ကြာသပတေးသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း...
ကြာသပတေးသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း... google
ကြာသပတေးသားသမီးများ
ကြာသပတေးသားသမီးများ ယခုလ အချိန်မဖြုန်းသင့်သောကာလဖြစ်သည်။ အလုပ်အကိုင်တွေအလွန် အကောင်းဘက်သို့ ရှိနေပါသည်။
အောက်လက်ငယ်သားကိုလည်းမျက်နှာသာ မပေးပါနှင့်။သင့်ကို ဒုက္ခပေးတတ်ပါသည်။စိတ်ကူးဉာဏ်ပေါ်သလောက် လက်တွေ့အကောင့်အထည်ဖော်ဆောင်ရွက်ပါ။
လုပ်ငန်းသစ်စတင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများကိုစုံစမ်းလျှောက်ထားခြင်း၊ အင်တာဗျူ ဝင်တိုကောင်း၏။အောင်မြင်မည်။ လာဘ်ငွေကြေးအစုလိုက်အပုံလိုက်ရခြင်း၊
ငွေကြေးကံ အထူးကောင်းနေပြီး ငွေကြေးကိစ္စများမိမိရည်မှန်းထားတာထက် ပိုမိုအောင်မြင်လိမ့်မည်။
လူချစ်လူခင်ကတော့ အလွန်များပါတယ်။ စန်းလဲအလွန်ပွင့်နေပါလိမ့်မည်။
အိမ်သို့အတောင်ပေါက်သော သတ္တဝါဝင်လာတက်၏။ဝင်လျှင် နမိတ်ကောင်း၏။
ပညာရေးမှာတော့ ကောင်းနေပါသည်။ ပညာရေးကံ ကြိုးစားပါ အကောင်းဆုံးကာလပါပဲ။ ပြည်တွင်းပြည်ပခရီးကိစ္စမှာလည်း ကောင်းပါသည်။အထူးအားဖြင့် အသီးအနှံလုပ်ငန်းနှင့် အသီးအနှံဆေးဝါး
ရောင်းဝယ်လုပ်ငန်း၊ မီးသွေး၊ဂတ်မီးဖိုလုပ်ငန်း၊ရွှေဆိုင်လုပ်ငန်း၊ စိန်လုပ်ငန်း၊ စက်ယာဉ်လုပ်ငန်း၊ စက်မှုလုပ်ငန်းဆိုင်ရာလုပ်ငန်းများ အကျိုးမြတ်ရရှိမယ်။
ဗုဒ္ဓဟူးသားသမီးများ အကျိုးမပေးအပြင်"ယရလဝ"နာမည်ပါသူများ ငွေပေးချေးငြား၊ မိမိအလုပ်ပရော့ဂျက် ဖိုင်များယုံကြည်စွာမအပ်နှင့်။
ထို့နောက်အပြင် မိမိ၏အရင်က ရန်ငြိုးရန်ကြွေးရှိသူ မိတ်ဆွေဟောင်းတွေအမျိုးတော်သူဖြစ်၍မိမိဘဝကို အစမပေါ်နိုင်အောင် ဒုက္ခပေးရန် အကြံအစည်းများရှိတတ်ပြီး
မိမိကိုယ်တိုင်လည်အနည်းရိပ်မိပြီးးယုံကြည်မှုများ၍ သိသိနဲ့ အသိသတိနှင့် အမှားတစ်ခုရင်ဆိုင်ရလိမ့်မည်။
အချစ်ရေးနှင့်အိမ်ထောင်ရေး - အချစ်ရေးမှာလည်း ကြည်နူးပျော်ရွှင်ရပါလိမ့်မည်။
ချစ်သူနှင့်သော်လည်း မိသာစုအသိုင်းဖြစ်လည်း စိတ်ဘောထားသူ လက်ခံ အတူတကွပျော်ရွင်စွာ ခရီး၊ဘုရားဖူးသွားတတ်သည်။
အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေးသုခ အပြည့်အဝရရှိလိမ့်မည်။
အိမ်ထောင်ဘက် ရာထူး ဂုဏ်ထူး များ တိုးခြင်းခံရမည်။မိသားစုတွေ ပြန်လည်ဆုံဆည်းခွင့်ကြုံတွေ့ရမည်။
ဆွေမျိုးသားချင်းတို့၏ ကူညီမစခံရခြင်းခံရမည်။ခြေနှစ်ချောင်းဝင်ကိန်းရှိ၊ဆွေမျိုးဘက်က အမျိုးထဲက
ကလေးမွေးစားကိန်းကြုံတွေ့ရမည်။အိမ်ဆောက်၊အိမ်ပြောင်း နေရာအလုပ်ပြောင်းခြင်း ရှောင်ပါ။
ဤလ အထူး ၁၃ရက်ကနေ့ ၁၉ရက်အတွင်း ကိုယ်ပိုင်အလုပ်များ စားသောက်ကုန်၊ ငွေဝန်ဆောင်မှုလုပ်ငန်း၊
အလုပ်အော်ဒါတွေများပြီး မအားလပ်နိုင်အောင်ဖြစ်ရတတ်ပါတယ်။ ထို့ပြင် အလုပ်အကိုင်မှာ စိတ်အနှောက်ယှက်တော့ကြုံတွေ့ရမည်။
အထူး ကျောက်လောကသားများ ကျောက်နှင့်ပတ်သက်ပြီးစကားပြောအငြင်းအခုံပြုရသလိုမိမိကိုလည့်စား
ရှောင်ပြေးခြင်းကြုံတွေ့ရတတ်သည်မို သတိထားပါ။
အထူးသဖြင့် ၅၊၁၄၊၂၃/၇၊၁၆၊၂၅/၈၊၁၇၊၂၆ ရက်မွေးဖွားသူများ နှင့် အသက် ၁၄နှစ်၊ ၁၆၊၁၇နှစ်၊ ၂၃နှစ်၊၂၅နှစ်၊၂၆နှစ်
ထိုနှစ်များ ငယ်ရွယ်သူများအဖို့ အချစ်ရေးတွင် လမ်းခွဲရလောက်အောင် ပြသနာဖြစ်ရတတ်သော ကာလဖြစ်သည်။
အချစ်ရေးမှာ အပြောအဆိုလေးတွေသတိထားရလိမ့်မယ်။
လူငယ်၊လူရွယ်တွေအနေနဲ့ စီးပွားတွက်နေသူတွေကချစ်သူကြောင့့််စိတ်ညစ်ရမယ်။ ချစ်သူကိုအချိန်ပေးဖို့ထက်
ငွေနောက်ပဲလိုက်နေပါလိမ့်မယ်။ အချစ်ကိစ္စတွေရှုပ်ထွေးမှုတွေဖြစ်နိုင်ပါတယ်။ ချစ်သူကို နှုတ်မဆက်ဘဲရုတ်တရက်လမ်းခွဲရခြင်းမျိုးကြုံရတတ်ပါသည်။
ကျန်းမာရေး အလွန်ညံ့နေတတ်သည်။ အလုပ်အကိုင်တွေ၊အင်တာဗျူး ၊ ပြည်ပခရီး ကြန့်ကြာခြင်းနှင့် ပညာရေး
ဆိုင်ရာကိစ္စများ မပြောင်းချင်သောနေရာ တာဝန်ထမ်းခြင်း၊ အဆင်မပြေမှု ကြုံတွေ့ရမည်။
ကျန်ရက် မွေးဖွားသူများ နှင့် အသက်ပိုင်းတွေက ကံအသင့်တင့်ကောင်းပါတယ်။
ကျန်းမာရေး ဆီး၊ အစာမှားဆေးမှား၊ သွေးနှင့်ပက်သက်သောရောဂါဝေဒနာများဖြစ်ပွားတတ်သည်။
သတိထားသင့်။
ကြာသပတေးသားသမီးများ ယခုလ သတိထားသင့်
အချက်ကတော့ငွေကြေးများနှင့်ပတ်သက်ပြီး စနေ၊ကြာသပတေး၊ ရာဟုသားသမီးများနှင့် ရင်းနှီးမြှုပ်နှံပူပေါင်းလုပ်ခြင်းနဲ့ ငွေပေးလွယ်၊ ငွေကြေးများအချေးအငှားမလုပ်သင့်ပေ။
ဝန်ထမ်းလောက လုပ်ကိုင်နေပါက မိမိဆုံးဖြတ်ချက်ကိုဦးစားပေး လုပ်ကိုင်ရန် အကြံပြုပါသည်။
၁၃၈၁-ခု တပို့တွဲလဆုတ်(၅)ရက် ကြာသပတေးနေ့ရက်ရာဇာ ပဉ္စင်းခံ၊ စေ့စပ်၊ လက်ထပ်၊ မြေသန့်
မင်္ဂလာ၊ နာမည်မှည့်၊ ဆေးခန်းဖွင့်၊ အစုရှယ်ယာဝင်ခြင်း၊ကြေးသွန်းလောင်းခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်းတို့ကောင်း၏။(တနင်္ဂနွေဂြိဟ် ညစက်၇နာရီ၁၀မိနစ်လွန် ကုမ်ရာသီပြောင်း
ဖြစ်၍ ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်မင်္ဂလာအခါရ၍အိမ်ဆောက်၊ အိမ်တက်မင်္ဂလာအခါရှောင်ရန်)
၁၃၈၁-ခု တပို့တွဲလဆုတ်(၁၂)ရက် ကြာသပတေးနေ့ ရက်ရာဇာ ဘုရားတည်၊ စေတီပုထိုးပြုပြင်ခြင်း၊
ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထပ်၊ ဝိဝါဟမင်္ဂလာနံနက်(၁၀း၂၀)နာရီ၊ ပန္နက်ရိုက်၊ တိုင်ထူ၊ အုတ်မြစ်ချ
လှေကားတင်၊ အိမ်ပြောင်း၊ ဆိုင်သစ်ဖွင့်ခြင်း၊ ဧည့်ခန်းပွဲစတင်ခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်း၊ ယာဉ်ကားဝယ်
ယူခြင်း တို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုလတွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် တောင်အရပ်မျက်နှာမှုကာနှင်းဆီးပန်း(၅)ပွင့်ဘုရားလှူ ပြီးသွား၊
နို့နှစ်ရောင်၊ အဝါရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြု နိုင်သည်။
ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေကတော့
(၁၇) ရက်နေ့ ညနေ ၃း၂၂ မတိုင်မီ ခရီးသွားကောင်း၏။
(၂ဝ,၂၇) ရက်နေ့ တနေ့လုံး ခရီးသွားမကောင်းပါ။
အကျိုးပေးဂဏန်း - (၂.၈.၆)
အကျိုးပေးအရပ် - မြောက်
အကျိုးမပေးရှောင်ရန်အရပ် - တောင်
ယတြာ - နို့နှစ်ရောင်၊ အဝါရောင်ဝတ်ဆင်ပြီး ကြာသပတေး
ဂြိဟ် ဘုရားမှာ တောင်အရပ်မျက်နှာမှုကာ နှင်းဆီးပန်း(၅)ပွင့်ဘုရားလှူ ပြီး လိုရာဆုတောင်းပါ။
ငါးအစာကျွေး ကုသိုလ်ပြုပါ။
Airtickietng/Airline ကုမ္ပဏီ (866)ခုကို သိရှိလိုပါက နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
ကြာသပတေးသားသမီးများ