ကောင်မလေးတွေ လုံးဝလှည့် မကြည့်သင့် တဲ့ လူမျိုးဆိုတာ

ကောင်မလေးတွေ လုံးဝလှည့် မကြည့်သင့် တဲ့ လူမျိုးဆိုတာ google

တချို့မိန်းကလေးတွေ ရည်းစားဟောင်းက ကိုယ့်ကိုဘယ်လိုပဲနာကြည်းအောင်လုပ်ခဲ့ခဲ့ ချစ်နေတုန်းပါပဲ။ ရည်းစားဟောင်းကပြန်တွဲကြဖို့

ပြောလာရင်းလည်း ပြန်တွဲပစ်ဖို့ ၀န်မလေးကြတဲ့ မိန်းကလေးတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး သင့်အပေါ် နာကြည်းအောင် လုပ်သွားတဲ့ ရည်းစားဟောင်းတွေကိုတော့ ပြန်မတွဲသင့်သလို လှည့်တောင်မကြည့်သင့်တော့ပါဘူး။ ပျိုမေတွေ ပြန်လှည့်မကြည့်သင့်တဲ့ ရည်းစားဟောင်းတွေကတော့ …

ကိုယ့်အကြောင်းကို အပုတ်ချသွားတဲ့ သူမျိုး


မစားရတဲ့အမဲ သဲနဲ့ပတ် ဆိုတဲ့အတိုင်း သင့်အကြောင်းတွေကို အပုတ်ချသွားတဲ့သူမျိုးကို လုံးဝပြန်လှည့်မကြည့်သင့်ပါဘူး။ သင့်နဲ့လမ်းခွဲခဲ့ပြီးနောက်မှာ သင့်အကြောင်းတွေကို အပုတ်လိုက်ပြောတတ်တဲ့ရည်းစားဟောင်းမျိုးကို ပြန်မတွဲသင့်ပါဘူး။ အဲ့လိုလူမျိုးက စိတ်ဓာတ်ရေးရာအရ နိမ့်က်ျနေသူတွေဖြစ်လို့ပါ။ ဘယ်လောက်ပဲချစ်ချစ် ဒီလိုရည်းစားဟောင်းမျိုးကိုတော့ ပြန်မတွဲပါနဲ့။

 

အရှက်ခွဲခဲ့တဲ့ သူမျိုး

 

သင့်မှာ သူ့အရှက်ခွဲစရာကိစ္စရှိနေတယ်ဆိုရင် သင့်ကိုအရှက်ခွဲခဲ့ဖို့ ၀န်မလေးတဲ့သူမျိုးပါ။ နောက်ပြီး သင့်နဲ့မကျေနပ်စရာကိစ္စတစ်ခုခုဖြစ်သွားပြီးရင် သင့်ကိုမကျေနပ်လို့အရှက်ခွဲခဲ့တဲ့သူမျိုးကို လုံးဝပြန်မတွဲပါနဲ့။ မိန်းကလေးတစ်ယောက်ကို အရှက်ခွဲခဲ့တဲ့ ယောက်ျားမျိုးကတော့ လုံးဝကို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ယောက်ျားမျိုးပါ။ သူနဲ့မတွဲလို့ဆိုပြီး မိန်းကလေးတစ်ယောက်အရှက်ခွဲခဲ့တာက ယောက်ျားကောင်းတစ်ယောက်ရဲ့လက္ခဏာမဟုတ်ပါဘူး။

 

 

အချစ်ဆုံးသူငယ်ချင်းနဲ့ ဖောက်ပြန်သွားတဲ့ သူမျိုး

 

ဖောက်ြပန်သွားတဲ့ရည်စားဟောင်းမျိုးကိုတော့ လုံးဝကိုနာကြည်းပြီး ပြန်မလှည့်ကြည့်သင့်တဲ့ သူမျိုးပါ။ တချို့မိန်းကလေးတွေက ရည်းစားဟောင်းကိုအရမ်းချစ်ခဲ့တော့ ပြန်တွဲဖို့လက်ခံတာမျိုးလည်းရှိကြတယ်။ ဒါပေမယ့် ပျိုမေတွေ လုံးဝပြန်မတွဲသင့်တဲ့ ရည်းစားဟောင်းမျိုးက ဖောက်ပြန်သွားတဲ့သူမျိုးပါ။ အဲ့လိုလူမျိုးက ဒုတိယအခွင့်အရေးမျိုးနဲ့မတန်လို့ပါ။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under