အချစ်တွေပုံပြီးရတဲ့ ချွေးမလေးဖြစ်နည်း

အချစ်တွေပုံပြီးရတဲ့ ချွေးမလေးဖြစ်နည်း google.com


ဒီအချက်လေးတွေကတော့ ယောက္ခမချစ်ဆေးတွေပါ…..

အိမ်ထောင်ကျပြီးသွားရင် သူ့အသိုင်းအဝိုင်း ကိုယ့်အသိုင်းအဝိုင်း ပတ်သတ်ရတာတော့ ထုံးစံပါဘဲ။ ဒီအခါကျရင် ကိုကို့မေမေ့ရဲ့ အချစ်ရဆုံး ချွေးမလေး တစ်ယောက်ဖြစ်အောင် ဘယ်လိုနေမလဲ ဆိုတာပါပဲ။ ဒီလျှို့ဝှက်ချက်လေးကို ပြောပြပေးပါမယ်။


အကောင်းမြင်စိတ်မွေးပါ

 

သံသယဝင်စိတ်တွေ ဖယ်လိုက်ပါ။ အကောင်းမြင်တတ်တဲ့ စိတ်လေးနဲ့ ယောက္ခမနားမှာ အချစ်ခံရအောင်နေပါ။ သူလည်း တစ်နေ့က ချွေးမဖြစ်ခဲ့ ဖူးတာပဲလေ။


ယောက္ခမရဲ့ အကြောင်းလေးတွေ သိနေပါစေ

 

ယောက္ခမက ဘယ်လိုလူမျိုးလဲဆိုတာ သိနေပါစေ။ မသိသေးရင်လည်း လေ့လာထားပါ။ သူဘာကြိုက်တတ်တယ်၊ ဘာမကြိုက်ဖူးဆိုတဲ့ အဓိက အချက်လေးတွေ သိထားပါ။


ကိုယ့်အမေလို သဘောထားပါ

 

ကိုယ့်အမေကတော့ တစ်ကမ္ဘာလုံးမှာ တစ်ယောက်တည်းရှိတယ် ဆိုတာဟုတ်ပါတယ်။ ယောက္ခမကို ဒုတိယအမေတစ်ယောက်လို သဘောထားပါ။ ချစ်ပေးပါ။ ကိုယ်ချစ်ကြောင်းပြပါ။ ယောက္ခမရှေ့မှာ သူနဲ့ အပြိုင် အမျိုးသားကို သဲသဲလှုပ်မပြပါနဲ့။ ယောက္ခမဆိုတာကလည်း တစ်ချိန်က မိန်းကလေးပဲလေ။ ဂရုစိုက်တာ၊ အလေးထားတာမျိုး လိုချင်တာချည်းပါဘဲ။ ဂရုစိုက်လွန်းလို့ ရန်ဖြစ်ရတယ်ဆိုတဲ့ ဆက်ဆံရေးဆိုတာ မရှိသလောက်ရှားပါတယ်။


အိမ်ကိုသန့်သန့်ရှင်းရှင်းထားပါ

 

အခုခေတ်မှာ ယောကျာ်းကော မိန်းမကော နှစ်ယောက်လုံး အလုပ်ထွက်လုပ်နေကြတဲ့ ခေတ်ဖြစ်တဲ့အခါ ဇနီးက အိမ်ကို လှည့်ကြည့်တဲ့ အချိန်နည်းပါတယ်။ ဒါပေမယ့် ရှေးရိုးဆန်တဲ့ ယောက္ခမတွေနဲ့ တွေ့တဲ့ အခါ အခက်တွေ့တတ်ပါတယ်။ ဒါကြောင့်မို့ အိမ်ထောင်မှုမနိုင်နင်းဘူးလို့အပြောမခံရလေအောင်အိမ်လေးကိုသန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်ထားပါရှုပ်ပွနေအောင်လုပ်ထားရင် ယောက္ခမတွေဆီက အမှတ်လျော့ပါတယ်။

 

 

Credit;Marry

Read times Last modified on Wednesday, 19 September 2018 10:33
Rate this item
(5 votes)