LDRSတွေကြားမှာရှိတတ်တဲ့အထင်လွဲမှုပြဿနာတွေအတွက်အရေးကြီးတဲ့အချက်(၅)ချက်

LDRSတွေကြားမှာရှိတတ်တဲ့အထင်လွဲမှုပြဿနာတွေအတွက်အရေးကြီးတဲ့အချက်(၅)ချက် google.com

ဘဝဆိုတာပန်းခင်းတဲ့မွေ့ယာတစ်ခုမဟုတ်ပါဘူး။ ခက်ခဲတဲ့အချိုးအကွေ့တွေမြောက်များစွာကို ဖြတ်သန်းရင်းပိုသန်မာလာရတာမျိုးပါ။

 

အရာရာကိုယ့်စိတ်တိုင်းကျမဖြစ်နိုင်တဲ့လောကကြီးမှာ ကိုယ်ချစ်တဲ့သူတွေနဲ့အတူတူနေခွင့်ရဖို့ဆိုတာကလည်း ဆန္ဒရှိတိုင်းဖြစ်ချင်မှဖြစ်မှာပါ။အဲ့ဒါကြောင့် ချစ်ရက်နဲ့ဝေးနေရတဲ့ချစ်သူစုံတွဲတွေကြားမှာ ဒီလိုမျိုးလေးတွေရှိတတ်တာကပုံမှန်ပါပဲနော်။

 

 

() ယုံကြည်မှု

 

မမြင်ရမတွေ့ရနိုင်တဲ့ကိုယ့်မျက်ကွယ်မှာရှိနေပါတယ်ဆိုမှ ဘယ်လိုလုပ်ယုံကြည်ဖို့လွယ်ပါ့မလဲနော်။ ဒါပေမဲ့လည်းသင့်ချစ်သူအကြောင်းကို သင့်အနေနဲ့အတော်အတန်နားလည်ပြီးသားဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်မယုံမကြည်ဖြစ်နေတတ်တဲ့ စိတ်တွေကြောင့် အချင်းချင်းပိုပြီးတော့ဝေးကွာမသွားစေပါနဲ့နော်။

 

 

() ဆက်သွယ်ဖို့ကြိုးစားခြင်း

 

ဝေးကွာနေပါတယ်ဆိုမှဆက်သွယ်မှုပြတ်တောက်နေမယ်ဆိုရင် ပိုပြီးတောင်ဝေးကွာတယ် လို့ခံစားရစေမှာပါ။အဲ့ဒါကြောင့် နေ့တိုင်းတွေ့မြင်နေရတာမျိုးမရှိဘူးဆိုပေမဲ့ ဖုန်းထဲ၊အွန်လိုင်းကနေ ဂရုစိုက်မှုလေးတွေက သင်တို့ရဲ့အချစ်ကနွေးထွေးတယ်လို့ခံစားရစေမှာပါ။

 

 

 

() အလေးအနက်ထားမှု

 

အရမ်းအရမ်းကိုအရေးကြီးတဲ့အချက်ကတော့တစ်ယောက်နဲ့တစ်ယောက်အလေးအနက်ထားမှုပါပဲနော်။ဝေးကွာနေတယ်ဆိုပေမဲ့ကိုယ့်အတွက်အရမ်းကိုအရေးကြီးတဲ့သူတစ်ယောက်ပါလို့ခံစားစေနိုင်တာ မျိုးပါ။ရိုမန်တစ်ဆန်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာနေနဲ့မဟုတ်ဘဲ အလေးအနက်တန်ဖိုးထားမှုတွေကနေ ပေးစွမ်းနိုင်တာလည်းဖြစ်ပါတယ်။

 

 

() ရိုးသားမှု

 

မမြင်ကွယ်ရာမှာရှိနေတာကြောင့်အတွေးတွေများနေနိုင်တယ်ဆိုပေမဲ့သံသယစိတ်တွေကိုလျှော့ချပြီး တတ်နိုင်သလောက်နားလည်မှုကြီးကြီးထားဖို့ကြိုးစားရမှာပါပဲ။သင်အရမ်းချစ်ရတဲ့လူအတွက် အရိုးသားဆုံးဆက်ဆံပြီးသူ့ဘက်ကိုလည်းသံသယမများဖို့ကြိုးစားရမှာပါ။ဒီအချက်ဟာခက်ခဲတယ်ဆိုပေမဲ့ လိုက်နာသင့်တဲ့အချက်ပါပဲ။

 

 

() ပွင့်လင်းမှု

 

နောက်ထပ်အရေးကြီးဆုံးအချက်တစ်ချက်ကတော့ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်း ပြောဖို့ပါပဲ။ဒီလိုဝေးကွာနေတဲ့ ချစ်သူစုံတွဲတွေဟာ ဘယ်လောက်အထိသတိရလွမ်းဆွတ်နေကြောင်းကို မပြောဖြစ်ကြတာများပါတယ်။

 

သင့် relationship နဲ့ပက်သက်ပြီးစိုးရိမ်ကြောင့်ကြမနေပါနဲ့နော်။ဝေးကွာနေတယ်ဆိုပေမဲ့ အချစ်စစ်ကြောင့်သင်တို့ရဲ့ရေရှည်ဆက်ဆံရေးကို ကောင်းကောင်းထိန်းချုပ်လို့ရနိုင်မှာပါ။

 

 

Credit;we.com.mm

Read times Last modified on Tuesday, 16 October 2018 15:58
Rate this item
(1 Vote)