ချစ်သူတွေကြားမှာ ဒီအချက်လေးတွေ လုပ်ကြည့်ကြ ပြီးပြီလား

ချစ်သူတွေကြားမှာ ဒီအချက်လေးတွေ လုပ်ကြည့်ကြ ပြီးပြီလား google.com

ကိုယ်တကယ်ချစ်တဲ့သူနဲ့ အချိန်တိုင်း အတူတူ ရှိနေချင်ကြတာကတော့ သဘာဝပါ။ ချစ်သူလေးနဲ့ အတူတူရှိတဲ့ အချိန်တွေမှာ အမှတ်တရ ဖြစ်ဖို့အတွက် ဘာတွေကို ပြုလုပ်တတ်ကြပါသလဲ။

 

 

ချစ်သူလေးတွေကြား ပိုချစ်စေမယ့် အပြုအမူလေးများ ကိုလည်း ပြုလုပ်ပေးတတ်ရမှပါ။ အခု ပြောပြပေးမယ့် အချက်လေးတွေကို လုပ်ကြည့်ပေးပြီး ချစ်သူတွေကြားက သံယောဇဉ်လေးတွေကို ထပ်တိုးချည်နှောင်လိုက်ပါနော်။

 

 

အချစ်တွေတိုးပွားလာစေမယ့် အချက်လေးတွေ

 

လက်တွဲပြီး လမ်းအကြာကြီး လျှောက်ပါ။ တခါတလေကျရင် ဦးတည်ရာမရှိဘဲ ဒီအတိုင်းကို လမ်းအကြာကြီး လျှောက်ပေးပါ။ လမ်းလျှောက်ရင်းနဲ့ သွားရင်း လာရင်း တွေ့တာတွေကို ကြည့်ရင်း ရောက်တတ်ရာရာစကားတွေ ပြောမိနေတာက အချင်းချင်းကြားက ရင်းနှီးမှုတွေကို တိုးပွါးစေနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။

 

ရုပ်ရှင်ရုံကို ရှေ့ဆုံးတန်းက အတူတူ ကြည့်ပေးပါ။ ရုပ်ရှင်ရုံ ရှေ့ဆုံးတန်းဆိုတာကတော့ ပိတ်ကားနဲ့ အနီးဆုံးနေရာဖြစ်လို့ ကြည့်ရတာ လည်ပင်းကြီးမော့ရတာ တစ်ခုကလွဲ ကျန်တာအဆင်ပြေပါတယ်။ ကိုယ့်ရှေ့မှာ လူတွေ မရှိတဲ့အတွက် ရုပ်ရှင်ကြည့်တဲ့အချိန်မှာ ကွယ်မယ့်အရာတွေ မရှိတော့ပိတ်ကားကို ရှင်းရှင်းလင်းလင်း မြင်ရလို့ပါပဲ။

 

 

မိုးရေတွေကြား လမ်းလျှောက်ကြည့်ပါ

 

မိုးရေတွေကြား ထီးဆောင်းမယ်ဆိုရင်လည်း ထီးသေးသေးလေးကို မလုံ့တလုံ ပေါင်းဆောင်းပါ။ ဒါမှ မိုးလုံအောင်ဆိုပြီး အချင်းချင်း ပိုနီးနီးကပ်ကပ်လေး နေခွင့်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ထီးဆောင်းရင်း မိုးသိပ်ရွာလို့ စိုကုန်တယ် ဆိုရင်တော့ ထီးပိတ်ပြီး မိုးရေတွေကြားမှာ လမ်းလျှောက်ပါ။ မိုးရေတွေကြား လမ်းလျှောက်ရတဲ့အရသာက ထူးခြားတယ်ဆိုတာကို ခံစားကြည့်လိုက်ပါ။

 

နောင် ၁၀ နှစ်စာလောက်ကို ကြိုတင်မြင်ယောင်ပြီး ပြောကြည့်ပါ။ အခု လက်ရှိအချိန်ထက် ၁၀ နှစ်ကြာရင် ဆိုတဲ့အချိန် တစ်ခုကို ပုံဖော်ပြီး ပြောကြည့်တာကတော့ ချစ်သူတွေကြားက နောင်ရေးကို ဆွေးနွေးတာနဲ့ သဘောတရား တူပါတယ်။ အဲ့အချိန်လောက်ဆိုရင် အခုလက်ရှိချစ်သူဆိုတာနောင် မိသားစုဘဝရယ်လို့ ဖြစ်နေမလား။ ချစ်ရတဲ့သူနဲ့ တူတဲ့ သားသမီးလေးတွေပါ တိုးပွါးလာနေမလားဆိုတာကတော့ ပြောနေရင်းတောင် ရင်ခုန်ရမယ့် အကြောင်းအရာမို့လို့ပါ။

 

ချစ်သူတွေကြားက ချစ်ခြင်းတွေတိုးပွါးဖို့ ပြုလုပ်ပေးလိုက်ပါနော်။ တစ်ယောက်နဲ့တစ်ယောက် အချိန်ကြာလေပိုချစ်လေဖြစ်တဲ့ ချစ်သူလေးတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

 

Credit;Marry

Read times Last modified on Monday, 01 October 2018 16:25
Rate this item
(1 Vote)