ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ ရာသီခွင် (4) ခု

ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ ရာသီခွင် (4) ခု google

ဂရုမစိုက်ခြင်းဆိုတာကလည်း လူတိုင်းလုပ်နိုင်တဲ့အရာမဟုတ်ပါဘူးနော်။ တော်တော်ကို စိတ်ဓာတ်ကြံ့ခိုင်ပြီး ဆုံးဖြတ်ချက်ခိုင်မာတဲ့သူမှ လုပ်နိုင်တာမျိုးပါ။ခုဖော်ပြပေးမှာကတော့ ကိုယ်မှန်နေရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ ရာသီခွင်တွေပဲဖြစ်ပါတယ်။


သင်ရောပါလား ကြည့်လိုက်ပါနော်။

 

(၁) Taurus (April 20 – May 21)

 

Taurus တွေဟာ တစ်ယောက်တည်း သီးသန့်နေတတ်သူတွေဖြစ်ပါတယ်။ တစ်ယောက်တည်း အေးအေးဆေးဆေးနေတတ်တဲ့သူတွေ ဖြစ်သလို ကိုယ်ပိုင်စတိုင်နဲ့လှုပ်ရှားတတ်တဲ့သူတွေ ဖြစ်တယ်။

 

သူတို့မှန်တယ်ထင်လို့ လုပ်လိုက်တဲ့အရာတစ်ခုခုကို ပတ်ဝန်းကျင်ကဘယ်လိုပဲ ဝေဖန်နေပါစေ ဂရုမစိုက်တတ်တဲ့သူတွေဖြစ်တယ်။

 

(၂) Leo (July 23 – August 23)

 

Leo တွေဟာ အရမ်းမာနကြီးကြပါတယ်။ သူတို့ရဲ့ မာနနဲ့ပတ်သက်လာရင် ဘာမဆိုလုပ်ဖို့ ဝန်လေးတတ်တဲ့သူတွေမဟုတ်ပါဘူး။ သူတို့ဖက်ကမှန်နေရင် ဘယ်တော့မှ အလျှော့ပေးမယ့်သူတွေ မဟုတ်သလို၊ ဂရုလည်းစိုက်နေမှာ မဟုတ်ဘူး။

 

(၃) Scorpio (October 23 – November 22)

 

Scorpio တွေကတော့ ရာသီခွင်တွေထဲမှာ ခေါင်းအမာဆုံး ရာသီခွင်တွေဖြစ်ပါတယ်။ သူတို့မလုပ်ချင်တာကို အတင်းအကျပ်ခိုင်းလို့မရသလို၊ လုပ်ချင်ပြီဆိုရင်လည်း တားလို့မရပါဘူး။

 

ဒါကြောင့် သူတို့ဟာ သူတို့မှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တာ အထူးအဆန်းကြီးတော့ မဟုတ်ဘူးနော်။

 

(၄) Aries (March 20 – April 20)

 

Aries တွေကတော့ ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ ပြန်ပြင်တတ်တဲ့သူတွေမဟုတ်ပါဘူး။ တစ်ယောက်ယောက်က ပြောလိုက်လို့ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို ပြောင်းလိုက်ရမှာလောက် သူတို့အတွက် ခံပြင်းစရာကောင်းတာ မရှိပါဘူး။

 

ဒါကြောင့် ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်တတ်တာ မဆန်းဘူးနော်။

 

 

Zawgyi ဖြင့်ဖတ်ရန်...

 


 

 


 

(၁) Taurus (April 20 – May 21)

 


 

 


 

(၂) Leo (July 23 – August 23)

 


 


 


 


 


 


 


 

Myanmar Wedding Guide

 

jjjj

Read times Last modified on Wednesday, 19 February 2020 16:32
Rate this item
(0 votes)
Tagged under