ကိုယ်ချစ်သူ့ ကောင်မလေးကို ချစ်သူများနေ့မှာ ဘာပေးရင် ကောင်းမလဲ?

ကိုယ်ချစ်သူ့ ကောင်မလေးကို ချစ်သူများနေ့မှာ ဘာပေးရင် ကောင်းမလဲ? google.com

အကယ်၍ ကိုယ်ချစ်သူ့ ကောင်မလေး (သို့) ကိုယ့်အမျိုးသမီးက ဒီနှစ် ချစ်သူများနေ့မှာ ဘာမှဝယ်မပေးနဲ့နော်၊ ပိုက်ဆံကုန်ပါတယ် ပြောသော်ငြားလည်း သူတို့ သင်ဆီက ချစ်သူများနေ့မှာ ကဒ်ပြားလေးဖြစ်စေ၊ ပန်းစည်းဖြစ်စေ၊ လက်ဆောင်လေး တစ်ခုခုတော့ မျှော်လင့်နေမှာ အမှန်ပါပဲ။


ချစ်သူ့ ကောင်မလေး (သို့) အမျိုးသမီးကို ပေးရန် လက်ဆောင် အိုင်ဒီယာ:

 

၁။ ပန်းစည်း – နှင်းဆီ အနီရဲရဲလေး ပန်းစည်း (သို့) သစ်ခွပန်းစည်း (ကြိုအော်ဒါမှာထားဖို့တော့ လိုမယ်နော်)

 

၂။ သကြားလုံး – ချစ်သူများနေ့ကို ကိုယ်စားပြုတဲ့ အသဲပုံဗူးနဲ့ သကြားလုံးများ (ဆိုင်တိုင်းလိုလိုမှာ ၀ယ်လို့ရပါတယ်)

 

၃။ လက်ဝတ်ရတနာ – ဒီတစ်ခုကတော့ ကိုယ်ချစ်သူကို ဘယ်လိုမှ စိတ်ပျက်စေမှာ မဟုတ်ပါဘူး

 

၎။ မိမိကြိုက်နှစ်သက်တဲ့ သီချင်း – ဒါကတော့ လူတိုင်းတတ်နိုင်ပါတယ်

 

၅။ လက်ရေးနဲ့ ရေးထားသော ကဒ်ပြား – အဓိပ္ပါယ် ဖော်ကျူးနိုင်ဆုံး အရာပါ။ ကိုယ်သူမကို ဘယ်လောက်  ချစ်တယ်ဆိုတာ စာနဲ့ ချရေးလိုက်ပါ။ ဒီအတွက် ငွေကုန်ကြေးကျ မများပါဘူး။

 

၆။ စိတ်ကူးယဉ်ဆန်တဲ့ ညစာ – ကိုယ်တိုင် အိမ်မှာ ပြင်ဆင်တာ (သို့) ဆိုင်တစ်ခုခုမှာ စီစဉ်ထားပါ။

 

ရ။ မှတ်စု စာအုပ် – သင်တို့ ချစ်သူ နှစ်ဦးရဲ့ ဓာတ်ပုံတွေကို စုစည်းပြီ သင်တို့ ချစ်သူ နှစ်ဦးရဲ့ အမှတ်ရတွေကို စာအုပ် တစ်အုပ်ပြုလုပ်ပါ။

 

၈။ နှလုံးသားထိသွားမယ့် အရာ – အသဲပုံ စက္ကူတွေကို ဖြတ်ပြီ သူမ အခန်း (သို့) ကား တစ်ခုလုံး အနှံ့ လိုက်ကပ်ထားပါ။ ပိုပြီး စိတ်ကူးကွန့်မြူးချင်ရင်တော့ အသဲပုံတစ်ခုခြင်းဆီမှာ သူမကို ဘာလို့ချစ်တာလည်း ဆိုတာ လိုက်ရေးထားပါ။

 

၉။ ၀က်ဝံရုပ် – ဒါကတော့ လူတိုင်း ပေးနေကျပါ။

 

၁၀။ သင်ရဲ့ အချိန် – ချစ်သူများနေ့မှာ သင်ရဲ့ အချိန်တွေကို သူမနဲ့ တူတူကုန်ဆုံးရင်၊ သူမကို သင်ဘယ်လောက် ချစ်တယ်ဆိုတာကို ပြောပြပေးပါ။

 

၁၁။ ဓာတ်ပုံ – သူမရဲ့ ကျောင်းသူဘ၀က အစ ဓာတ်ပုံ စုစည်းပြီ ဗီဒီယို လေးတစ်ခုလုပ်ကာ သူမအကြိုက်ဆုံး သီချင်းလေးကို နောက်ခံ ထားထားပါ။ မိမိ ပုံဖော်နိုင်သလို၊ Photoshop နဲ့ဖြစ်စေ သူမ ဓာတ်ပုံတွေကို အသဲပုံလေးတွေ ပုံဖော်၊ ရယ်စရာပုံလေး ပုံဖော်ထားနိုင်ပါတယ်။ သင်ရဲ့ မျက်နှာကိုလည်း ဖြတ်ညှပ်ကပ်လုပ်ပြီး သူမ ဓာတ်ပုံဘေးမှာ ထည့်ပြီးချစ်စရာအသွင် ပြုလုပ်ပါ။ မိန်းခလေး တွေက ဖြတ်ထိုးဥာဏ်ကောင်းတဲ့ ကောင်လေးတွေကို ပိုလို့ ချစ်တတ်ပါတယ်။

 

Credit: Wutyee Food House

Read times Last modified on Wednesday, 19 September 2018 14:43
Rate this item
(1 Vote)