ယောက်ျားကောင်းတွေမှာရှိတဲ့ အချက်များ

ယောက်ျားကောင်းတွေမှာရှိတဲ့ အချက်များ google.com

ယောက်ျားကောင်းဆိုတာ ကိုယ့်လက်တွဲဖော်ကို ဘယ်လို လေးစား တန်ဖိုးထားရမလဲ

ဆိုတာ ကောင်းကောင်း သိကြပါတယ်။ လေးစားမှုဆိုတာကတော့ အဆက်အသွယ်တစ်ခုကို ပိုပြီး ခိုင်မာလာစေဖို့နဲ့ ပိုပြီး ရှင်သန်လာစေဖို့ပဲဖြစ်ပါတယ်။

 

ယောက်ျားကောင်းဆိုတာ ကိုယ့်လက်တွဲဖော်အပေါ် ဘယ်လို လေးစားတန်ဖိုးထားရမလဲ ဆိုတာ သိကြသလို ထိုက်တန်တဲ့ လေးစားမှု၊ တန်ဖိုးထားမှုတွေပေးဖို့အတွက်လည်း အသင့်ရှိနေတတ်ကြပါတယ်။

 

ယောက်ျားကောင်းဆိုတာ ပွေရှုပ်တာကို မနှစ်သက်ဘဲ တည်တည်ငြိမ်ငြိမ် နေတတ်တဲ့လူဖြစ်ပါတယ်။

 

သူတို့အနားက လက်တွဲဖော်ကလွဲရင် ကျန်တဲ့ မိန်းကလေးတွေဆို ဖွဲနဲ့ဆန်ကွဲလို့ သတ်မှတ်ထားတတ်ကြ သူတွေဖြစ်ကြပါတယ်။

 

ဘဝရဲ့ အနိမ့်အမြင့် မှန်သမျှမှာ သူတို့အနားမှာ ရှိနေတတ်ကြပါတယ်။ သူတို့ကို အားပေးကူညီတတ်တဲ့ မိန်းကလေး တစ်ယောက်တည်းကိုပဲ တန်ဖိုးထား ချစ်ခင် တတ်ကြပါတယ်။

 

ယောက်ျားကောင်းဆိုတာ လိမ်ညာမှုကို မနှစ်သက်ကြပါဘူး။ တခြားတစ်ယောက်က လိမ်ညာလှည့်ဖျားတတ်တဲ့သူဆိုရင် သူတို့စိတ်ထဲမှာ လိမ်ဖို့ပဲ အမြဲတွေးနေတတ်ကြပါတယ်။

 

နောက်ပြီးတော့ အဲဒီလို လိမ်ညာတဲ့လူတွေဆီမှာ သူတို့ရဲ့ အပြစ်တွေကို ဖုံးဖိဖို့ ဆင်ခြေတွေလည်း အမြဲအဆင်သင့် ရှိနေတတ်ကြပါတယ်။

 

ယောက်ျားကောင်းတွေကတော့ ဘ၀မှာ လိမ်ညာမှုတွေနဲ့ ဖြတ်သန်းဖို့ စဉ်းတောင် မစဉ်းစားတတ်ကြပါဘူး။

 

သူတို့ကိုယ်တိုင်ကိုက သူတို့ လက်တွဲဖော်ကို လိမ်ညာဖို့နေနေ သူတို့အကြောင်းကို အိသည်မရွေး အကုန်ပြောပြရတာကိုပဲ နှစ်သက်တတ်ကြပါတယ်။

 

ယောက်ျားကောင်းဆိုတာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ကြတယ်။ သူတို့မှာ သူတို့ကိုယ်သူတို့ ထိန်းချုပ်ဖို့ လုံလောက်တဲ့ စွမ်းအားတွေရှိတတ်ကြပါတယ်။

 

ပြီးတော့ သူတို့က အချစ်ဆိုတာ တပ်မက်ခြင်းထက် အများကြီး ပိုအဓိပါယ်ရှိတယ်ဆိုတာ သိထားသူမို့ သူတို့ စိတ်ဆန္ဒတစ်ခု သာယာဖို့အတွက် ကိုယ့်ချစ်သူကို ဒုက္ခရောက်အောင် ဘယ်တော့ မှ မလုပ်တတ်ကြ ပါဘူး။

Read times Last modified on Wednesday, 19 September 2018 14:49
Rate this item
(2 votes)