ချစ်သူမိန်းကလေးကငုံထားမတတ်အချစ်ခံရတဲ့ကိုကိုတွေမရှိဘူးမထင်ပါနဲ့

ချစ်သူမိန်းကလေးကငုံထားမတတ်အချစ်ခံရတဲ့ကိုကိုတွေမရှိဘူးမထင်ပါနဲ့ google

ယောင်္ကျားလေးတွေလည်း တစ်ခါတစ်လေမှာ အချစ်ခံပုဂ္ဂိုလ် ထဲမှာပါပါတယ် နော်....

 

တစ်ချို့ ကောင်မလေးတွေက သူတို့ထက်အသက်ကြီးတဲ့ကိုကိုတွေနဲ့ချစ်သူဖြစ်တဲ့အခါ နွဲ့ဆိုးလည်းဆိုးသလို တုန်တက်နေအောင်လည်း ချစ်တတ်ကြပါတယ်။


ကိုယ်ကအသက်ကြီးတဲ့ယောင်္ကျားလေးဖြစ်လို့ အချစ်မခံရပဲချစ်ပဲချစ်နေရမယ်ဆိုတဲ့ ခေတ်က ကြာခဲ့ပါပြီ။ အခုခေတ်ကြီးထဲမှာ ကိုကိုတွေကို ပိုင်ဆိုင်ထားပင်မဲ့လည်း ဆိုးရင်းနွဲ့ရင်း နဲ့ချစ်မ၀ဖြစ်နေတဲ့ အချစ်ကြီးကြီး ကောင်မလေးတွေရှိပါတယ်။

 

သူတို့ကိုကို ကို သူများနောက်ပါသွားမှာ ယွစကီးလေးတွေ စနှိုက်လာကြော်မှာတွေကို စိုးရိမ်ပြီး အမြဲသ၀န်တိုတတ်ကြတာလည်းသူတို့ပါပဲ။

 

ကိုယ့်ကိုကို ကဘယ်လိုပဲတည်ငြိမ်နေပါစေ စိတ်ပူတတ်တာကတော့ သူတို့အကျင့်ဖြစ်နေပါပြီ။


နားမလည်တာတွေကို သူတို့ကိုကိုကရှင်းပြတဲ့ အခါ ပြုံးပြုံးလေးနဲ့ တလေးတစားနားထောင်လေ့ရှိတယ်။ သူတို့အပေါ် အမှားထောက်ပြတဲ့အခါဆူလိုက်တဲ့အခါလည်း ကလေးတစ်ယောက်လိုနာကျင်ခံစားရလေ့ရှိကြတာ သိပ်ချစ်တတ်တဲ့ ကလေးမလေးတွေသဘာဝပါ။


သူတို့ရင်ထဲမှာသူတို့ကိုကိုက မဟာတံတိုင်းကြီးတစ်ခုလိုပါပဲ။ မိဘပြီးရင် အားကိုးအားထားချစ်ရတဲ့ ယောင်္ကျားသူတို့ တန်ဖိုးထား ရိုသေ ရတဲ့ ယောင်္ကျားဟာ သူတို့ကိုကိုတွေပါပဲ။

 

တစ်ခါတစ်ခါလည်း ကလေးဆိုး ဆိုးတတ်ကြပင်မဲ့ ဒီလိုဆိုးတာလေးတွေကို သူတို့ကိုကိုများငြိုငြင်သွားမလားဆိုပြီး တစ်ဖက်ကလည်း ကျိတ်စိတ်ပူနေတတ်ကြတာသူတို့ပါပဲ။

 

အသက်ရွယ်ဘယ်လောက်ပဲကြီးသွားသွား မိန်းကလေးဆိုတာ သူတို့တကယ်ချစ်ရသူနဲ့ပတ်သတ်လာရင် တစ်ခါတစ်ရံအတွေးတွေက ကလေးဆန်တတ်လို့နားလည်ပေးဖို့တော့လိုပါတယ်။


အခုလက်ရှိ ညီမလေးတွေနဲ့ချစ်သူဖြစ်နေကြတဲ့ကိုကိုတွေထဲမှာရော ဒီလိုကိုယ့်အပေါ် အချစ်ကြီးတတ်တဲ့ကောင်မလေးမျိုးကို ပိုင်ဆိုင်ထားရပြီလား…..

 

source : Trend

Read times Last modified on Monday, 04 February 2019 17:18
Rate this item
(2 votes)