တူတော်မောင် မင်္ဂလာဆောင်…

တူတော်မောင် မင်္ဂလာဆောင်… google.com

တူတော်မောင် တစ်ယောက် မင်္ဂလာဆောင် လို့ သွားတယ်။ဟော်တယ် ဝင်ပေါက်မှာ တံခါးက ၂ ပေါက်။

 

တစ်ပေါက်မှာ ရေးထား တာက ‘ကျား’နောက်တစ်ပေါက် မှာက ‘မ’

 

ကိုယ်က ယောက်ျား ဆိုတော့ ‘ကျား’ ဆိုတဲ့ အပေါက်က ဝင်လိုက်တယ်။

 

အထဲမှာ တံခါး ၂ ပေါက် ထပ် တွေ့တယ်….

 

တစ်ပေါက်မှာ ရေးထား တာက ‘သတို့သား အမျိုး များ’နောက် တစ်ပေါက် မှာက ‘သတို့သမီး အမျိုး များ’ကိုယ်က သတို့သား အမျိုး ဆိုတော့ ပထမ အပေါက်က နေပဲ ဝင်လိုက်တယ်။

 

ဟော…အထဲမှာ တံခါး ၂ ပေါက် ထပ် တွေ့ပြန်တယ်….တစ်ပေါက်မှာ ရေးထားတာက ‘လက်ဖွဲ့ ပါသူ’နောက် တစ်ပေါက်မှာက ‘လက်ဖွဲ့ မပါသူ’ တဲ့။

 

ကိုယ့်မှာ ဘာလက်ဖွဲ့မှ မပါတော့ ‘လက်ဖွဲ့ မပါသူ’ အပေါက်ကို ဖွင့်ပြီး ဝင်လိုက်တာ… …

 

နောက်ဖေး လမ်းကြားထဲ ရောက်သွားတယ်။


အေးတာပဲ


Credit;သန်၎ကို ( ရမ်းဘာသာပြန်သည်)

Read times Last modified on Wednesday, 19 September 2018 10:43
Rate this item
(3 votes)