အချုပ်ခန်းနဲ့အိမ်မှားတဲ့ အရက်သမားက လူမိုက်ဖိုးတေကို သူ့မိန်းမအထင်နဲ့ ……

အချုပ်ခန်းနဲ့အိမ်မှားတဲ့ အရက်သမားက လူမိုက်ဖိုးတေကို သူ့မိန်းမအထင်နဲ့ …… google.com

ညတစ်ညမှာ အရက်သမား တစ်​​ယောက် ဟာ အရက် အရမ်းမူးပြီး အိမ် မပြန်တတ်ပဲ ရွာ လည်​​နေပါတယ်

 

ဒိုးခ ဘဲကွာ –

ငါ အိမ်ကို ဘယ်လို ပြန်ရမလဲ မသိတော့ဝူး အေ့ – ”

 

အရက်သမားက ယိုင်တိ ယိုင်တိုင်ဖြင့် လျှောက်လာရင်း ရဲစခန်ရှေ့သို ရောက်လာတယ်

 

ရဲစခန်ရှေ့မှ “ကူညီပါရစေ” ဆိုင်းဘုတ်အား မြင်သွားတဲ့အခါ

 

ဟား အတော်ပဲ  ကူညီပါရစေတဲ့ ဝင်ပြီး အကူအညီ တောင်းကြည့်မှ ”

 

အရက်သမားက ရဲစခန်း အတွင်းသို့ ယိုင်တိ ယိုင်တိုင်ဖြင့် ဝင်လာပြီး အရင်ဆုံးတွေ့တဲ့ ရဲသားကို ပြောလိုက်တယ်​။

 

ဟျောင့် – ငါ လမ်ပျောက်​​ နေလို့ကွာ -အဲ့ဒါ -ငါ့အိမ်ကို လိုက်ပို့ ပေးစမ်းပါ ”

 

ရဲသားက ဘာမှ ပြန်ပြောပဲ စခန်းမှုးအား

 

ဘယ်လိုလဲ ဆရာ ”

 

ဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ လှမ်းကြည့်တယ်

 

စခန်းမှူးက ဘာမျ ပြန်ပြောပဲ

 

အချုပ်ထဲ ထည့်ထားလိုက်

 

ဆိုတဲ့ သဘောဖြင့် အတွင်းဘက်သို့ လက်ဖြင့် ညွန်ပြလိုက်တယ်

 

ဒါနဲ့ ရဲသားလည်

 

လာ လာ ခင်​​ဗျား အိမ်ကို လိုက်ပို့ပေးမယ်

 

ရဲသားက ပြောပြီး အရက်သမားအား တွဲ၍ အချုပ်ခန်းသို့ ခေါ်သွားတယ်

 

ပြီးလျင် အချုပ်ခန်း တံခါးအား ဖွင့်၍

 

ကဲ ရောက်ပြီ ဒါ ခင်​​ဗျား အိမ်ပဲ

 

အရက်သမားက

 

ဟားး ငါ့အိမ်က နီးနီးလေးပဲကို အဟားဟား အေးအေး ကျေးဇူးပဲကွာ

 

နေအုံး နေအုံး အေ့ .. မင်း မုန့်ဖိုး ယူသွားလိုက်အုံး ”

 

အရက်သမားက အိတ်ကပ်ထဲမှ ငါးရာတန် တစ်ရွက်ကို ထုတ်ပြီး ရဲသားအား ပေးလိုက်တယ်။ ရဲသားက လျင်မြန်စွာ “ဖတ် ကနဲ ယူလိုက်ပြီး အရက်သမားအား အချုပ်ခန်းထဲ ထည့်၍ ထွက်သွားတယ်။

 

အရက်သမားက အချုပ်ခန်းတွင်ရောက်​​သော်

 

မိန်းမရေ အချစ်​​ရေ ကိုယ်ပြန်လာပြီလေ

 

အချုပ်ခန်းထဲမှာတော့ အရင်ရောက်ရှိနေတဲ့ ရပ်ကွက် လူမိုက် ဖိုးတေက ဘေးတစောင်လေး အိပ်ပြီး အိပ်​​မော ကျနေတယ် ဒါကို မြင်သွားတဲ့ အရက်သမားက ကြည့်ပီး

 

အံမယ်  ငါ့မိန်းမတောင်  ငါ့ကို စောင့်ရင်း အိပ်​​ပျော်​​နေပါလား ”

 

မိန်းမရေ ချစ်​​လေးရေ  ပူတူတူးလေးရေ  အိပ်​​နေပြီလား ဝေ အေ့

 

အရက်သမားက ပြောရင်းနဲ့ ဘေးတစောင်းလေး အိပ်​​နေတဲ့ ဖိုးတေရဲ့နောက်ကနေ ဝင်အိပ်ပြီး ဖိုးတေကို ခွပြီး ဖက်ထား လိုက်တယ်။ ဖိုးတေက အနည်းငယ် တွန့်သွားရုံက လွဲလို့ မနိုးပဲ ဆက်အိပ်​​နေတယ်

 

အရက်သမားကလည် ဖိုးတေကို သူ့မိန်းမ အမှတ်နဲ့ ပွတ်သပ်​​နေတယ် ပြီးတော့ စိတ်ပါလာတာနဲ့ ဖိုးတေရဲ့ နားရွက်ကို လျှာလေးနဲ့ ထိုးပြီး ကလိ နေပြန်တယ်

 

ဖိုးတေကလည်တော်​​တော် အအိပ်ကြီးပုံ ရပါတယ် ယားပြီး ခဏ တွန့်ရုံက လွဲလို့ မနိုးပြန်ဘူး။

 

နောက်​​တော့ အရက်သမားက ဖိုးတေရဲ့ ရင်ဘတ်ကို သွားစမ်း ကြည့်ပြီး အံ့သြသွားတယ်

 

ဟင် — ငါ့ မိန်းမ ရင်သားတွေက ပြားချပ်​​နေပါလား – ဘယ်​​ရောက် ကုန်ပါလိမ်

 

ဟာ- မဟုတ်​​သေး ပါဘူး – သေချာအောင် အင်္ကျီချွတ်ပြီး စမ်းကြည့်မှ ”

 

အရက်သမားက ဖိုးတေကို ပက်လက် ဆွဲ လှန်လိုက်ပြီး အပေါ်က တက်ခွလို့.. ဖိုးတေရဲ့ အင်္ကျီ ကြယ်သီးကို ဖြုတ်ပါတော့တယ်

 

ဒီတော့မှ လူမိုက် ဖိုးတေက နိုးလာပြီး သူ့ကို အပေါ်က ခွပြီး အက်ျင်္ီ ချွတ်​​နေတဲ့ အရက်သမား ကိုလည်း မြင်​​ရော လန့်သွားပြီး

 

ဟာ –ဟေ့လူ -ခင်​​ဗျား ခင်​​ဗျား –ဒါ ဘာလုပ်တာလဲ – သွားစမ်း သွားစမ်း ”

 

လူမိုက်ဖိုးတေက အရက်သမားကို သူ့ ကိုယ်​​ပေါ်က တွန်းချပြီးကြယ်သီး ပြုတ်​​နေတဲ့ သူရင်ဘတ်ကို အလျင်အမြန် ဖုန်းအုပ်လို့ အချုပ်ခန်ထောင်လေးကို နောက်ဆုတ်နောက်ဆုတ်နဲ့ ကပ်သွားတယ်

 

ဖိုးတေရဲ့ ကြောက်လန် နေတဲ့ ပုံကို ကြည့်ပြီး အရက်သမားက သူ မှားသွားပြီ ဆိုတဲ့ အတွေးနဲ့ သူ့နဖူးကို သူရိုက်လိုက်ပြီး ဤသို့ ပြောလိုက် ပါတော့တယ်

 

ဟိုက် သေစမ်

 

ငါ ခယ်မ အခန်းထဲ မှားဝင်မိ ပါရော့လား ” တဲ့

 

 

Credit: လူချွန်​​တော်

Read times Last modified on Wednesday, 19 September 2018 10:44
Rate this item
(2 votes)
Tagged under