ကိုယ့်ချစ်သူဆီမှ ကြားချင်တဲ့စကားများ

ကိုယ့်ချစ်သူဆီမှ ကြားချင်တဲ့စကားများ google.com

ငယ်ရွယ်သူတွေ အရွယ်ရောက်တဲ့အချိန်မှာတော့ ကိုယ်ချစ်တဲ့သူကို ရှာကြပါတယ်။

ကောင်လေးတွေအနေနဲ့ ကိုယ့်ချစ်သူထံကနေ ကြားချင်နေတဲ့ စကားမျိုးတွေ ရှိတတ်ပါတယ်။


ဒီလိုစကားတွေပြောဖို့ ရည်းစားစဖြစ်ခါစ အချိန်ကနေ အိမ်ထောင်ကျပြီးသွားတဲ့အထိ လိုအပ်ပါတယ်။ ဘယ်လိုမျိုးပြောလဲဆိုတာကိုတော့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ကြည့်ကောင်းခြင်း


ကောင်လေးတွေကလည်း ကောင်မလေးတွေလိုပဲ စိတ်မလုံခြုံမှု ခံစားရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကောင်မလေးက ကိုယ့်ကို ပြောသည်ဖြစ်စေ၊ မပြောပဲထားသည်ဖြစ်စေ သူတို့ဝတ်ထားတဲ့ ရှပ်နဲ့လိုက်ရဲ့လား၊ ခန္ဓာကိုယ်ကောဘယ်လိုနေလဲ ကြည့်ရဆိုးနေသလားဆိုတာ သိချင်ကြပါတယ်။


ထို့ကြောင့် ကိုယ့်ချစ်သူဆီက သူတို့ကြားချင်တာ သူတို့ဘယ်လိုနေသလဲဆိုတာပါ။


ကိုယ့်ဘက်ကလည်း အဆင်ပြေတယ်လို့ ခံစားရတိုင်း ဒီနေ့ အရမ်းကြည့်ကောင်းတာပဲ၊ ချစ်ဖို့ သိပ်ကောင်းတယ်ဆိုတာမျိုးတွေ ပြောပေးသင့်ပါတယ်။


ဖွင့်ပြောခြင်း


ကောင်လေးတွေဟာ သူတို့ရဲ့ ဘယ်ခန္ဓာကိုယ်အစိတ်ပိုင်းက သူတို့ချစ်သူကို ဆွဲဆောင်တယ်ဆိုတာ သိချင်ပါတယ်။


အထူးသဖြင့် နှုတ်ခမ်းလား၊ ပခုံးတွေလား အစရှိသဖြင့်တွေကို သိချင်ကြပါတယ်။ ထို့ကြောင့် ကိုယ့်ဘက်က သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ပတ်သက်ပြီး ကိုယ်နှစ်သက်တဲ့အရာကို ဖွင့်ပြောပြဖို့ မမေ့ပါနဲ့။


သဘောကျခြင်း


သဘောကျခြင်းဆိုတာကလည်း သူ့ရဲ့အပြုအမူတစ်ခုခုကို ချီးမွမ်းတာပဲဖြစ်ပါတယ်။


ကောင်လေးက ကိုယ့်နောက်ကျောကို ပွတ်သပ်ပေးတဲ့အခါ သဘောကျတာလား၊ ကိုယ်ပခုံးကို ဖွဖွလေး ကိုင်ထားတဲ့အခါ သဘောကျတာလား၊ ကိုယ်ဆံပင်လေးတွေကို ပွတ်သပ်ပေးတဲ့အခါ သဘောကျတာလားဆိုတာကို ထုတ်ပြောဖို့ လိုအပ်ပါတယ်။

 

ကိုယ့်ဘက်က ထုတ်ပြောမှလည်း ကောင်လေးဘက်က စိတ်ချမ်းသာမှုရှိပြီး စိတ်ကျေနပ်သွားမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:01
Rate this item
(1 Vote)