ဖခင်ကောင်းနဲ့တူသောချစ်သူ၊ခင်ပွန်းဆိုတာ

ဖခင်ကောင်းနဲ့တူသောချစ်သူ၊ခင်ပွန်းဆိုတာ google.com

မိမိရဲ့ခင်ပွန်းဖြစ်သူဟာဖခင်ကောင်းနဲ့တူညီနေခဲ့မယ်ဆိုရင်မိမိဘဝအတွက်ယုံကြည်စိတ်ချရပီးအမှန်တကယ်ကိုအားကိုးလို့ရပါပြီ။ ခင်ပွန်းမဖြစ်ခင်ချစ်သူရည်စားဘဝမှာကတည်းကဖခင်တစ်ယောက်နဲ့တူမတူကိုလည်း ခန့်မှန်းနိုင်ပါတယ်။

() ချစ်ခင် မြတ်နိုးခြင်း

 

မိမိ ခင်ပွန်းဟာမိမိရဲ့ အပေါ်မှာအမှန်တကယ်မေတ္တာသက်ဝင်ချစ်ခင် မြတ်နိုးတယ်ဆိုရင်အရမ်းကိုကောင်းမွန်ပါတယ်။ ခင်ပွန်းရဲ့ချစ်ခြင်းမေတ္တာကြောင့်ဇနီးသည်ဟာလည်းအချိန်တိုင်းမှာပျော်ရွှင်နေရမှာပါ။

 

 

() မိမိကိုယ် အချိန်တိုင်း ဂရုစိုက်နေခြင်း

 

ဖခင်တွေသူတို့ရဲ့သားသမီးတွေကိုဂရုစိုက်သလိုမိမိရဲ့ခင်ပွန်းဟာလည်းအချိန်ပြည့်မိမိအပေါ်မှာဂရုစိုက်နေမယ်ဆိုရင်ဖခင်ကောင်းတစ်ယောက်နဲ့တူညီပါတယ်။ အချိန်တိုင်းစိတ်ပူပြီးဂရုစိုက်နေတဲ့ခင်ပွန်းကိုလေးစား တန်ဖိုးထားပေးပါ။

 

 

() စိတ်ချမ်းသာအောင် ထားခြင်း

 

ဖခင်တွေဟာသားသမီးတွေကိုအချိန်တိုင်းစိတ်ချမ်းသာစေချင်သလိုမိမိရဲ့ခင်ပွန်းဟာလည်းမိမိကိုစိတ်ချမ်းသာအောင်ထားရှိခြင်းဟာဖခင်တစ်ယောက်နဲ့ တူညီလှပါတယ်။

 

 

() ပြသနာတိုင်းကိုရှေ့ကနေမားမားမတ်မတ်ရင်ဆိုင်ဖြေရှင်းပေးခြင်း

 

ကိစ္စ တစ်ခုခု ဖြစ်ပီ ဆိုတာနဲ့ သူကနေ ရှေ့ကထွက်ပြီး မားမားမတ်မတ် ရပ်တည်ပေးပါတယ်။ ပြသနာတွေကို ရင်ဆိုင်ဖြေရှင်းပေးတဲ့ ခင်ပွန်းယောက်ျားများဟာဖခင်ကောင်းတစ်ယောက်နဲ့တူပါတယ်။

 

 

Credit;ပစ်တိုင်းထောင်

Read times Last modified on Tuesday, 18 September 2018 15:59
Rate this item
(0 votes)
Tagged under