ကိုယ့်ယောက်ျားအတွက် ပါရမီဖြည့်ဖက်မိန်းမတစ်ယောက် ဖြစ်စေဖို့

ကိုယ့်ယောက်ျားအတွက် ပါရမီဖြည့်ဖက်မိန်းမတစ်ယောက် ဖြစ်စေဖို့ google.com

အိမ်ထောင်ပြုလိုက်ကြပြီဆိုရင် ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာ ပါရမီဖြည့်ဖက်ကောင်းတစ်ဦး ဖြစ်ချင်ကြတာချည်းပါပဲ။ အိမ်ထောင်ရေးမှာ ကျင့်ကြံရမယ့် အချက်လေးတွေ ရှိပါတယ်။

 

အိမ်ထောင်ပြုလိုက်ကြပြီဆိုရင် ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာ ပါရမီဖြည့်ဖက်ကောင်းတစ်ဦး ဖြစ်ချင်ကြတာချည်းပါပဲ။ ပါရမီဖြည့်ဖက်ကောင်းတစ်ဦး ဖြစ်ဖို့ဆိုတာလည်း လွယ်ကူတာတော့ မဟုတ်ပါဘူးနော်။ အိမ်ထောင်ဖက်ကောင်းတစ်ဦးဖြစ်မှလည်း အိမ်ထောင်ရေးသာယာတည်မြဲမှာပါ။ ပါရမီဖြည့်ဖက်ကောင်းတစ်ဦးဖြစ်ဖို့အတွက် အိမ်ထောင်ရေးမှာ ကျင့်ကြံရမယ့် အချက်လေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

 

 

လက်တွဲထားပါ

 

အိမ်ထောင်ပြုလိုက်တာဟာ ဘဝတစ်လျှောက်လုံး အကောင်းအဆိုး နှစ်ခုစလုံးကို နှစ်ယောက်အတူတူ ဖြတ်ကျော်ဖို့ပါ။ ဘဝမှာ အဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေ ကြုံတွေ့ရမှာ သေချာပါတယ်။ ဒီအခါမှာ လက်တွဲမဖြုတ်လိုက်ဖို့ လိုပါတယ်။ ခက်ခဲပင်ပန်းဆင်းရဲဒဏ်ကို မခံနိုင်ဘူးဆိုပြီး အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေ ဖြစ်နေကျပါပဲ။ မုန်တိုင်းတွေပြီးရင် လေပြည်လေညှင်းလေးတွေ လာမယ်ဆိုတာ တွေးထားပြီး တွဲလက်တွေ မြဲနေမယ်ဆိုရင်၊ အဆိုးတွေကြုံချိန်မှာတောင် အနားကထွက်မသွားဘူးဆိုရင် ဒါဟာ ပါရမီဖြည့်ဖက်ကောင်း တစ်ဦးပါပဲ။

 

 

စိတ်ရှည်ပါ

 

ပါရမီဖြည့်ဖက်ကောင်းဖြစ်ဖို့ဆိုတာ အပြောလွယ်ပြီး အလုပ်ခက်ပါတယ်။ တစ်ယောက်ယောက်ကို ပြီးပြည့်စုံအောင် လုပ်ပေးရတာဖြစ်လို့ ကိုယ့်စိတ်ကိုယ့်ကိုယ်ချည်းပဲတော့ မဟုတ်ဘူးလေ။ ဒီတော့ စိတ်ရှည်ဖို့လိုပါတယ်။ ကိုယ့်ယောကျာ်းအပေါ်မှာ ညင်သာစွာပြုမူပြောဆိုတတ်ဖို့ လိုသလို၊ ဘယ်ကိစ္စမဆို စိတ်ရှည်ရှည်ထားပြီး ဖြေရှင်းတတ်ဖို့ လိုပါတယ်။ ကိုယ့်ယောကျာ်းအပေါ်မှာ စိတ်ရှည်ရှည် ဆက်ဆံပါ။

 

 

ချစ်ပြပါ

 

ပါရမီဖြည့်ဖက်ကောင်းမိန်းမဆိုတာ ကိုယ့်ယောက်ျားရဲ့ ကောင်းကျိုးတွေကို စဉ်းစားပေးတတ်ခြင်းပါပဲ။ ကိုယ့်အိမ်ထောင်ဖက်ကို ချစ်ပြပါ။ ချစ်ပြတတ်ခြင်းဟာ ကောင်းမွန်တဲ့ ကိစ္စပါပဲ။ အချစ်မခံချင်တဲ့သူလို့လည်း ရှိမယ် မထင်ပါဘူး။ ဒီအခါမှလည်း ကိုယ့်ယောက်ျားက ကိုယ့်ကိုပိုချစ်မှာပေါ့နော်။

 

 

နားလည်ပေးပါ

 

နားလည်ပေးတဲ့အခါမှာလည်း သူဘာလုပ်လုပ် ကောင်းတယ်၊ လက်ခံတယ်လို့ နားလည်ပေးလိုက်တာမျိုး မလုပ်ဘဲ အကျိုးအကြောင်းဆီလျော်အောင် ပြောပြပြီးမှသာ နားလည်ပေးပါ။ ဆိုလိုတာက အရာရာတိုင်းကို နားလည်ပေးလိုက်စရာ မလိုပါဘူးနော်။ နားလည်ပေးလို့ရတဲ့ကိစ္စတွေမှာပဲ နားလည်ပေးပါ။ အမြဲတမ်း အပြင်ထွက်ချင်နေတာမျိုးတော့ ဘယ်လက်ခံလို့ ရမလဲနော်။ ဒီတော့ အမြဲတမ်းအပြင်ထွက်တာက ဘယ်လိုအဆိုးတွေ ရှိလာနိုင်တာမျိုး ပြောပြပါ။ တစ်ခါတစ်လေ အပြင်ထွက်တာလောက်တော့ နားလည်ပေးလိုက်ပါ။

 

 

ချစ်လာအောင် နေတတ်ပါစေ

 

ချစ်လို့လက်ထပ်ခဲ့ကြတာပဲ ချစ်အောင်လုပ်ဖို့များ လိုသလားလို့ မေးစရာပါ။ အိမ်ထောင်ကျသွားသည့်တိုင်အောင် သူ့အချစ်တွေ ကိုယ့်ဆီမှာပဲ ရှိနေအောင် လုပ်ဆောင်တတ်ဖို့ လိုပါတယ်။ ကိုယ့်ယောကျာ်း ကိုယ့်ကိုချစ်လာအောင်နေတတ်တာကလည်း ကိုယ့်ရဲ့စွမ်းရည်တစ်မျိုးပါပဲ။ ကိုယ့်ယောက်ျားအတွက် စားစရာစီစဉ်ပေးတာ၊ ပြုစုစောင့်ရှောက်ပေးတာမျိုးတွေက အချစ်ပိုလာစေနိုင်ပြီး ပါရမီဖြည့်ပေးတဲ့ကိစ္စ တစ်ခုပါပဲနော်။

 

 

Credit;Marry

Read times Last modified on Thursday, 11 October 2018 16:00
Rate this item
(1 Vote)