လူတစ်ယောက်ကို ပထမဦးဆုံးချစ်မိသွားစေတဲ့အချက်က သူ့အကြောင်းကို ပိုသိချင်လာအောင် စိတ်ကို ဆွဲအဆောင်နိုင်ဆုံး အချက်ကို ဆိုလိုရင်းပဲဖြစ်ပါတယ်။
မွေးနှစ်တူ အသက်တူတဲ့ စုံတွဲဖြစ်တဲ့ Lee Sangwoo နဲ့ Kim Soyeon တို့ နှစ်ယောက်ဟာ ၁၉၈၀ ခုနှစ်မှာ မွေးဖွားတာဖြစ်ပါတယ်။ မင်းသား Lee Sangwoo က Penthouse မင်းသမီး Kim Soyeon ကို ပထမဦးဆုံး ချစ်မိသွားစေတဲ့အချက်ကို အရင်က အင်တာဗျူးတစ်ခုမှာ ဖြေထားခဲ့ဖူးပါတယ်။
![Photos] Lee Sang-woo and Kim So-yeon at the airport @ HanCinema :: The Korean Movie and Drama Database](https://www.hancinema.net/photos/photo846689.jpg)
တစ်နေ့တခြား ပရိသတ်တွေကြားမှာ ပိုလို့နာမည်ကြီးလာတဲ့ Penthouse ဇာတ်လမ်းတွဲနဲ့အတူ အဓိကဇာတ်ဆောင်တွေရဲ့ အကြောင်းကိုလည်း ပရိသတ်တွေက ပိုလို့ သိချင်လာကြပါတယ်။
Penthouse ဇာတ်လမ်းတွဲထဲက ဗီလိန်မင်းသမီး Kim Soyeon ရဲ့ ချိုမြိန်လှတဲ့အချစ်ရေး၊ အိမ်ထောင်ရေးကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

မင်းသား Lee Sangwoo နဲ့ Kim Soyeon တို့ ပထမဦးဆုံးတွေ့ဆုံခဲ့တာက အဝတ်အစား အမှတ်တံဆိပ်တစ်ခုအတွက် ကြော်ငြာရိုက်ကူးရေးမှာ ဖြစ်ပါတယ်။
“ ကျွန်တော်တို့ အဝတ်အစားအမှတ်တံဆိပ်တစ်ခုအတွက် ကြော်ငြာရိုက်တုန်းကပေါ့။ သူမ ဘယ်လိုများ ကျွန်တော့်ထက်မြန်အောင် အဝတ်အစားလဲလိုက်သလဲဆိုတာကို အံ့သြသွားခဲ့တာ။ ပုံမှန်အားဖြင့် မိန်းကလေးတွေက ပြင်ဆင်ဖို့အတွက် အချိန်ပိုကြာတယ်လေ” လို့ Lee Sangwoo က ပြောပါတယ်။
“ကျွန်တော်တို့ အဝတ်အစား အခါ ၃၀ လောက်လဲရတယ်။ ပြီးသွားတဲ့အခါကျတော့ သူမလက်မှာ ခြစ်ရာတစ်ခုတွေ့တယ်။ အဲဒါနဲ့ ဘယ်လိုဖြစ်တာလဲလို့မေးတော့ သူမကို တခြားသူတွေ စောင့်နေရတာမျိုးမဖြစ်စေချင်လို့ အဝတ်အစားကို အမြန်လဲလို့ ဖြစ်တာတဲ့။ အဲဒီအချိန်လေးမှာပဲ ကျွန်တော်စိတ်ဝင်စားသွားတယ်။ သူမကအရမ်းကြင်နာတတ်တာပဲလို့လည်း ထင်တယ်” လို့ Lee Sangwoo က ပြောပါတယ်။
Lee Sangwoo နဲ့ Kim Soyeon တို့ဟာ Happy Home ဒရမ်မာရိုက်ကူးပြီးနောက် ချစ်သူတွေဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန်လမှာ လက်ထပ်ခဲ့ကြပါတာပဲ ဖြစ်ပါတယ်။
mmnewschannel
Myanmar Wedding Guide






