောကျလေ့ရှိတယ်လေ။သူတို့အတွက် ပိုဆက်စီဆန်တယ်ဆိုပဲ။

 

Playing Guitar

ဒီအချက်ကတော့ မိန်းကလေးတိုင်းလိုလို သဘောကျလောက်မယ့် အချက်ဖြစ်မယ်ထင်ပါတယ်။ကိုယ့်ချစ်သူကိုယ်တိုင် ကိုယ့်ဘေးမှာ ဂီတာလေးတီးခတ်ပြီး သီချင်းဆိုပြနေတာလောက် ပြည့်စုံတဲ့အချိန်ဆိုတာမရှိနိုင်ဘူးလေ။မပတ်သက်ခင်အနေအထားဆိုလည်း ဒီလိုတီးတတ်ခြင်းဟာ ခြေလှမ်းတိုးဖို့အခွင့်အရေးကောင်းတစ်ခုဖြစ်မယ်ထင်ပါရဲ့။

 

Deodorant

ဒါပေါ့ သင့်ရဲ့သင်းပျံ့တမူထူးခြားတဲ့ရနံ့တွေကြားမှာလည်း အငိုက်မိသွားနိုင်တာပဲလေ။

 

A sense of humor

ဒီနေရာမှာတော့ ပေါတောတောဆိုတာထက် ဟာသညဏ်ရှိတဲ့သူ၊ လိုရင်လိုသလိုထုတ်သုံးတတ်သူပေါ့။ သူတို့စိတ်ညစ်နေတဲ့အခါမျိုးမှာ သင့်ဟာသကြောင့် တဒင်္ဂပဲပျော်ရွင်သွားပါစေအုံး ဒါဟာအမြတ်ပဲလေ။သူ့ကိုငိုလို့မျက်ရည်ကျစေတာထက် ဝမ်းသာလွန်းလို့၊ ရယ်လွန်းလို့ မျက်ရည်ကျတာမျိုးပဲ ဖြစ်စေပါ။

 

Deep Voice

သြဇာသံနဲ့ဟိန်းနေတဲ့အသံပိုင်ရှင်တွေလည်း သူတို့အတွက်တော့ ဆွဲဆောင်မှုပိုရှိနေတတ်ပါတယ်။

 

Dog

ဟုတ်ကဲ့ ခွေးပါ။မိန်းကလေးအများစု ခွေးချစ်တတ်တာကြောင့် သင်သာတကယ်လို့ ခွေးချစ်တတ်သူဆိုရင်တော့ ပွဲသိမ်းပြီပေါ့။သင်တို့နှစ်ယောက်အတွက် အောင်သွယ်တော်က သင်တို့ခွေးလေးတွေတောင်ဖြစ်သွားနိုင်သေး။

 

Being Altruistic

တစ်ကိုယ်ကောင်းဆန်စိတ်မရှိပဲ အများအတွက် ထည့်သွင်းစဉ်းစားပေးလေ့ရှိသူ၊ ပရဟိတစိတ်ရှိသူတွေဆိုရင်လည်း မိန်းကလေးတွေမျက်စိထဲမှာ အလိုလိုဆွဲဆောင်မှုရှိနေတာပါ။

 

Wide Shoulders

သင့်ရဲ့ဘီယာဗိုက်ကိုခဏထားပြီး မဂ္ဂဇင်းတိုင်းလိုလို လှန်လှောပြီး ယောင်္ကျားဆန်တဲ့သွင်ပြင်ကို လေ့လာဖတ်ကြည့်ပါအုံး။ အမိုက်စားဘော်ဒီနဲ့သူတို့ကိုဆွဲဆောင်ဖို့ သင့်ဘီယာဗိုက်ကိုခဏလောက် မဖြုတ်ထားချင်ဘူးလား။

 

Height

မိန်းကလေးအားလုံးလိုလို အရပ်မြင့်တဲ့ယောင်္ကျားလေးတွေကို ပိုသဘောကျလေ့ရှိပါတယ်။

 

Credit : Original Uploader

Myanmar Wedding Guide

Read times Last modified on Saturday, 27 April 2019 16:11
Rate this item
(2 votes)