အရမ်းချစ်လို့ သတိမမူမိတဲ့အမှားများ

အရမ်းချစ်လို့ သတိမမူမိတဲ့အမှားများ google.com

ချစ်သူစုံတွဲတိုင်းမှာ အရမ်းချစ်လို့ အမှားပြုလုပ်မိလေ့ရှိကြပါတယ်။အမှားဆိုတာ ဖြစ်လေ့ရှိတဲ့အတွက် မရည်ရွယ်တဲ့အမှားမျိုးဆိုရင် ခွင့်လွှတ်ပေးရင်တော့ နှစ်ဖက်အဆင်ပြေပါလိမ့်မယ်။ခွင့်လွှတ်နိုင်လောက်တဲ့ အမှားလုပ်မိသူကို အပြစ်မဆိုပါနဲ့၊ နောက်ထပ်မဖြစ်ဖို့ကိုသာ တောင်းဆိုရမှာဖြစ်ပါတယ်။

 

တစ်ဦးအပေါ်တစ်ဦး စိုးရိမ်လွန်ကဲခြင်း

 

သူ ငါမသိအောင် ဘာတွေမဟုတ်တာ လုပ်နေပြီလဲ။ သူ့ကိုမပြောထားတာ ဘာတွေများ ရှိနေပြီလဲ ဆိုပြီး တစ်ခါတစ်လေ စိုးရိမ်မှု လွန်ကဲတတ်ကြပါတယ်။အဲဒါကို ယောကျာ်းလေးတွေဘက်က နားလည်အောင် သေချာရှင်းပြဖို့ လိုပါတယ်။ မိန်းကလေးတွေဘက်ကလည်း စိုးရိမ်မှုလွန်ကဲရင် သံသယဖြစ်လာတတ်တာ သတိပြုပါ။

 

 

တစ်ဦးအပေါ်တစ်ဦး စကားပြောများခြင်း

 

စကားများခြင်းဟာ အဆိုးမဟုတ်သလို အမှားတော့မဟုတ်ပါဘူး။အများအားဖြင့် မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စကားပိုပြောတတ်ကြတာ သဘာဝပါ။နားမထောင်ချင်တော့ဘူးဆိုရင် သူမ မသိတဲ့ အရာတစ်ခုကို ပြောဖို့စဉ်းစားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် စကားများတယ် ဆိုတာခွင့်လွှတ်လို့ရတဲ့အရာဖြစ်ပါတယ်။

 

 

တစ်ဦးအပေါ်တစ်ဦး ဆရာလုပ်ခြင်း

 

ယောကျာ်းလေးတွေထဲမှာလည်း ဆရာလုပ်တတ်သူရှိသလို မိန်းကလေးတွေထဲမှာလည်း ဆရာလုပ်တတ်သူတွေရှိပါတယ်။သူ့မျိုးရိုးနဲ့ သူလာတာဖြစ်လို့ ယောက်ျား၊ မိန်းမနဲ့ မဆိုင်ပါဘူး။ အများရှေ့မှာသင့်ကိုသိက္ခာကျအောင် မပြောသရွေ့သူဆရာလုပ်တာကိုသင်ခွင့်လွှတ်သင့်ပါတယ်။

 

 

တစ်ဦးအပေါ်တစ်ဦး စိတ်ကောက်ကြခြင်း

 

ယောကျာ်းလေးတွေ အချစ်ရေးမှာ အမြဲကြုံရတဲ့ ပြဿနာက အမျိုးသမီးတွေရဲ့ စိတ်ကောက်ခြင်းပဲ ဖြစ်ပါတယ်။ ချစ်သူကိုမချော့ဖူးတဲ့ အမျိုးသားဆိုတာ မရှိပါဘူး။တော်ရုံတန်ရုံ စိတ်ကောက်တာဆိုရင် သင်ခွင့်လွှတ်ပြီး ချော့ဖို့လိုက်ပါ။ အမျိုးသမီးတွေ စိတ်ကောက်တာဟာ အချော့ခံချင်လို့ ဆိုတာကို သိထားရင် အဆင်ပြေပါလိမ့်မယ်။

 

 

တစ်ဦးအပေါ်တစ်ဦး ရစ်တတ်ခြင်း

 

နှစ်ဦးစလုံးအတွက် အရစ်ခံရတာဟာ စိတ်ညစ်စရာလို့ ထင်စရာရှိပေမယ့် တစ်ဖက်က ပြန်ကြည့်ရင်သင်ပိုပြီးတောင်စိတ်ချနိုင်ပါသေးတယ်။ရစ်ဖို့ ကြိုးစားနေတဲ့သူဟာသင့်ကို အမှန်တကယ် ဂရုစိုက်သူလို့ ပြောလို့ရပါတယ်။ အဲဒါကြောင့် သူမရဲ့အမှားတွေထဲမှာ ရစ်တတ်တာကိုလည်း ခွင့်လွှတ်ရမယ့် အရာလို့ သဘောထားရင် တစ်ဦးနှင့်တစ်ဦး အဆင်ပြေချောမွေ့စေမှာပါ။

 

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 15:54
Rate this item
(1 Vote)