မိန်းမတွေက ဆင်းရဲတဲ့ဒဏ်မခံနိုင်ဘူး ယောင်္ကျားတွေက ချမ်းသာတဲ့ဒဏ်မခံနိုင်ဘူး..

မိန်းမတွေက ဆင်းရဲတဲ့ဒဏ်မခံနိုင်ဘူး ယောင်္ကျားတွေက ချမ်းသာတဲ့ဒဏ်မခံနိုင်ဘူး.. google.com

မိန်းမသားတွေက ဆင်းရဲတဲ့ ဒဏ်ကို မခံနိုင်ဘူး ယောက်ျားသားတွေက ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ဘူး။ဘယ်လောက်ပဲ ချစ်ပါတယ် ပြောပြော ယောက်ျား တစ်ယောက်မှာ ကိုယ်ပိုင် အရည်အချ

င်းနဲ့ အနာဂါတ် ရည်မှန်းချက် ဆိုတာ မရှိရင် ဘယ် မိန်းကလေးမှ အနားမှာ ရှိမှာ မဟုတ်ပါဘူး...



တစ်ချို့က ပြောကြတယ်... အေးအတူ ပူအမျှ မောင်တစ်ထမ်း မယ်တစ်ရွက် ကြင်ကြင်နာနာ ယုယုယယနဲ့ လုပ်ကိုင်စားသောက် သွားကြမယ်...တဲ့ ဒါတွေဟာ ဘိုးတော်မင်း လေးဘက်ပြေးတဲ့

ခေတ်မှာ ကျန်ခဲ့ပါပြီ... မိန်းမသား ဆိုတာ ယောက်ျားသားကို ချစ်လို့ အားကိုးချင်လို့ တဘဝလုံးကို ပုံအပ်ပြီး ကိုယ့်အနောက်ကို ကောက်ကောက် ပါအောင် လိုက်ခဲ့တာ မဟုတ်လား...


ကိုယ်က ယောက်ျား တစ်ယောက်ပဲလေ.. ရှိသင့် ရှိထိုက်တဲ့ ယောက်ျား တစ်ယောက်ရဲ့ အရည်အချင်းတော့ ရှိကို ရှိရမယ်လေ... မိန်းမ တစ်ယောက်ကို ယူထားပြီး တင့်တောင့် တင့်တယ် မ

ထားနိုင်ရင်တောင် လူမွေး သူမွေး ပြောင်အောင် ထားနိုင်ရမယ်။ ဒီမိန်းမရဲ့ ဆိုးခြင်းကောင်းခြင်း ကံကြမ္မာဟာ အိမ်ထောင်ဦးစီး အပေါ် ၁၀၀% မူတည်သွားပြီ..

မယူခင် စဉ်းစားပါ.. ယူတာတော့ တတ်ပြီး မိန်းမ တစ်ယောက်ရဲ့ဘဝ မဖူလုံရင်တော့ ခင်ဗျား $ ပြစ် ဖြစ်သွားပြီ... ဟိုတလောက သက်ငယ် လင်မယား စုံတွဲအကြောင်း သတင်း တစ်ခုမှာ

ပါလာတယ်။ အိမ်ထောင်ကျပြီး မကြာသေးဘူး ကလေး တစ်ယောက်ရတယ်။ ကလေး ကျန်းမာရေး မကောင်းဖြစ်တော့ ဆေးခန်းသွားပြစရာ ပိုက်ဆံ မရှိလို့ ဆိုပြီး လမ်းအလယ်မှာ သူများ ပိုက်

ဆံကို လုတယ်..

ရပ်ကွက် လူထုက ဝိုင်းဖမ်းပြီး မေးတော့ သူ့ကလေး နေမကောင်းလို့ ဆေးခန်းပြဖို့ ငွေလိုနေလို့ သူများ ပိုက်ဆံကို လုရတာပါ... တဲ့... တစ်ချို့က ဒီလူကို ဖခင်စိတ် ရှိတယ် ဆိုပြီး ဝိုင်းသနားကြ

ဂရုဏာ သတ်ကြတာပေါ့... ကျွန်တော်ကတော့ ဂရုဏာ မသတ်ပေးနိုင်ဘူး

ဒါလား ယောက်ျား ဒါလား အိမ်ထောင်ဦးစီး မိန်းမဖြစ်သူမှာ မိမိရင်သွေး လွယ်ထားရပြီ ဆိုကတည်းက မွေးဖို့ဖွားဖို့ စားဖို့သောက်ဖို့ ကြိုရှာထားရမှာ အိမ်ထောင်ဦးစီးရဲ့ တာဝန် မဟုတ်ဘူး

လား...? ယူတာတော့ ယူတတ်ပြီး အိမ်ထောင်ဦး တစ်ယောက်ရဲ့ တာဝန် ဝတ္တရားမှ မကျေပွန်ရင် ဒီလူကို ယောက်ျားကောင်း... လို့ သတ်မှတ်လို့ ရပါဦးမလား...?

မိန်းကလေးတွေလည်း မကောင်းဘူး မယူခင် ရှေ့ရေးအတွက် ကြိုစဉ်းစားသင့်တယ်။အချစ်က ကိုက်စားလို့ မရဘူး ဗိုက်မပြည့်ဘူး။ ကိလေသာ တဏှာရာဂမီးကို ဦးစားပေးပြီး ငယ်ငယ်ရွယ်ရွ

ယ်နဲ့ အိမ်ထောင်ပြု ကလေးတွေယူ ဖြစ်လာမှ မရှူနိုင် မကယ်နိုင် ဘယ်သူ့ကို အားကိုးရမှန်းမသိ ကိုယ့်ယောက်ျားက ကောင်းရင်တော့ တစ်မျိုးပေါ့...

ယောက်ျားက $သုံးမကျ မိန်းမက မထိန်းကွတ်တက် ဒီ အိမ်ထောင်ရေးဟာ ပရမ်းပတာ ဖြစ်သွားမှာပဲ... သင်ခန်းစာ ယူကြ ... မယူခင် စဉ်းစားကြ... ကျန်တာတွေကို မိုက်လုံးကြီးပါ ... မိမိ

ဘဝ ရှေ့ရေးအတွက်တော့ မိုက်လုံး မကြီးကြပါနဲ့ ညီမငယ်တို့ရေ... လိုရင် ဖြည့်တွေးကြကွာ မှားခဲ့ရင်တောင် စေတနာ အမှားပါ...᠌᠌᠌



Credit:
ကျော် ကျော်ခိုင်

Read times Last modified on Wednesday, 19 September 2018 10:33
Rate this item
(1 Vote)